ဗဟိုဘဏ်နှင့် မြန်မာ့ စီးပွားရေးဘဏ်တို့ ပူးပေါင်း၍အခွန်ပေးဆောင်ခြင်းလုပ်ငန်းကို အီလက်ထရွန်နစ်ငွေပေးချေစနစ် ဖြင့် အစားထိုးပြောင်းလဲမည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာနဒုတိယဝန်ကြီး ဦးမောင် မောင်ဝင်းက ပြောသည်။
အီလက်ထရွန်နစ်စနစ်ဖြင့် အခွန်ပေးဆောင်ခြင်းကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တွင် ပထမဆင့်အနေဖြင့် အကောင်အ ထည်ဖော်မည်ဟု ၎င်းက ပြော သည်။ လုပ်ငန်းစဉ်ကို ၂၀၁၈ ဖေဖော်ဝါရီတွင် ရန်ကုန်၌ စတင် မည်ဖြစ်သည်။
အီလက်ထရွန်နစ်စနစ်ဖြင့် အခွန်ပေးဆောင်ခြင်းဆိုသည်မှာ ဗဟိုဘဏ်၏ Customer Credit Transfer လုပ်ငန်းစဉ်ကို အသုံး ပြု၍ Mobile Banking, Mobile Payment, e-payment တို့မှ တစ်ဆင့် ငွေကြေးလွှဲပြောင်းခြင်း ကို ဆိုလိုသည်။
အခွန်ပေးဆောင်သူသည် မည်သည့်ဘဏ်၌မဆို ဖွင့်လှစ် ထားသည့် ငွေစာရင်းကို အသုံး ပြုကာ မြန်မာ့စီးပွားရေးဘဏ်များ တွင် ဖွင့်လှစ်ထားသည့် ပြည်တွင်းအခွန်များဦးစီးဌာန ငွေစာရင်းသို့ လွှဲပြောင်းနိုင်ရန် စီစဉ်ထားသည်။
ပြည်တွင်းဘဏ်များတွင် Mobile Banking, Mobile Pay-ment, e-payment စနစ်တို့ လျှောက်ထား ရယူနိုင်ပြီဖြစ်၍ ဗဟိုဘဏ်နှင့် မြန်မာ့စီးပွားရေး ဘဏ်မှ အခွန်အခကို အွန်လိုင်းက တစ်ဆင့် လက်ခံနိုင်သည့်အခါ အခွန်ထမ်းပြည်သူများ အချိန်တို အတွင်း အခွန်ပေးဆောင်နိုင်မည် ဖြစ်သည်။
ပုံမှန်အားဖြင့် အခွန်အခကို မြန်မာ့စီးပွားရေးဘဏ်ခွဲများတွင် သွားရောက် ပေးဆောင်နေရ သော်လည်း လက်ရှိ၌ သီလဝါ အထူးစီးပွားရေးဇုန်ရှိ စီးပွားရေး လုပ်ငန်းရှင်များကို MPU ကတ်ဖြင့် အခွန်ပေးဆောင်နိုင်ရန် ခွင့်ပြုခဲ့ကြောင်း ၎င်းကပြောသည်။
အလားတူ ပို့ကုန်၊ သွင်းကုန် လုပ်ငန်းများတွင် MPU ကတ်ဖြင့် ငွေပေးချေနိုင်သည့် စနစ်ကို ၂၀၁၇ မေလကစတင်ကာ ရန် ကုန်၊ နေပြည်တော်၊ မူဆယ် ၁၀၅မိုင် ကုန်သွယ်ရေးဇုန်နှင့် မြဝတီကုန်သွယ်ရေးဇုန်တို့၌ ခွင့်ပြုပေးခဲ့ကြောင်း ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင် ထွန်းက ပြောသည်။
Credit: 7Daydaily