မန္တလေးမြို့တွင်း ဧရိယာနှင့် မြို့သစ်များ တွင် အိမ်ခြံမြေရောင်းဝယ်မှုများ အေးနေ ပြီး ချမ်းအေးသာစံမြို့နယ် မြို့တွင်းဧရိယာနှင့် ရတနာပုံဈေးအနီး တိုက်ခန်းများ၊ လုံး ချင်းအိမ်များ ဈေးဆိုင်ဖွင့်လှစ်ရန်၊ ကုမ္ပဏီအရောင်းပြခန်းများ ဖွင့်လှစ်ရန် ငှားရမ်းမှု များလာသည်။
ချမ်းအေးသာစံမြို့နယ် ၇၃ လမ်း ၂၆ လမ်း နှင့် ၃၅ လမ်းကြား၊ ၇၈ လမ်း ၂၆ လမ်းနှင့်၃၈ လမ်းကြားတွင် ဖုန်းအရောင်းဆိုင်၊ အွန်လိုင်းစတိုး၊ ဆိုင်ကယ်အရောင်းပြခန်း၊ယာဉ်အလှဆင်ပစ္စည်း အရောင်းဆိုင် ဖွင့်လိုသူများ ငှားရမ်းမှုများပြီး ပေ ၂ဝ၊ ပေ ၄ဝ အကျယ် တိုက်ခန်းတစ်ခန်း ငှာရမ်းခ ကျပ်၁ဝ သိန်းဝန်းကျင်ရှိပြီး လုံးချင်းအိမ်များတစ်လ ကျပ်သိန်း ၂ဝ ကျော်ရှိကြောင်း အိမ်ခြံမြေ အကျိုးဆောင်များထံမှ သိရ သည်။
မန္တလေး ဆင်ခြေဖုံး ရပ်ကွက်များဖြစ် သော ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်၊ ထွန်တုံးရပ်ကွက်၊ သင်ပန်းကုန်းရပ်ကွက်တို့တွင်လည်းအခြားပြည်နယ်နှင့်တိုင်းဒေသကြီးများမှ မန္တလေးမြို့သို့ လာ
ရောက်၍ စီးပွားလာရှာကြသော မိသားစုများကလည်း လုံးချင်းအိမ်များ ငှားရမ်းမှုများလာရာ မနော်ဟရီလမ်းနှင့် မင်းကြီးရန်နောင်လမ်းကြား ၅၅ လမ်းရှိ လုံးချင်းအိမ်းငှားဈေးများ ကျပ်ငါးသိန်းဝန်ကျင်အထိ ဈေး မြင့်သွားသည်။
ချမ်းမြသာစည်မြို့နယ်ရှိ တန်းဖိုးနည်း အိမ်ရာနှင့် တန်းဖိုးမျှတအိမ်ရာများတွင် လည်း အငှားဈေးကွက် မြင့်တက်လာရာ မြေညီထပ် တစ်လ သုံးသိန်းဝန်းကျင် ဈေးပေါက်လျက်ရှိပြီး စတုတ္ထထပ် ကျပ်တစ်သိန်း ဈေးရှိရာ မိသားစုနည်းသူများ ငှားရမ်းနေ ထိုင်ကြသည်။
မန္တလေးတက္ကသိုလ်အနီး မဟာနွယ်စဉ်ရပ်ကွက်၊ စင်္ကြာနွယ်စဉ်ရပ် ကွက်တို့တွင်လည်း ဘော်ဒါဆောင် ငှားရမ်းခများလည်း ဈေးမြင့်တက်လျက်ရှိပြီး ရေမီးအစုံ နှစ်ယောက်ခန်း တစ်လ ငွေကျပ် ၁၂ဝဝဝဝ၊ စုပေါင်းခန်း တစ်ယောက် ကျပ်
သုံးသောင်းဝန်ကျင်ရှိသည်။ နယ်မှလာ ရောက်၍ မန္တလေးမြို့ရှိ ကုမ္ပဏီ၊ စတိုးဆိုင်လုပ်သူ အမျိုးသမီးများ ငှားရမ်းနေထိုင်ကြ ကြောင်း သိရသည်။
Credit: The Mirror