ပြောင်းရွှေ့အိမ်ထောင်စုများအား ထောက်ပံ့ပေးအပ်ပွဲအခမ်းအနား ကျင်းပ

ပြောင်းရွှေ့အိမ်ထောင်စုများအား ထောက်ပံ့ပေးအပ်ပွဲအခမ်းအနား ကျင်းပ - Property News in Myanmar from iMyanmarHouse.com
10 Nov 2017 10:43 am တွင် တင်ခဲ့သည်
2768 ကြိမ် ကြည့်ရှု့ပြီး
နေပြည်တော် ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ တပ်မတော်စစ်သင်္ချိုင်းနယ်နိမိတ် ဧရိယာအတွင်း ပါဝင်နေသော အိမ်ထောင်စု ၅၉ စုအား တပင်ရွှေထီးရပ်ကွက်သို့ ပြောင်းရွှေ့နေရာချထားပေးခဲ့ပြီး အဆိုပါ ပြောင်းရွှေ့အိမ်ထောင်စုများအား ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီတွင် ပုဗ္ဗသီရိမြို့နယ် တပင်ရွှေထီးရပ်ကွက်၌ ကျင်းပသည်။

အခမ်းအနားတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန် ဒေါက်တာ မျိုးအောင်က ယခင်စာရင်းရှိ အိမ်ထောင်စု ၅၉ စုကို နေပြည်တော်စည်ပင်သာ ယာရေးကော်မတီ၏ ချမှတ်ပေးထားသည့် ပေ (၄ဝx၆ဝ) မြေကွက်နှင့်အတူ စနစ်တကျရွှေ့ပြောင်းရာတွင် တရားဝင်ဖြစ်စေရန် အိမ်ထောင်စုဇယား၊ အိမ်ခြံ မြေဂရန်များ၊ နယ်မြေများအတွက် လိုအပ်သည့် အခြားအထောက်အပံ့ပစ္စည်း များကို နေပြည်တော်ကောင်စီနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာနများမှ အပြည့်အစုံကြိုးစားဆောင်ရွက်ထားပြီး ဖြစ်ပါကြောင်း၊ အခြားဆက်လက်ကူညီရမည့် အကူအညီများကိုလည်း နေပြည် တော်ကောင်စီက ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ပြောင်းရွှေ့ရ သည့် အိမ်ထောင်စု ၅၉ စုအနေဖြင့်လည်း များစွာကျေနပ်ဝမ်းသာသည်ဟု သိရှိရ၍ကျေးဇူးတင်ရှိပါကြောင်း၊ အဓိကအချက်တစ်ချက်ဖြစ်သည့် ကျောင်းသား ကျောင်းသူများ၏ ပညာရေးအတွက်လည်း လမ်းပန်းဆက်သွယ်ရေးနှင့် အနီးကပ်ဆုံးနေရာတွင် ရှိသည်ဟုသိရသဖြင့် များစွာဝမ်းမြောက်မိပါကြောင်း ပြောကြားသည်။

ထို့နောက် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်က ရွှေ့ပြောင်းအိမ်ထောင်စုများအား ထောက်ပံ့ ပစ္စည်းပေးအပ်ရခြင်းနှင့်စပ်လျဉ်း၍ပြောကြားပြီး ဥတ္တရခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးသောင်းက အိမ်ထောင်စု ၅၉ စုအား ရွှေ့ပြောင်းနေရာချထားရေး ဆောင်ရွက်ခဲ့မှုအခြေအနေကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန် ဒေါက်တာ မျိုးအောင်၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင် ဦးမင်းသူ၊ ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်၊ နေပြည်တော် ကြက်ခြေနီကြီးကြပ်မှု ကော်မတီ ဥက္ကဋ္ဌ ဦးဇော်အောင်နှင့် အလှူရှင်များက ရွှေ့ပြောင်းအိမ်ထောင်စု ၅၉ စုထံသို့ ထောက်ပံ့ပစ္စည်းများပေးအပ်ပြီး ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့ခြင်းအပေါ် ရွှေ့ပြောင်းအိမ်ထောင်စုများကိုယ်စား ရပ်မိရပ်ဖ ဦးမြင့်မောင်က ကျေးဇူးတင် စကား ပြန်လည်ပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန် ဒေါက်တာမျိုးအောင် နှင့် တာဝန်ရှိသူများသည် ရွှေ့ပြောင်းအိမ်ထောင်စုများ၏ နေအိမ်များကို လိုက်လံကြည့်ရှုပြီး မိသားစုဝင်များနှင့် တွေ့ဆုံသည်။

အဆိုပါ ရွှေ့ပြောင်းအိမ်ထောင်စု ၅၉ စုအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက တစ်အိမ်ထောင်လျှင် လူသုံး ကုန်ပစ္စည်း ၁ဝ မျိုး၊ ခုနစ်ရက်စာ ဆန်ရိက္ခာဖိုးငွေကျပ် ၉၈၄၁ နှင့် အိမ်ဆောက် စရိတ်ငွေကျပ်တစ်သိန်းကိုလည်းကောင်း၊ နေပြည်တော်ကောင်စီက တစ်အိမ် ထောင်လျှင် ငွေကျပ်တစ်သိန်းနှင့် အခြားအိမ်ဆောက်ပစ္စည်း လိုအပ်ချက်များ ကိုလည်းကောင်း၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီက တစ်အိမ် ထောင်လျှင် ဆန်တစ်အိတ်၊ ဆီနှစ်ပိဿာ၊ ဆားနှစ်ပိဿာနှင့် ကုလားပဲငါးပိဿာ ကိုလည်းကောင်း၊ ဇေယျာသီရိမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်နှင့် ဌာနဆိုင် ရာ ဝန်ထမ်းများက တစ်အိမ်ထောင်လျှင် ရေလီတာ၂ဝ ဆံ့ ရေသန့်ဘူးတစ်ဘူး ကိုလည်းကောင်း၊ ဥတ္တရသီရိမြို့နယ် အုပ်ချုပ်ရေးမှူး ဦးညီညီအောင်က တစ်အိမ်ထောင်လျှင် ပလတ်စတစ်ရေပုံးတစ်ပုံးကို လည်းကောင်း၊ တပ်ကုန်းမြို့ နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်က ဆန်ငါးအိတ်၊ ဆီတစ်ပိဿာ ဘူး ၅၉ ဘူးနှင့် ခေါက်ဆွဲခြောက်တစ်ဖာကိုလည်းကောင်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းကShelter Tool Kitနှင့် Hygiene Kit များကိုလည်းကောင်း၊ ဝါးပင်အိမ် လုပ်ငန်းမိသားစုက တစ်အိမ်ထောင်လျှင် ဆန်တစ်အိတ်ကိုလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

Credit: The Mirror

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယ

ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း

ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော

အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န

တရုတ်ပြည်တွင် ဆောက်လုပ်ရေးပစ္စည်းထုတ်လုပ်သော ကုမ္ပဏီတစ်ခုက နှစ်ကုန်ပါတီပွဲတွင် ဝန်ထမ်းများအား ငွေစက္ကူ ရေတွက်ပွဲအဖြစ် ယွ

တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာ

CarsDB
Shwe Moe Kaung

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service