ကချင်မှာ ပထမဆုံး ဖြစ်မယ့် စီးပွားရေးဇုန်မှာ ရင်းနှီးဖို့ တရုတ်စိတ်ဝင်စား

ကချင်မှာ ပထမဆုံး ဖြစ်မယ့် စီးပွားရေးဇုန်မှာ ရင်းနှီးဖို့ တရုတ်စိတ်ဝင်စား - Property News in Myanmar from iMyanmarHouse.com
8 Nov 2017 10:42 am တွင် တင်ခဲ့သည်
1481 ကြိမ် ကြည့်ရှု့ပြီး
မြန်မာနိုင်ငံမှာ ရောက်နေတဲ့ တရုတ် အထူးစီးပွားရေး ကိုယ်စားလှယ်အဖွဲ့က ကချင် ပြည်နယ် အစိုးရနဲ့ မြစ်ကြီးနားမြို့မှာ တွေ့ဆုံပြီး ရင်းနှီးမြုပ်နှံမှု တွေနဲ့ နယ်စပ်ကုန်သွယ်ရေး အခြေအနေတွေကို ဆွေးနွေးခဲ့ကြ ပါတယ်။

အဖွဲ့ဝင် ၁၀ ဦးပါတဲ့ တရုတ် အထူးစီးပွားရေး ကိုယ်စားလှယ် အဖွဲ့နဲ့ တွေ့ဆုံစဉ်မှာ လွယ်ဂျယ်နဲ့ ကန်ပိုက်တီး ဒေသကနေ တရုတ်ဘက်ကို မှောင်ခိုလမ်းကြောင်းကနေ တင်ပို့နေတဲ့ ဆန်တွေကို တရားဝင် ကူးသန်း ရောင်းဝယ်နိုင်ဖို့ ပြည်နယ်အစိုးရက ပြောဆိုခဲ့တယ်လို့ ကချင်ပြည်နယ် အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဦးဒီဆင်ရန်က ပြောပါတယ်။

ကချင် ပြည်နယ်အစိုးရက မြန်မာ ဆန်ကုန်သည်ကြီးတွေရဲ့ ဆုံးရှုံး နစ်နာမှုတွေကို တင်ပြ ပြီး နှစ်နိုင်ငံ အစိုးရ ညှိနှိုင်း အဖြေရှာဖို့ ပြောခဲ့ရာမှာ လောလောဆယ် မြန်မာ့ဆန်ကို တရုတ်ဘက်က ဝယ်ယူတာ မရှိသေးဘဲ တစ်နှစ်ကို ဆန်တန်ချိန် ဘယ်လောက် တရုတ်ကို ပို့မယ်ဆိုတာ နှစ်နိုင်ငံ သဘောတူပြီးမှသာ ဆန်တင်ပို့မှုတွေ တရားဝင် ဖြစ်မယ်လို့ တုံ့ပြန်ကြောင်း သူက ဆိုပါတယ်။

အခု ကချင် ပြည်နယ်ကို လာတဲ့ တရုတ်ကိုယ်စားလှယ်အဖွဲ့မှာတော့ တရုတ်စီးပွားရေး လုပ်ငန်းရှင်တွေ ပါမလာခဲ့တဲ့ အတွက် တရုတ် ကုမ္ပဏီတွေ ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်လို့ သဘောတူတာ မရှိခဲ့ဘူးလို့ ဦးဒီဆင်ရန်က ပြောပါတယ်။

တကယ်တော့ တရုတ်ကုမ္ပဏီ အများစုက မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားနေကြပြီး ကချင်ပြည်နယ် ဝိုင်းမော် ဘက်မှာ လုပ်မယ့် အထူးစီးပွားရေး ဇုန်မှာ ရင်းနှီးမြုပ်နှံဖို့ အဆိုပြုထားတဲ့ တရုတ်ကုမ္ပဏီ တွေလည်း ရှိနေပါတယ်။

တရုတ်နိုင်ငံ ထိန်ချုန်းဘက်က ကုမ္ပဏီတွေက အများဆုံး စိတ်ဝင်စားနေပြီး လောလောဆယ် တရုတ် ကုမ္ပဏီနှစ်ခုနဲ့ ပြောဆိုဆွေးနွေး နေကြောင်းနဲ့ ပြည်ထောင်စု အစိုးရက ဆုံးဖြတ် လုပ်ကိုင်မယ်လို့ ဦးဒီဆင်ရန်က ပြောပါတယ်။

ဝိုင်းမော်ဘက်မှာ လုပ်မယ့် စီးပွားရေးဇုန် စီမံကိန်းဟာ ကချင်ပြည်နယ်အတွက် ပထမဆုံး စီးပွားရေးဇုန် ဖြစ်ပြီး မြေဧက ထောင်နဲ့ ချီ အကျယ်အဝန်းရှိပါလိမ့်မယ်။

စက်ရုံတွေနဲ့ ဟိုတယ်တွေလည်း ပါဝင်မယ့် အဲဒီနေရာဟာ ကုန်သွယ်ရေး
လုပ်ငန်းတွေရဲ့ ဗဟိုအချက်အချာ ဖြစ်လာနိုင်ဖွယ်ရှိပါတယ်။

Credit: BBC

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှ

၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀

တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို သူစိမ်းတစ်ဦးက လူမှားကာ လာရောက်နှုတ်ဆက်ရာ နှစ်ပေါင်း ၃၀ ကွဲကွာနေသော အမြွှာညီအစ်ကိုဖ

ဘီလ်ဂိတ်က အိမ်တွင် သားသမီးများ မရှိတော့ဘဲ တစ်ယောက်တည်း အထီးကျန်နေသော်လည်း ရေချိုးခန်း ၂၄ ခန်းပါ အလွန်ကြီးမားလှသည့် စံအိမ

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်

Royal Theikdi Condo
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service