လီကာရှင်းက ဟောင်ကောင်ရှိ ၇၃ ထပ် မိုးမျှော်တိုက်ကြီးကို တရုတ်ပြည်မကြီး စွမ်းအင်ကုမ္ပဏီထံ ကန်ဒေါ်လာ ၅ ဘီလီယံကျော်ဖြင့် အပြီးသတ်ရောင်းချလိုက်ပြီ

လီကာရှင်းက ဟောင်ကောင်ရှိ ၇၃ ထပ် မိုးမျှော်တိုက်ကြီးကို တရုတ်ပြည်မကြီး စွမ်းအင်ကုမ္ပဏီထံ ကန်ဒေါ်လာ ၅ ဘီလီယံကျော်ဖြင့် အပြီးသတ်ရောင်းချလိုက်ပြီ - Property News in Myanmar from iMyanmarHouse.com
8 Nov 2017 11:39 am တွင် တင်ခဲ့သည်
5428 ကြိမ် ကြည့်ရှု့ပြီး
ဟောင်ကောင်၏ အချမ်းသာဆုံးသူဌေးကြီးဖြစ်သော လီကာရှင်းသည် ဟောင်ကောင်တွင် အမြင့်မားဆုံးအဆောက်အအုံများ၌ တစ်ခုအပါအဝင်ဖြစ်ကာ ၎င်းပိုင်ဆိုင်သမျှတွင် တန်ဖိုးအကြီးဆုံးဖြစ်သော ၇၃ ထပ် မိုးမျှော်တိုက်ကြီးကို တရုတ်ပြည်မကြီး စွမ်းအင်ကုမ္ပဏီထံ ကန်ဒေါ်လာ ၅ ဘီလီယံကျော်ဖြင့် အပြီးသတ်ရောင်းချလိုက်ပြီဖြစ်သည်။

တရုတ်နိုင်ငံ ပီကင်းအခြေစိုက် စွမ်းအင်နှင့် ဓာတုကုမ္ပဏီအုပ်စုတစ်ခုဦးဆောင်ကာ ဝယ်ယူသွားခြင်းဖြစ်ပြီး ဟောင်ကောင်မှ ရင်းနှီးမြှုပ်နှံသူများလည်း ပါဝင်သည်ဟု ဆိုသည်။

ယခုအရောင်းအဝယ်သည် ကမ္ဘာပေါ်တွင် တန်ဖိုးအကြီးဆုံး အိမ်ခြံမြေအရောင်းအဝယ်တစ်ခုအဖြစ် စံချိန်တင်ခဲ့သည်။

လီကာရှင်းသည် ယခုရောင်းချလိုက်သည့် The Center မိုးမျှော်တိုက်ကြီးကို ပိုင်ဆိုင်သည့် CK Asset Holdings ၏ ဥက္ကဌလည်း ဖြစ်ပြီး The Center ကို ဟောင်ကောင်ဒေါ်လာ ၄၀ ဒသမ ၂ ဘီလီယံ (ကန်ဒေါ်လာ ၅ ဒသမ ၁၅ ဘီလီယံ) ဖြင့် ရောင်းချလိုက်ခြင်းဖြစ်သည်။

ဦးဆောင်ဝယ်ယူသွားသည်မှာ C.H.M.T. Peaceful Development Asia Property မှ ဖြစ်သည်ဟု ဆိုသည်။
အဆိုပါကုမ္ပဏီ၏ ရှယ်ယာအများစုကို ပိုင်ဆိုင်ထားသည်မှာ ပေကျင်းအခြေစိုက် တရုတ်စွမ်းအင်နှင့် ဓာတုအုပ်စု (CERCG) မှ ဖြစ်ပြီး ရှယ်ယာ ၅၅ ရာခိုင်နှုန်း ပိုင်ဆိုင်ထားကြောင်း အဆိုပါအရောင်းအဝယ်နှင့် နီးစပ်သည့် သတင်းရင်းမြစ်က ဆိုသည်။

“ယခုအရောင်းအဝယ်ကို ကြည့်ခြင်းအားဖြင့် ဟောင်ကောင် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အိမ်ခြံမြေဈေးကွက်က ဝယ်လိုအားရှိနေဆဲဖြစ်ပြီး ဈေးနှုန်းမြင့်မားမှုတွေက ဝယ်လိုအားအပေါ်အကျိုးသက်ရောက်မှု မရှိဘူးဆိုတာ တွေ့ရမှာပါ” ဟု Colliers International မှ အကြံပေးပုဂ္ဂိုလ်၊ Asia Valuation မှ လက်ထောက်မန်နေးဂျင်းဒါရိုက်တာဖြစ်သူ ဗင်းဆင့် ချောင်က ပြောကြားသည်။
လီကာရှင်းသည် လာမည့်နှစ် ဇူလိုင်လ ၂၉ ရက်တွင် အသက် ၉၀ ပြည့်တော့မည်ဖြစ်ပြီး အဆိုပါအဆောက်အအုံကြီးကို ရောင်းချရန် ကြိုးပမ်းနေသည်မှာ တစ်နှစ်ခန့် ကြာခဲ့ပြီဖြစ်သည်။

