မန္တလေးမြို့ အိမ်ခြံမြေဈေးကွက်မှာ အရောင်း သာများပြီး အဝယ်နည်းနေတယ် လို့ အိမ်ခြံမြေ အကျိုးဆောင်တချို့ဆီက သိရပါတယ်။
မြို့နယ်တိုင်းမှာ အရောင်းတွေသာ ရှိနေပြီး အခွန်ကြောင့် အဝယ် နည်းပါးနေတယ်လို့ အိမ်ခြံမြေပွဲစား တစ်ဦးက ဆိုပါတယ်။
“သင်ပန်းကုန်း ရပ်ကွက်မှာ ဆို ရင် အဝယ်အေးနေတာတော်တော် ကြာပြီ၊ အရောင်းတွေပဲ ရှိတယ်၊ အခွန်ဈေးတွေကတက်တော့ မြေဝယ်တွေက မလိုက်တော့ဘူး”လို့ အိမ်ခြံမြေ ပွဲစားတစ်ဦးဖြစ်တဲ့ ဒေါ်စန်းမြင့်က ပြောပါတယ်။
အိမ်ခြံမြေ ရောင်းဝယ်ခွန်က ၁၀ဝ ကို၃၀ ရာခိုင်နှုန်းပေးဆောင်ရ တာဖြစ်ပါတယ်။ ပြည်ကြီးတံခွန် မြို့နယ်၊ သင်ပန်းကုန်းရပ်ကွက်မှာတော့ပေ၃၀ x ပေ၄၀ မြေတစ်ကွက်ကို ကျပ်သိန်း ၄၀ဝ ကျပ်ဝန်းကျင်ခန့်ရှိပြီး တချို့က တစ်ခြမ်းပိုင်းကာ ၁၅ပျေပေ ၄၀ မြေ ကွက်ကို သိန်း ၁၅၀၊၂၀ဝနဲ့ရောင်းချကြပါတယ်။ အရောင်းများပေမဲ့ အဝယ်က တော့ မရှိသလောက် နည်းပြီး အငှားတော့ သွက်တယ်လို့ သိရ တယ်။
“၁၅ ပေ ပတ်လည် အိမ်လုံးချင်းလေးတွေတော့ အငှားတွေ ပြည့်နေတယ်၊ တစ်လကို ၆၀,ဝ၀ဝ ကျပ်တို့ ၇၀,ဝ၀ဝ ကျပ်တို့နဲ့ နှစ်ချုပ် ငှားရတယ်၊ စပေါ်ငွေ တစ်နှစ်စာ တင်ရတယ်”လို့ ဒေါ်စန်းမြင့်က ရှင်းပြပါတယ်။
မန္တလေးမြို့ တချို့နေရာတွေမှာတော့ မြေကွက်တွေကို ဈေး လျှော့ပြီး ရောင်းကြသလို ညှိနှိုင်းဈေးတွေနဲ့လည်း ရောင်းချနေကြ တယ်လို့ သိရပါတယ်။
“တချို့က အမြန်ရောင်းချင် တော့ ပေးဈေးနဲ့ ခေါ်ဈေးကွာတာတောင် ညှိနှိုင်းဈေးနဲ့ ရောင်းကြတယ်”လို့ ဝသုနြေ္ဒအိမ်ခြံမြေ အ ကျိုးဆောင်လုပ်ငန်းက ကိုမျိုးမြင့်က ပြောပါတယ်။
အိမ်ခြံမြေအရောင်းအဝယ်တွေ အေးနေပေမဲ့ စက်မှုဇုန်က ဂိုဒေါင်တွေကတော့ ယခုရက်ပိုင်းနိုင်ငံခြားသား လုပ်ငန်းရှင်တချို့ အငှားသွက်တယ်လို့ သိရတယ်။
“ဂိုဒေါင်နှစ်ရှည်ငှားတဲ့ နိုင်ငံခြားသား (တရုတ်) လုပ်ငန်းရှင်တွေ ဝင်တယ်၊ ဒါပေမဲ့ အငှားက မလုံလောက်ဘူး၊နောက်ဆောက်ထားတဲ့ဂိုဒေါင်တွေက လမ်းမကောင်းဘူး၊ မီးမရှိဘူး၊ ဒါပေမဲ့ နိုင်ငံခြားသား အငှားဝင်တယ်ဆိုတော့ မဆိုးပါဘူး၊ အခွန်လဲရတယ်၊ လုပ်ငန်းလဲ မပြတ်သွားဘူးပေါ့” လို့ ကိုမျိုး မြင့်က ပြောပါတယ်။
Credit: The Modern