၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှစတင်၍ စစ်ကိုင်း တိုင်းဒေသကြီးကလေးမြို့နယ်အ တွင်းရှိ သက်ဆိုင်သည့်ဌာနဆိုင်ရာ များ၏ ထောက်ခံခွင့်ပြုချက်ရရှိသူ များနှင့် နိုင်ငံတော်အတွက် အခွန် ပေးဆောင်သူများသာ သဲကျောက် ထုတ်လုပ် လုပ်ကိုင်ခွင့်တို့ရရှိမည် ဖြစ်ပြီး ထောက်ခံချက်မရရှိသူများ နှင့် အခွန်မဆောင်သူများအား ဥပဒေအရအရေးယူသွားမည်ဖြစ်ကြောင်း ကလေးမြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူး ဦးဝေလွင်ဖြိုးက ပြောကြားသည်။
""ကလေးမြို့နယ်အတွင်းက ဖြတ်သန်းစီးဆင်းတဲ့မြစ်ချောင်းတွေ မှာ ဆောက်လုပ်ရေးလုပ်ငန်းသုံး သဲ ကျောက်ထုတ်လုပ်မယ်ဆိုရင် နိုင်ငံ တော်ကို အခွန်ဆောင်ပြီးမှလုပ်ကိုင် ရမှာဖြစ်သလို၊ ဒေသခံတွေက လုပ် ကိုင်မယ်ဆိုရင်လည်း အစုအဖွဲ့အနေ နဲ့ အခွန်ဆောင်ပြီးမှ လုပ်ကိုင်ရမှာဖြစ် ပါတယ်။ကျွန်တော်တို့မြို့နယ်တာ ဝန်ရှိသူတွေအနေနဲ့ ရေမြစ်ဖြိုးဌာနကမြစ်ချောင်းရေစီး၊ ရေလာကောင်း အောင် ဆောင်ရွက်ရမယ့်နေရာ၊မြစ်ကမ်းပါးတိုက်စားမှုကာကွယ် နိုင်မယ့် နေရာသဲကျောက်တူးဖော် ဖို့ အဆင်ပြေမယ့်နေရာမှာနေရာချထားပေးမှာဖြစ်ပြီးမြေစာရင်းဌာန က လယ်ယာမြေတွေနဲ့ လွတ်ကင်း ကြောင်း ထောက်ခံပေးမှာဖြစ်ပါ တယ်။ မြို့နယ်နဲ့ခရိုင်အဆင့်ခွင့်ပြု ချက်ပေးမှာဖြစ်ပါတယ်။ကျသင့် တဲ့အခွန်ငွေကို နိုင်ငံတော်အတွက် နှစ်စဉ်ဆောင်ပြီးမှ လုပ်ကိုင်ရမှာ ဖြစ်ပါတယ်""ဟု ၄င်းကပြောသည်။
ကလေးဒေသမြစ်ချောင်းများ မှ ထွက်ရှိသည့်သဲကျောက်များကို၊ ချင်းတောင်၊ တမူးနှင့်ကလေးဒေသ ဆောက်လုပ်ရေးလုပ်ငန်းများမှ အများဆုံးဝယ်ယူအသုံးပြုနေသည့် အတွက် ဒေသတွင်းမြစ်ချောင်းများတွင် သဲကျောက်ထုတ်လုပ်ရောင်း ချသူများပြားလာပြီး၊ တရားမဝင် သဲကျောက် ထုတ်လုပ်သူများကြောင့် မြစ်ချောင်းကမ်းပါး၌ အခြေပြု နေထိုင်သည့် ကျေးရွာ၊ လယ်ယာ မြေများပြိုကျပျက်စီးမှုများ မကြာ ခဏဖြစ်ပွားနေသည်။
""သဲကျောက်ထုတ်လုပ်ရေးအ တွက် အောက်တိုဘာလကုန်အထိ ထောက်ခံချက်အပြည့်အစုံနဲ့ လျှောက်ထားတင်ပြလာကြတဲ့ လျှောက်လွှာ တွေမှာ ဆည်ကြီးချောင်းမှာ လုပ် ငန်းရှင် ၂၀၊ ဇီးချောင်းမှာ ၁၅ ဦး နှင့်နေရ ဉ္စရာ၊ မာန်လုံ၊ နန်းကသဲ ချောင်းတို့မှာ ရှစ်ဦးရှိပြီး၊ မြစ်သာ မြစ်အတွင်း သဲကျောက်ထုတ်လုပ် ရေးအတွက် လျှောက်ထားတဲ့လုပ် ငန်းရှင်သုံးဦးကိုတော့ ကန့်ကွက်မှုရှိနေပါတယ် ""ဟု ဦးဝေလွင်ဖြိုး က ဆက်လက်ပြောသည်။
ယခုကဲ့သို့ လိုင်စင်ချပြီး၊စက် ယန္တရားများနှင့် သဲကျောက်ထုတ် လုပ်မည်ဆိုပါက မြစ်ကမ်းပါး၌ တည်ရှိနေသည့် ကျေးရွာများရေ တိုက်စားပျက်စီးမည်ကို ဒေသခံ များက စိုးရိမ်နေကြကြောင်းဒေသ ခံတစ်ဦးထံမှ သိရသည်။
Credit: Democracytoday