တရုတ်စီးပွားရေးလုပ်ငန်းရှင်များအပါအ၀င် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် ကချင်ပြည်နယ် တွင် စက်မှုဇုန်များအကောင်အ ထည်ဖော်ရန် စီစဉ်မည်ဟု ကချင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်က ပြောကြားသည်။
ပြည်နယ်အတွင်းရှိ ဒေသခံ များ အလုပ်အကိုင်ရရှိရေးနှင့် စီး ပွားရေးတိုးတက်လာစေရေး က ချင်ပြည်နယ် ၀ိုင်းမော်မြို့တွင် စက်မှုဇုန်သုံးခုကို အကောင်အ ထည်ဖော်ရန် စီစဉ်ထားကြောင်း ၎င်းကပြောသည်။
‘‘နှစ်ဖက်အကျိုးရှိမယ့် ရင်းနှီးမြှုပ်နှံမှုတွေဆိုရင် ၀မ်းမြောက်ဝမ်းသာနဲ့ကြိုဆိုပါမယ်’’ ဟု ၀န်ကြီးချုပ်ဒေါက်တာခက်အောင်က ပြောသည်။
ရင်းနှီးမြှုပ်နှံသူနှင့် ဒေသခံ ပြည်သူများ အကျိုးရှိနိုင်မည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ လာ ရောက်ရန် ပြည်နယ်အစိုးရ အဖွဲ့က မျှော်လင့်နေကြောင်း၎င်းကပြောသည်။
ကချင်ပြည်နယ်တွင် စက်မှုဇုန်များ အကောင်အထည်ဖော် မည့် အစီအစဉ်ကို တရုတ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များက ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားနေ
သည်။
ကချင်ပြည်နယ်တွင် စက်မှု ဇုန်များ အကောင်အထည်ဖော် မည်ဆိုပါက အဓိကလိုအပ်ချက် သည်လျှပ်စစ်ဓာတ်အားနှင့် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်စွာ တည်ဆောက်နိုင်မှုက အဓိကကျကြောင်း ကချင်ပြည်နယ်မှ ပို့ကုန်သွင်းကုန်စီးပွားရေးလုပ်ငန်းရှင် တစ်ဦးက ပြောသည်။
ထို့အပြင် မြန်မာ၊ တရုတ် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး တွင် တစ်ရက်လျှင် ကန်ဒေါ်လာ ငါးသိန်းကျော်ကုန်သွယ်နေသည့် လွယ်ဂျယ်နှင့်တစ်ရက်လျှင် ကန် ဒေါ်လာသုံးသိန်းခန့်ကုန်သွယ်နေ သည့်ကန်ပိုက်တီးကုန်သွယ်ရေး ဂိတ်များကလည်း ကချင်ပြည်နယ် ၌ ရှိနေသည်။
နှစ်နိုင်ငံနယ်စပ်ကုန်သွယ် ရေးတွင် ၂၀၁၇-၁၈ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ အောက်တိုဘာ ၂၇ ရက်အထိ လွယ်ဂျယ်ကုန်သွယ် ရေးစခန်းမှ ကန်ဒေါ်လာ ၁၀၄ သန်းကျော်နှင့်ကန်ပိုက်တီးကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ ၅၉ သန်းကျော် ကုန်သွယ်ထားသည်။
Credit: 7Daydaily