ရန်ကုန်စတော့အိတ်ချိန်း တွင် ၂၀၁၇ အောက်တိုဘာအတွင်း ကျပ်တစ်ဘီလီယံဖိုးဖြင့် စတော့ရှယ်ယာ သမိုင်းတစ်လျှောက် အနည်းဆုံးအရောင်းအဝယ်ဖြစ်ခဲ့သည့် ကာလအဖြစ် စံချိန်တင်ခဲ့သည်။
ရန်ကုန်စတော့အိတ်ချိန်း တွင် ယခုနှစ် အောက်တိုဘာ၌ စတော့ရှယ်ယာများ ဈေးကျဆင်း ခဲ့ပြီး ရှယ်ယာ အရောင်းအဝယ် လည်း အနိမ့်ဆုံးသို့ ကျဆင်းခဲ့
ကြောင်း ရန်ကုန်စတော့အိတ်ချိန်း စာရင်းများ၌ ဖော်ပြထားသည်။
ရန်ကုန်စတော့အိတ်ချိန်း တွင် ၂၀၁၇ ဇန်နဝါရီ၌ ကျပ် ၂ ဒသမ ၈ ဘီလီယံ၊ ဖေဖော်ဝါရီ တွင် ကျပ် ၃ ဒသမ ၁ ဘီလီယံ၊ မတ်လတွင် ကျပ် ၃ ဒသမ ၃ ဘီလီယံဖိုး အရောင်းအဝယ်ဖြစ်ခဲ့ပြီး နောက် ရှယ်ယာအရောင်းအဝယ် ဆက်တိုက်ကျဆင်းလာခြင်းဖြစ် သည်။ ၂၀၁၇ စက်တင်ဘာတွင် ကျပ် ၁ ဒသမ ၈ ဘီလီယံဖိုး အ ရောင်းအဝယ်ဖြစ်ခဲ့သည်။
စတော့အိတ်ချိန်းတွင် ရှယ် ယာအရောင်းအဝယ် စတင်ခဲ့ သည့် ၂၀၁၆ မတ်လ၌ ကျပ် ၂၄ ဘီလီယံ အရောင်းအဝယ်ဖြစ်ခဲ့ပြီး တဖြည်းဖြည်းလျော့နည်းလာရာ ၂၀၁၆ နိုဝင်ဘာက ကျပ် ၂ ဒသမ ၂ ဘီလီယံကျော်နှင့် ဒီဇင်ဘာတွင် ကျပ် ၁ ဒသမ ၅ ဘီလီယံကျော် အရောင်းအဝယ် ဖြစ်ခဲ့သည်။ ရန်ကုန်စတော့အိတ်ချိန်းသည် ၂၀၁၆ အတွင်း ကျပ်ဘီလီယံ ၇၀ ကျော် ရှယ်ယာအရောင်းအဝယ် ဖြစ်ခဲ့သည်။
‘‘ပြီးခဲ့တဲ့ လပိုင်းတွေက စာ ရင်းဝင် ကုမ္ပဏီတစ်ခု နုတ်ထွက် မယ်ဆိုတာရယ်၊ နောက်ထပ် ကုမ္ပဏီအသစ်တွေ စာရင်းထပ် မဝင်တာကြောင့်လို့ မြင်တယ်။ ဒါ ကြောင့် စတော့ရှယ်ယာဆိုတာ ကို လူတွေက စိတ်ဝင်စားမှုနည်း လာတာ’’
ဟု FMI ရှယ်ယာပိုင်ရှင် တစ်ဦးက ပြောသည်။
‘‘ရှယ်ယာဈေးကလည်း ကျ တယ်။ အမြတ်ပေးတာလည်း နည်းတယ်။ စတော့ရှယ်ယာဝယ် တဲ့သူက အခုချိန်မှာ အရှုံးတွေပဲ’’ ဟု ရန်ကုန်စတော့
အိတ်ချိန်းတွင် ရှယ်ယာဝယ်ထားသူ တစ်ဦးက ပြောသည်။
ရန်ကုန်စတော့အိတ်ချိန်း တွင် ပထမဦးဆုံးစာရင်းဝင်ခဲ့သည့် FMI ကုမ္ပဏီသည် ၂၀၁၇ ဇန်နဝါရီ ၂ ရက်၌ ရှယ်ယာတစ်စု ကျပ် ၁၄,၀၀၀ ပေါက်ဈေး ရှိခဲ့သော်လည်း အောက်တိုဘာ ၃၁ ရက်တွင် ရှယ်ယာတစ်စု ကျပ် ၁၂,၅၀၀ သာပေါက်ဈေးရှိခဲ့သည်။
သီလဝါ အထူးစီးပွားရေးဇုန် အများပိုင်ကုမ္ပဏီ (MTSH) သည်လည်း ယင်းကာလအတွင်း ရှယ်ယာတစ်စု ပေါက်ဈေး ကျပ် ၄,၅၀၀ မှ ၃,၂၀၀ အထိ ကျဆင်း ခဲ့သည်။
မြန်မာနိုင်ငံသားများ ဘဏ်သည် ရှယ်ယာတစ်စု ပေါက်ဈေး ၉,၆၀၀ မှ ၈,၅၀၀ အထိ ကျဆင်းခဲ့သည်။
Credit: 7Daydaily