တောင်ကြီးတန်ဆောင်တိုင် လာလည်မယ့် ခရီးသွားဧည့်သည်တွေအတွက် မြို့တွင်းက နေအိမ်တွေမှာ အုပ်စုလိုက် တစ်ရက်ကို ကျပ် ၁၀ဝ,ဝ၀ဝ နှုန်း နဲ့ ငှားရမ်းမှုတွေ များလာတယ် လို့ သိရပါတယ်။
တန်ဆောင်မုန်း အဖိတ်နေ့နဲ့ လပြည့်၊ လပြည့်ကျော် ၁ ရက်နေ့ တွေအထိ ဟိုတယ် တည်းခိုခန်းတွေနဲ့ ဘုန်းကြီးကျောင်းတွေမှာလည်း တည်းခိုသူတွေအပြည့် ဖြစ် နေတာကြောင့် ခရီးသွားဧည့်သည်တွေအတွက် နေအိမ်တွေက အခုလို ငှားရမ်းနေကြတာဖြစ်ပါတယ်။ တည်းခိုသူတွေဟာ စောင်တွေ၊ခြင် ထောင်တွေ၊ ခေါင်းအုံးတွေကို ယူလာရမှာဖြစ်ပြီး ၁၀ ဦးကနေ ၂၀ အထိ တည်းခိုလို့ ရပါတယ်။
မီးပုံးပျံ ကွင်း အနီးနဲ့ ကန်ကြီးရပ်ကွက်မှာလည်း ယာယီတဲတွေနဲ့ ရက်တို ငှားရမ်းမှုတွေ များနေပြီး နေရာအနှံ့ တည်းခိုသူတွေနဲ့ ပြည့်နေကြတယ် လို့ ရပ်ဝေး ဧည့်သည်တွေကိုတည်း ခိုဖို့ နေရာရှာပေးနေတဲ့ တောင်ကြီးမြို့မှ မဆွေအေးကပြောပြပါ တယ်။
သူက “အဓိက ကတော့ မိသား စု လိုက် လာတည်းသူတွေအတွက် ရှာပေးရတာပါ၊ နှစ်ဖက်စလုံး အတွက် တန်တာပေါ့၊ တချို့ဆောက်လက်စတိုက်တွေပါ ရက်တိုငှား ရမ်းလာကြတယ်၊ တည်းစရာမရှိ တော့ ဒီလိုပဲ ရှာကြံတည်းကြရတာ ပေါ့˘လို့ ပြောပါတယ်။
တစ်ထပ်အိမ် ၊ နှစ်ထပ်အိမ်တွေ အများဆုံး ပါဝင်ပြီး ဝါးပြား ရပ်ကွက်၊ ကျောင်းကြီးစု ရပ်ကွက်နဲ့ ကွန်ပျူတာ တက္ကသိုလ်အနီးက နေအိမ်တွေ အများဆုံး ငှားရမ်း နေရတယ်လို့ ဆိုပါတယ်။ တချို့နေအိမ်တွေက စောင်တွေ၊ ခေါင်းအုံးတွေ စီစဉ် ထားပေးကြတာလည်း ရှိပါ တယ်။ အနည်းဆုံး ကျပ် ၅၀,ဝ၀ဝ ကနေ စတင်ငှားရမ်းလို့ရလို့ ဟိုတယ်မှာတည်းတဲ့ တစ်ယောက်စာ ဈေးနှုန်းလောက်သာ ရှိလို့ အဆင် ပြေ ကြတယ်လို့ ဆိုပါတယ်။
သည်လို ငှားရမ်းတဲ့ နေအိမ်တွေက လက်ရှိ လူနေထိုင်နေတဲ့ အိမ်အများစု ဖြစ်ပြီး၊ ရေ၊မီး အစုံအလင်နဲ့ တည်းခိုလို့ရအောင် စီစဉ်ထားပေးတာပါ။ သည်နေရာတွေမှာလည်း လူပြည့် နေတဲ့ အတွက် ရပ်ကွက်အတွင်းက လူနေအိမ်တွေမှာ သည်ရက် ပိုင်း အတွင်း ငှားရမ်းမှုတွေများ ပြားလာတယ်လို့ သိရပါတယ်။ မီးပုံးပျံပွဲကနေ ကက္ကူဘုရား၊ ထမ်စမ်းလှိုင်ဂူ၊ အင်းလေး ၊ကလော၊ ညောင်ရွှေနဲ့ ပင်းတယဘက်ကို ဆက်သွားမယ့် ခရီးသွားသူတွေကလည်း သည်လို လုံးချင်းအိမ်တွေမှာ နေထိုင်တာကို စိတ်ဝင်စားကြတယ်လို့ မန္တလေး မြို့ကနေ လာရောက် တည်းခိုသူ ဦးမောင်ဝင်း က ပြောပါတယ်။
“ ကိုယ်ပိုင်ကားနဲ့ လာကြတာ စောင်တွေ သယ်လာတာ ပေါ့ ၁၀ ယောက်ပါတယ်၊ ငှားခက ကျပ် ၁၀ဝ,ဝ၀ဝ နဲ့ ရတော့ ကျပ် ၁၀,ဝ၀ဝ နှုန်းပဲကျတော့
တန်တယ်လို့  ပြောရမယ်လေ˘ လို့ သူက ဆက်ပြောပါတယ်။
Credit: The Kumudra