မူလက ရာဖြတ်တို့ခန့်မှန်းခဲ့သည်မှာ ဟောင်ကောင်ဒေါ်လာ ၃၅ ဘီလီယံခန့်သာ ခန့်မှန်းခဲ့ရာ ယခုအရောင်းအဝယ်ဖြစ်သော ဈေးနှုန်းမှာ ၎င်းတို့ခန့်မှန်းခဲ့သည်ထက်ပင် များပြားနေသည်။

The Center မိုးမျှော်တိုက်ကြီးတွင် ရုံးခန်းနေရာ စတုရန်းပေ ၁ ဒသမ ၂ သန်း၊ လက်လီအရောင်းဆိုင်နေရာ စတုရန်းပေ ၁၃၀၀၀နှင့် ကားအစင်းရေ ၄၀၂ စင်း ရပ်နားနိုင်သည့် ကားပါကင်နေရာတို့ ပါဝင်သည်။
အဆောက်အအုံတစ်ခုလုံးကို steel structure ဖြင့် ဆောက်လုပ်ထားခြင်းဖြစ်ပြီး ၁၉၉၈ ခုနှစ်က ဆောက်လုပ်ပြီးစီးခဲ့ခြင်း ဖြစ်သည်။

လီကာရှင်းသည် ၂၀၁၃ ခုနှစ်မှစတင်ကာ ရှန်ဟိုင်း၊ ဘေကျင်းနှင့် ကွမ်ကျိုးတို့ရှိ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အဆောက်အအုံများကို ရောင်းထုတ်လျက်ရှိရာ ယွမ်ငွေ ၂၀ ဘီလီယံ (ကန်ဒေါ်လာ ၃ ဘီလီယံ) ကျော်ဖိုး ရောင်းချခဲ့ပြီး ဖြစ်သည်။

လီကာရှင်းသည် လုပ်ငန်းနယ်ပယ်မျိုးစုံတွင် လုပ်ငန်းများစွာလုပ်ကိုင်လျက်ရှိသူဖြစ်ပြီး အာရှ၊ ဥရောပနှင့် မြောက်အမေရိကတို့တွင် ကွန်တိန်နာဆိပ်ကမ်းများ၊ တယ်လီဖုန်းကွန်ရက်များ၊ ဓာတ်အားပေးစက်ရုံများ၊ အိမ်ခြံမြေလုပ်ငန်းများ အပါအဝင် အခြားကဏ္ဍများစွာတွင် လုပ်ငန်းများ လည်ပတ်လျက်ရှိသည်။

လီကာရှင်းက The Center မိုးမျှော်တိုက်ကြီးကို ရောင်းချရန် စီစဉ်လျက်ရှိပုံသတင်းကို iMyanmarHouse.com တွင် ရေးသားတင်ပြခဲ့ဖူးပြီး အဆိုပါသတင်းနှင့် ဆက်စပ်ဖတ်ရှုလိုပါက https://www.imyanmarhouse.com/news/read/676197 အင်တာနက်လင့်ခ်တွင် ပြန်လည်ဖတ်ရှုနိုင်ပါသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
လီကာရှင်းက ဟောင်ကောင်ရှိ ၇၃ ထပ် မိုးမျှော်တိုက်ကြီးကို တရုတ်ပြည်မကြီး စွမ်းအင်ကုမ္ပဏီထံ ကန်ဒေါ်လာ ၅ ဘီလီယံကျော်ဖြင့် အပြီးသတ်ရောင်းချလိုက်ပြီ - Property News in Myanmar from iMyanmarHouse.com
လီကာရှင်းက ဟောင်ကောင်ရှိ ၇၃ ထပ် မိုးမျှော်တိုက်ကြီးကို တရုတ်ပြည်မကြီး စွမ်းအင်ကုမ္ပဏီထံ ကန်ဒေါ်လာ ၅ ဘီလီယံကျော်ဖြင့် အပြီးသတ်ရောင်းချလိုက်ပြီ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှ

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေး

ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာ

လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။

CarsDB
CarsDB Showroom Opening

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service