လုပ်ငန်းလုပ် ကိုင်မယ့်သူအများစု ကလောမြို့တွင်းက အိမ်ခြံမြေတွေထက်၊ ကလောအနီး နန်းသဲကျေးရွာက မြေကွက်တွေကို စိတ်ဝင်စား ပြီး အရောင်းအဝယ် ပိုသွက်နေတယ်လို့ အိမ်ခြံမြေလုပ်ငန်းလုပ် ကိုင်နေသူ တွေဆီက
သိရပါတယ်။
နန်းသဲကျေးရွာဟာ ကလော မြို့ရပ်ကွက် (၁၁)အတွင်း ပါဝင်ပြီး ကလောမြို့မဈေးကနေ သွားမယ်ဆိုရင် ၁၅ မိနစ်ခန့်သာ သွားရပြီး ရေနဲ့ လျှပ်စစ်မီးရရှိတဲ့ နေရာ ဖြစ်ပါ တယ်။ ရှုခင်းကောင်း ပြီး မြေကွက် အကျယ်အဝန်းလို သလောက် ဝယ်ယူရရှိနိုင်တာကြောင့် တည်းခို ခန်းတွေ၊ မိုတယ်တွေ၊ ခရီးသွားလုပ်ငန်းလုပ်ကိုင် လိုသူတွေအတွက် အဆင်ပြေတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။
အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်နေတဲ့ ကိုစိုးထွေးက “နိုင်ငံခြားသား ဧည့်သည်တွေက အေးဆေးငြိမ် သက်တဲ့နေရာတွေမှာပဲတည်းခို ကြပြီး အပန်းဖြေချင်တော့ မြို့ထဲမှာ မတည်းချင်ကြတော့ အဲဒီဘက်တွေကို ပိုစိတ်ဝင်စားကြပါ တယ်၊
အရောင်းအဝယ်တွေလဲ ဖြစ် ကြတယ်”လို့ ရှင်းပြပါတယ်။
လက်ရှိ ကတ္တရာလမ်းခင်းနေ ပြီဖြစ်ပြီး မြေကွက်အကျယ်ကို ပေ ၅၀ ပတ်လည်ကနေစပြီး ဧက အ လိုက် ဝယ်ယူလို့ ရနိုင်ပါတယ်။ နေ ရာအလိုက် ပေ ၅၀ ပတ်လည်ကို ကျပ်သိန်း ၂၀ဝ ဝန်းကျင်ကနေ ဝယ်ယူလို့ရပြီး ဧကလိုက်ဝယ်ပါ က ဈေးနှုန်း ပိုမိုသက်သာတယ်လို့ အိမ်ခြံမြေရောင်းဝယ်နေသူတချို့က
ပြောပါတယ်။
စာချုပ်ကို ရပ်ကွက်အုပ်ချုပ် ရေးမှူးရုံးကနေ တစ်ဆင့် စာချုပ် ချုပ်ကြပြီး မြေစာရင်းမှာ ပုံစံ ၁၀၅ ပိုင်ဆိုင်မှုကို နှစ်ပတ်အတွင်း လျှောက်ထားလို့ရနိုင်တယ်လို့ ဆို ပါတယ်။ ကလောမြို့အတွင်းက လိုသလောက်မြေဝယ်ယူလို့ မရသလို မြေနေရာတွေကလည်း ဈေးနှုန်း အလွန်မြင့်နေတာကြောင့် ရှုခင်းကောင်းပြီးမြေကျယ်ကျယ်ဝန်းဝန်း ရရှိနိုင်တဲ့ သည်နေရာကို နေထိုင်လိုသူတချို့ကလည်း လာ ရောက် ဝယ်ယူထားကြတယ်လို့သိရပါတယ်။
လက်ရှိ နန်းသဲကျေးရွာမှာ Kalaw Hill Lodge ဟိုတယ် လည်း ဖွင့်လှစ်ထားပါတယ်။
Credit: The Kumudra