Expatriates (မိခင်နိုင်ငံတွေကနေ ပြည်ပနိုင်ငံတွေမှာ သွားရောက်အခြေချသူ) တွေအတွက် နေထိုင်ဖို့ စရိတ်စကအကြီးဆုံး
မြို့အဖြစ် စင်ကာပူက လေးနှစ်ဆက်တိုက် ရပ်တည်နေလျက်ရှိကြောင်း Economic Intelligence Unit (EIU) ကနေ ထုတ်ပြန်တဲ့
စစ်တမ်းရလဒ်တွေအရ သိရပါတယ်။
စင်ကာပူရဲ့ နောက်မှာတော့ ဟောင်ကောင်က ဒုတိယနေရာမှာ ရှိနေပြီး ယင်းရဲ့ နောက်မှာတော့ ဇူးရစ်မြို့က တတိယနေရာကနေ
ရပ်တည်နေပါတယ်။ ဒါ့အပြင် ထိပ်ဆုံးစာရင်းထဲမှာ ဂျပန်ရဲ့ တိုကျိုနဲ့ အိုဆာကာတို့လည်း ပြန်လည်ပါဝင်လာခြင်းကြောင့် ယခု ၂၀၁၇ ကမ္ဘာ့နေထိုင်စရိတ်စကအကြီးဆုံး မြို့စာရင်းမှာ ထိပ်ဆုံးဆယ်နေရာမှာ အာရှနိုင်ငံတွေကပဲ တစ်ဝက်လောက်နေရာယူထားတာကို တွေ့ရတယ်လို့ သိရပါတယ်။
" တစ်ကိုယ်ရည် ထိန်းသိမ်းစောင့်ရှောက်မှု၊ အိမ်ထောင်သုံး အသုံးအဆောင်ပစ္စည်းတွေ စတဲ့ အပိုင်းတွေမှာကြည့်ရင်တော့ စင်ကာပူက
တစ်ခြားနိုင်ငံတွေနဲ့ယှဉ်ရင် သိသိသာသာ ဈေးသက်သာတာကိုတွေ့ရပါတယ်၊ ဒါပေမယ့်လည်း ကားတစ်စီး ၀ယ်စီးဖို့အတွက် ကမ္ဘာ့ဈေးအကြီးဆုံးနေရာအဖြစ် ဆက်ရှိနေသလို အ၀တ်အစားတွေ ၀ယ်ဖို့ ကမ္ဘာ့ဒုတိယဈေးအကြီးဆုံးမြို့အဖြစ်လည်း ဆက်ရှိနေပါတယ် " ဆိုပြီး ယင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အစားအသောက်ပိုင်းနဲ့ပတ်သက်လို့ စင်ကာပူရဲ့ နေထိုင်ကုန်ကျစရိတ်ကတော့ ရှန်ဟိုင်းနဲ့ တန်းတူဖြစ်တယ်လို့ သိရပါတယ်။
တစ်ချိန်တည်းမှာပဲ ဆိုးလ်၊ တိုကျိုနဲ့ အိုဆာကာတို့ကတော့ ကမ္ဘာပေါ်မှာ အဓိကစားကုန်တွေ ၀ယ်ဖို့ ဈေးအကြီးဆုံးမြို့
တွေဖြစ်တယ်လို့ သိရပါတယ်။
Credit: CNA