ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များတွင် လျှပ်စစ်သုံးစွဲမှုကို မှန်ကန်စွာသိရှိ နိုင်ရန် မီတာဖတ်ဝန်ထမ်းစေလွှတ် ခြင်းအစား Control Center မှ ဖတ်ရှုနိုင်ရန် ဆောင်ရွက်နေပြီဖြစ် ကြောင်း လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက် သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်ကပြောသည်။
နိုဝင်ဘာ ၇ ရက် ရန်ကုန်တိုင်း လွှတ်တော်အစည်းအဝေးတွင် အင်းစိန်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)လွှတ်တော်ကိုယ်စားလှယ်ဦးသာ အောင်၏''ရန်ကုန်တိုင်းဒေသကြီး အတွင်းလျှပ်စစ်မီတာဖတ်ရာတွင် အချိန်မှန်၊ ယူနစ်မှန်ဖတ်ကြားပေး ခြင်းအား စနစ်တကျပြုလုပ်ပေးရန် အစီအစဉ်ရှိ၊မရှိ' 'မေးခွန်းနှင့်ပတ် သက်ပြီး ဝန်ကြီးကအထက်ပါအ တိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။
''မီတာဖတ်ဝန်ထမ်းတွေလည်း ဖတ်စရာမလိုအောင် Control Center ကနေပဲ မီတာဖတ်လို့ရ အောင် မီတာသုံးစွဲသူပုဂ္ဂိုလ်များ ကိုယ်တိုင်လည်း မိမိတို့သုံးစွဲထားတဲ့ မီတာယူနစ်ကိုကိုယ်တိုင်လည်း ဖတ်လို့ရမယ့်စနစ်ကို အခုပြောင်းလဲပြီးတော့ ဆောင်ရွက်လျက်ရှိပါ ကြောင်း လဲလှယ်တပ်ဆင်ဆောင် ရွက်နေမှုများပြုလုပ်လျက်ရှိပါ ကြောင်း ဖြေကြားအပ်ပါတယ်''ဟု ဝန်ကြီးကပြောသည်။
လျှပ်စစ်သုံးစွဲမှုမီတာယူနစ်များအား လစဉ်ပုံမှန်ဖတ်ရှုနိုင်ရန် လစဉ် ၁ ရက်နေ့မှ ၅ ရက်အတွင်း ရပ်ကွက်အလိုက်စနစ်တကျမီတာ ဖတ်ရှုရန် ညွှန်ကြားထားပြီး မီတာဖတ်မည့်ရက်ကိုလည်း သတင်းစာတွင်ဖော်ပြပေးသော်လည်း မီတာဖတ်ဝန်ထမ်းများသတ်မှတ်ရက်အတွင်း မီတာဖတ်ရာ၌ အိမ်တံခါးပိတ် ထားခြင်းနှင့်ခြံတံခါးပိတ်ထားခြင်း များကြောင့် ခန့်မှန်းတွက်ချက်သည့် အတွက် သုံးစွဲယူနစ်အမှန်မရရှိ ကြောင်း ယင်းအပြင်မီတာဖတ်ဝန် ထမ်းအချို့၏ မရိုးသားမှုများရှိတတ်သည့်အတွက် ၄င်းဖြစ်စဉ်များမပေါ် ပေါက်ရန်နှင့် မီတာဖတ်မှုတိကျမှန် ကန်စေရေး၊ မီတာဖတ်ဝန်ထမ်းများ နှင့်မီတာသုံးစွဲသူများအကြား ပြဿနာများမဖြစ်ပေါ်စေရန် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ ယခင်မီတာများအစား Digital Remote Control ဖြင့် ပေ ၁ဝဝ အကွာအဝေးမှ မီတာဖတ် နိုင်သည့် OMR မီတာမီတာများ လဲလှယ်တပ်ဆင်ခြင်းကိုဆောင် ရွက်နေပြီး နောင်တွင်အထက်ဖော် ပြပါအတိုင်း မီတာဖတ်ဝန်ထမ်း မလိုဘဲ Control Center မှ ဖတ်ရှုနိုင်မည့်စနစ်ကို စတင်လျက်ရှိ ကြောင်း ဝန်ကြီးကပြောသည်။
''ရန်ကုန်တိုင်းအတွင်းမှာ မီတာ ပေါင်းတစ်သန်းကျော်ရှိတဲ့အထဲမှာ ငါးသိန်းလောက်ကို ကျွန်မတို့ OMR မီတာတွေ တော့လဲလှယ် တပ်ဆင်ပြီးဖြစ်ပါတယ်''ဟု ဒေါ်နီ လာကျော်ကပြောသည်။ ယင်း Control Center မှ မီတာဖတ်သည့်စနစ်ကို ဒေါပုံမြို့နယ် တွင် ပိုင်းလော့ပရောဂျက်ဖြင့် စတင်ဆောင်ရွက်နေကြောင်း ၄င်း ကပြောသည်။
''ယူနစ်ပုံမှန် ၂ဝဝ ခန့်ပုံမှန် သုံးစွဲနေတဲ့အိမ်ကိုလစဉ်သေချာ စွာမဖတ်ဘဲ၊ မှန်းပြီးပထမလမှာ ယူနစ် ၈ဝ ဖတ်ပြီး ဒုတိယလမှာ ၃၂ဝ ယူနစ်ဖတ်လို့ရှိရင် စုစုပေါင်း ယူနစ်တူညီပေမယ့်လို့ငွေပေးချေ မှုများကပုံသေမဖြစ်တဲ့အတွက် ကြောင့် သုံးစွဲသူဘက်ကတွက်ချက် ရင်နစ်နာတာကိုတွေ့ရပါတယ်''ဟု အင်းစိန်မြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁) လွှတ်တော်ကိုယ်စား လှယ်ဦးသာအောင်က ပြောသည်။
ယင်းအပြင်လူမနေသည့် အိမ် များ၊ တိုက်ခန်းများနှင့်ဆောက် လက်စအိမ်များတွင် လျှပ်စစ်သုံးစွဲ မှုမရှိဘဲ ယခင်ကသုံးစွဲခဲ့သည့်နှုန်းအတိုင်း နှစ်လသုံးလတိုင်အောင် ဆက်လက်မီတာတက်နေသည် ကိုလည်းတွေ့ရှိရကြောင်း ၄င်းက ပြောသည်။
Credit: DemocracyToday