ဆောက်လုပ်ရေးကဏ္ဍ ပွင့်လင်းမြင်သာရေးအဖွဲ့ တိုင်းဒေသကြီး အစိုးရနှင့် မိတ်ဆက်

ဆောက်လုပ်ရေးကဏ္ဍ ပွင့်လင်းမြင်သာရေးအဖွဲ့ တိုင်းဒေသကြီး အစိုးရနှင့် မိတ်ဆက် - Property News in Myanmar from iMyanmarHouse.com
2 Nov 2017 12:10 pm တွင် တင်ခဲ့သည်
4990 ကြိမ် ကြည့်ရှု့ပြီး
ဆောက်လုပ်ရေးကဏ္ဍ ပွင့်လင်းမြင်သာမှုရှိစေရန် စိစစ်ခြင်းလုပ်ငန်းများ လုပ်ဆောင်မည့် Construction Sector Transparency Initiative (CoST) အဖွဲ့ကို မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှု အထောက်အကူပြုရေးဌာန
MCRB က ရန်ကုန်တိုင်းဒေသကြီးအစိုးရနှင့် မိတ်ဆက်ပေးခဲ့သည်။

CoST အဖွဲ့မှာ အစိုးရမဟုတ်သော အဖွဲ့အစည်း (အင်န်ဂျီအို)တစ်ခုဖြစ်ပြီး အစိုးရ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် စီးပွားရေးလုပ်ငန်းရှင်များ ပူးပေါင်းဖွဲ့စည်းကာ ဆောက်လုပ်ရေးကဏ္ဍ ပွင့်လင်းမြင်သာမှုရှိစေရန် လုပ်ငန်းများ ဆောင်ရွက်မည့်အဖွဲ့ဖြစ်ကြောင်း တိုင်းအစိုးရကို စတင်မိတ်ဆက်ခဲ့ခြင်းဖြစ်သည်ဟု MCRB စီမံကိန်းနှင့် ဆက်သွယ်ရေးအရာရှိ ဒေါ်ဖြူဖြူဇင်က ပြောသည်။

''နိုင်ငံတစ်ခု ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် ကဏ္ဍတိုင်းမှာ ပွင့်လင်းမြင်သာမှုရှိဖို့ လိုတယ်။ ကိုယ်မလုပ်နိုင်သေးတဲ့ လုပ်ငန်းတစ်ခုကို တခြားတစ်ဖွဲ့က လုပ်နိုင်တယ်ဆိုတဲ့အတွက်ကြောင့် အစိုးရနဲ့ မိတ်ဆက်ပေးတာဖြစ်တယ်။ ဒီလုပ်ငန်းကို
လည်း အစိုးရနဲ့ လုပ်ဖြစ်သွားစေချင်တယ်''ဟု ဒေါ်ဖြူဖြူဇင်က ဆိုသည်။

CoST အဖွဲ့၏ လုပ်ငန်းစဉ်များမှာ အစိုးရက ပြည်သူ့ဘဏ္ဍာငွေဖြင့် ဆောက်လုပ်မည့် စီမံကိန်းများတွင် ပွင့်လင်းမြင်သာမှုရှိစေရန် စတင် တင်ဒါခေါ်ယူချိန်မှစ၍ စစ်ဆေးခြင်း၊ စီမံကိန်းအရည်အသွေး၊ ကုန်ကျစရိတ်တို့စစ်ဆေးခြင်းကို ၄င်းတို့၏သတ်မှတ်ထားသော စံအတိုင်း လုပ်ဆောင်မည်ဖြစ်ပြီး ဆောက်လုပ်ရေးလုပ်ငန်းများကို ပွင့်လင်းမြင်သာမှုရှိစေရန် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ၄င်းကဆိုသည်။

ယင်းလုပ်ငန်းစဉ်နှင့်ပတ်သက်၍ တိုင်းအစိုးရကလည်း စိတ်ဝင်တစားရှိပြီး ယခင်ကပင် လုပ်ဆောင်လိုသည့်လုပ်ငန်းဖြစ်သည်ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြန်လည်ဆွေးနွေးခဲ့ကြောင်းလည်း ၄င်းက ပြန်ပြောပြသည်။

သို့သော် ပထမဆုံးအကြိမ် တွေ့ဆုံခြင်းဖြစ်သည့်အတွက် လုပ်ဆောင်မည့် လုပ်ငန်စဉ် အသေးစိတ်နှင့် မည်သည့်အချိန်တွင် စတင်ပူးပေါင်း အကောင်အထည်ဖော်မည်ကို တိုင်းအစိုးရနှင့် နောက်ထပ်တွေ့ဆုံ ဆွေးနွေးရဦးမည်ဖြစ်ကြောင်း ဒေါ်ဖြူဖြူဇင်က ပြောသည်။

ဆောက်လုပ်ရေးကဏ္ဍ ပွင့်လင်းမြင်သာမှုရှိလာသည့် အခါ အစိုးရ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ပြည်သူလူထုတစ်ရပ်လုံး အကျိုးရှိမည်ဖြစ်ကြောင်း၊ အစိုးရက ရရှိလာသည့် ဘဏ္ဍာငွေများကို ပွင့်လင်းစွာ အသုံးချ နိုင်မည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုများလည်း ပိုမိုဝင်ရောက် လာနိုင်ကြောင်း ဒေါ်ဖြူဖြူဇင်က ပြောသည်။

''စီးပွားရေးလုပ်ငန်းတွေကတော့ တင်ဒါတွေကို လာဘ်မပေးရဘဲနဲ့ ပွင့်လင်းမြင်သာစွာ ယှဉ်ပြိုင်ခွင့်ရမယ်။ ပြည်သူတွေကတော့ ကိုယ်ပေးထားတဲ့ အခွန်တွေက တန်ဖိုးရှိရှိ အသုံးချနိုင်မယ်။ လမ်းတွေ၊ တံတားတွေ ကောင်းသွားရင် ပြည်သူက တိုက်ရိုက်အကျိုးခံစားရတာပေါ့''ဟု ဒေါ်ဖြူဖြူဇင်က ဆိုသည်။

MCRB သည် စီးပွားရေးလုပ်ငန်းများ ပွင့်လင်းမြင်သာမှုရှိမရှိကို လေ့လာသည့်စီမံကိန်းကို လုပ်ဆောင် နေပြီး ရေနံနှင့် ဓာတ်ငွေ့၊ ခရီးသွား စသည့်ကဏ္ဍများကို လေ့လာဆန်းစစ်မှုများလည်း ပြုလုပ်သည်။

Credit: Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ

ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ

တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို သူစိမ်းတစ်ဦးက လူမှားကာ လာရောက်နှုတ်ဆက်ရာ နှစ်ပေါင်း ၃၀ ကွဲကွာနေသော အမြွှာညီအစ်ကိုဖ

၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှ

အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န

စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်

imyanmarmarket
Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service