ယခုဘဏ္ဍာနှစ်အတွင်း ကျပ်သိန်း နှစ်သောင်းနှစ်ထောင်ဖြင့်အကောင်အထည်ဖော်မည့်ကညင်ချောင်းစီးပွားရေးဇုန်ကို ပွင့်လင်းရာသီတွင် စတင်မည်ဖြစ်ကြောင်း သိရသည်။
ယခုတွင် ရေထွက်ပစ္စည်းများ၊လယ်ယာထွက်ကုန်များနှင့် မီးဖိုချောင်သုံးပစ္စည်းများကိုတင်ပို့သည့်နေရာတွင် တစ်ဖက်နိုင်ငံဝယ်ယူသူ၏အခြေအနေကိုမှီခိုနေရကြောင်း သိရသည်။
အကယ်၍ထိုစီးပွားရေးဇုန်တွင် လယ်ယာထွက်ကုန်ကြမ်းမှ စားသောက်ကုန်ထုတ်လုပ်ငန်းများ၊ခေတ်မီ သိုလှောင်ရုံများတည်ဆောက်လိုက်လျှင် တန်ဖိုးမြင့်ထုတ်ကုန်မျာမှ ရောင်းချနိုင်မည်ဖြစ်ပြီးဈေးကွက်အားသာချက်ပါရရှိနိုင်မည်ဖြစ်ကြောင်း မောင်တောနယ်စပ်ကုန်သွယ်ရေးကုန်သည်များအသင်းဥက္ကဋ္ဌမှ ပြောကြားကြောင်း သိရသည်။
ယင်းစီးပွားရေးဇုန်သည်မောင်တောမြို့နယ်၏အနောက်မြောက်ဘက်နှစ်မိုင်ခန့်သာကွာဝေးသည့် နတ်မြစ်နှင့်ကညင်ချောင်းဆုံရာအရပ်တွင်သတ်မှတ်ထားပြီး တစ်ဖက်နိုင်ငံဆိပ်ကမ်းနှင့် လေးမိုင်ခန့်သာကွာဝေးကြောင်းသိရသည်။
ထို့ပြင်ဆိပ်ခံတံတားရေစူးနက်သည့်အတွက်တန်ချိန်မြင့်သင်္ဘောများ ၂၄နာရီဆိုက်ကပ်နိုင်ခြင်းကြောင့် မောင်တောဒေသဖွံ့ဖြိုးရေးအတွက် အချက်အချာကျသည့်နေရာလည်းဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။
စီးပွားရေးဇုန်တည်ဆောက်ရေးအတွက်အစိုးရမှ ၆ဝရာခိုင်နှုန်းနှင့် ပုဂ္ဂလိကမှ ၄ဝရာခိုင်နှုန်းကျခံတည်ဆောက်မည်ဖြစ်ပြီး ၂ဝ၁၅-၂ဝ၁၆ဘဏ္ဍာနှစ်မှ စတင်ကာအစိုးရနှင့် ပုဂ္ဂလိကကဏ္ဍမှ
ကျပ်သိန်းတစ်သောင်းဖြင့်စတင်အကောင်အထည်ဖော်ခဲ့ကြောင်းသိရသည်။
လက်ရှိတွင် ကညင်ချောင်းစီးပွားရေးဇုန် အချေချထားသည့် ဧက၅ဝရှိမြေနေရာတွင် ကုန်သိုလှောင်ရုံအနည်းငယ်နှင့် ဆိပ်ခံတံတားနှစ်စင်းတည်ဆောက်ထားပြီးဖြစ်ကြောင်းသိရသည်။
ရခိုင်ပြည်နယ်အတွင်းရှိလုပ်ငန်းရှင်များအပြင် မြန်မာနိုင်ငံအဝန်းရှိ လုပ်ငန်းရှင်များပါ လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ထားကြောင်းသိရသည်။
Credit: Pyi Myanmar