အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့၊ ဝိတိုရိယနှင့် အဲလ်ဘတ် ပြတိုက်များ အရှေ့ဘက်ရှိ ပနားမားသံရုံးအဆောက်အအုံဟောင်းကို ပေါင် ၇၅ သန်း (ကန်ဒေါ်လာ ၉၈ ဒသမ ၉၉ သန်း) ဖြင့် ရောင်းချရန် အရောင်းဈေးကွက်ဝင်လာသည်။
လန်ဒန်မြို့၏ လူစည်းကားရာ နိုက်ဘရစ်ဂ်ျအရပ်တွင် တည်ရှိပြီး ၁၉၃၀ ပြည့်လွန်ကာလများမှ ၁၉၉၀ ပြည့်လွန်နှောင်းပိုင်း ကာလများအထိ
ပနားမားသံရုံးအဖြစ် အသုံးပြုခဲ့သည်။
၃ ထပ်အဆောက်အအုံဖြစ်ပြီး အုတ်ဖြင့် ဆောက်လုပ်ထားကာ ၁၉၂၈ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။လန်ဒန်တွင် ဈေးဝယ်ထွက်ရာ အချက်အခြာနေရာဖြစ်သည့် Sloane Street နှင့် နီးကပ်စွာတည်ရှိသည်။ပနားမားသံရုံးမှာ
ယခုဖွင့်လှစ်ထားသည့် မေဖဲယားအရပ်သို့ ပြောင်းရွှေ့ခဲ့သည်။
K10 Group developer က စတုရန်းပေ ၁၅၃၀၀ ကျယ်ဝန်းသော အဆောက်အအုံကို ၂၀၁၁ ခုနှစ်တွင် ဝယ်ယူခဲ့ပြီးနောက် ပြုပြင်မွမ်းမံမှုများ ပြုလုပ်လျက်ရှိသည်။
အဆောက်အအုံအတွင်း အိပ်ခန်း ၅ ခန်း၊ ပြင်သစ်ဟန်ပြတင်းပေါက်မြင့်များ၊ လှပစွာမွမ်းမံထားသည့် လသာဆောင်များ၊ ပုံမှန်ထက် နှစ်ဆခန့်မြင့်မားသည့် အဝင်ခန်းမနှင့် ခမ်းနားသောမီးပန်းဆိုင်း၊ ဧည့်ခန်းဆောင် ၃ ခု၊ ကော့တေးလ်ဘားနှင့် ညစာစားခန်းတို့ ပါဝင်သည်။
ရုပ်ရှင်ရုံနှင့် ဝိုင်သိုလှောင်ခန်းတို့လည်း ပါဝင်ပြီး ကျန်းမာရေးလေ့ကျင့်မှုခန်းမ၊ ရေကူးကန်၊ အားကစားခန်းမနှင့် ဝန်ထမ်းဆောင်တို့ ပါဝင်သည့် မြေအောက်ထပ်လည်း ပါဝင်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)