ယခုနှစ် ၂၀၁၇ တတိယသုံးလပတ်မှာတော့ ကမ္ဘာ့ရွှေဝယ်လိုအားဟာ ရှစ်နှစ်တာကာလအတွင်း အနိမ့်ဆုံးနှုန်းထားကို ကျဆင်းသွားခဲ့တယ်လို့ ကမ္ဘာ့ရွှေလုပ်ငန်းကောင်စီ WGC က နိုဝင်ဘာ ၉ ရက်မှာ ထုတ်ပြန်ပြောကြားပါတယ်။
အဆိုပါ ပြီးခဲ့တဲ့ သုံးလပတ်ကာလအတွင်း ရွှေဝယ်လိုအားဟာ ၉ ရာခိုင်နှုန်း ကျဆင်းပြီး တန်ချိန်ပေါင်း ၉၁၅ တန် ရှိခဲ့ကာ ယင်းဟာ ၂၀၀၉ ခုနှစ် တတိယသုံးလပတ်နောက်ပိုင်း အနိမ့်ဆုံးနှုန်းထားဖြစ်တယ်လို့ WGC က ထုတ်ပြန်ပါတယ်။
ဒါ့အပြင် ယခုနှစ် တစ်နှစ်တာ ရွှေဝယ်လိုအားပမာဏကတော့တန်ချိန် ၃,၉၀၀ နဲ့ ၄,၀၀၀ ကြားမျှသာရှိမယ်လို့ WGC က ခန့်မှန်းထားပြီး ယခင်နှစ် ၂၀၁၆ ကတော့ တန်ချိန်ပေါင်း ၄,၃၄၇ ရှိခဲ့တယ်လို့ သိရပါတယ်။
ယင်းအပြင် ရွှေဝယ်ယူသုံးစွဲမှုပိုင်းမှာ တရုတ်နဲ့အတူ ကမ္ဘာ့ဦးဆောင်သူနေရာမှာ ရှိနေတဲ့ အိန္ဒိယရဲ့ ယခုနှစ် ထဲမှာ လျော့ကျသွားဖွယ် ရှိမယ်လို့ ကမ္ဘာ့ရွှေလုပ်ငန်းကောင်စီက ခန့်မှန်းသွားပါသေးတယ်။
အိန္ဒိယအစိုးရအနေနဲ့ ရွှေအရောင်းအ၀ယ်ပိုင်းမှာ ပိုမိုပွင့်လင်းမြင်သာစေရန် လုပ်ဆောင်ထား ခဲ့မှုတွေနဲ့အတူ ကျေးလက်ဒေသတွေကပါ ၀ယ်လိုအားကျဆင်းနေခြင်းကြောင့် ယခုနှစ်အတွင်း ယင်းနိုင်ငံရဲ့ ရွှေဝယ်လိုအား ကျဆင်းဖွယ် ရှိနေတယ်လို့ ခန့်မှန်းထားတာဖြစ်ပါတယ်။
Credit: SFJ Strategy First