တောင်ကိုရီးယားဒီဇိုင်နာလေးဦးက အမြစ်သေသွားသောကြောင့် ပြိုလဲတော့ မည့်သက်တမ်းရင့်သစ်ပင်ကြီးများကို အခေါင်းပွလုပ်ကာ အတွင်းတွင် The Monument of Giant အမည်ရှိမိုးမျှော် တိုက်များဆောက်လုပ်မည့်အစီအစဉ်ကို ထုတ်ဖော်တင်ပြခဲ့သည်ဟု သိရသည်။
Ko Jinhyeuk , Cheong Chang won , Cho Kyuhyung နှင့် Choi Sun woong အမည်ရှိဒီဇိုင်နာလေးဦးသည် သဘာလောကကြီးနှင့်လူသားတို့၏ဖွံ့ဖြိုး တိုးတက်လိုစိတ်ပြင်းပြမှုတို့ထိပ်တိုက် တွေ့လာသည့်အခါ လူသားတို့ကြောင့် သစ်ပင်များပျက်စီးရပြီး သဘာဝ၏တုံ့ပြန် မှုကြောင့် ကမ္ဘာအနှံ့တွင် ကပ်ဘေးများ နှင့်ရင်ဆိုင်နေကြရသည်ဟု ဆိုသည်။
သစ်တောပြုန်းတီးခြင်းသည် သဘာဝ ဘေးအန္တရာယ်ဆိုးကြီးများ၏ အကြောင်းရင်းတစ်ခုဖြစ်သည့်အတွက် 2017 eVolvo Skyscraper ပြိုင်ပွဲတွင် ၎င်းတို့ ၏ပရောဂျက်ကို တင်ပြခဲ့ကြခြင်းဖြစ်ပြီး ၎င်းမှာ အမြစ်သေသွားသည့်သစ်ပင်ကြီးများထဲတွင် မိုးမျှော်တိုက်များဆောက်လုပ်ရန် ဖြစ်သည်။
Sequoia သစ်ပင်ကြီးများ သည် ပေ ၃၀၀ ကျော်အထိရှည်လျားတတ် ပြီး အချင်း ၂၆ ပေခန့်ရှိကာ ၎င်းတို့၏အ မြစ်များက မြေကြီးအတွင်းထဲအထိ မနက် သောကြောင့် အမြစ်များပုပ်လာသည်နှင့် လဲကျတတ်သည်။
အတွင်းခေါင်းပေါက် တွင် မိုးမျှော်တိုက်များသာဆောက်လုပ် မည်ဆိုပါက သစ်ပင်ကြီးများလည်းလဲကျတော့မည်မဟုတ်ဘဲ သဘာဝကြီးနှင့်လူ သားတို့လည်း အတူတကွယှဉ်တွဲနေထိုင် နိုင်လိမ့်မည်ဖြစ်သည်။
သစ်ပင်၏အတွင်း မှမိုးမျှော်တိုက်တွင်ထည့်သွင်းတည် ဆောက်မည့်ရှုမျှော်ခင်းကြည့်စင်မြင့်များတွင် လည်း ဓာတ်ခွဲခန်းများ၊ပြခန်းများနှင့်သု တေသနအဖွဲ့ရုံးခန်းများလည်းထားရှိနိုင် လိမ့်မည်ဖြစ်သည်ဟု ဆိုခဲ့ကြကြောင်း သိရသည်။
Credit; Pyi Myanmar