ဆောက်လုပ်ရေး ခေါင်းထောင်လာဖို့ အစိုးရအကူအညီ လိုနေဟုဆို

ဆောက်လုပ်ရေး ခေါင်းထောင်လာဖို့ အစိုးရအကူအညီ လိုနေဟုဆို - Property News in Myanmar from iMyanmarHouse.com
2 Nov 2017 11:57 am တွင် တင်ခဲ့သည်
2785 ကြိမ် ကြည့်ရှု့ပြီး
လက်ရှိအချိန်တွင် ကျဆင်းလျက်ရှိသော ဆောက်လုပ်ရေးကဏ္ဍ ပြန်လည်ကောင်းမွန် ခေါင်းထောင်လာစေရန် ဗဟိုအစိုးရနှင့် ထိုကဏ္ဍ၏အချက်အချာဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီးအစိုးရတို့၏ ကူညီပံ့ပိုးမှုများ လိုအပ်နေ သည်ဟု
ဆောက်လုပ်ရေးလုပ်ငန်းရှင်များက ပြောသည်။

၎င်းတို့ တောင်းဆိုကြသည်မှာ အခွန်နှုန်းထားနှင့် ဘဏ်တိုးနှုန်း ပြင်ဆင်မှုအပါအဝင် မူဝါဒဆိုင်ရာ ပြုပြင် ပြောင်းလဲမှုများဖြစ်သည်။

လက်ရှိ ပေးဆောင်နေရသော အိမ်ခြံမြေဆိုင်ရာ အခွန်နှုန်းထားမှာ အခြားနိုင်ငံများနှင့်ယှဉ်လျှင် များပြားနေသဖြင့် ထိုကိစ္စကို ပြန်လည်စဉ်းစားစေချင်သည်ဟု အမ်ကေတီ (MKT) ဆောက်လုပ်ရေးလုပ်ငန်း၏ ဥက္ကဠ ဦးမျိုးမြင့်က ပြောသည်။

လက်ရှိကောက်ခံနေသော အခွန်နှုန်းထားမှာ ဝင်ငွေ ရလမ်းပြနိုင်သော ငွေဖြူဖြင့် အိမ်ခြံမြေဝယ်လျှင် တံဆိပ်ခေါင်းခွန် လေးရာခိုင်နှုန်းမှအပ အခွန်ဆောင်ရန် မလိုအပ်ဘဲ ရလမ်းမပြနိုင်သော ငွေဆိုလျှင် အိမ်တန်ဖိုး ကျပ်သိန်း ၃ဝဝ အထိဆိုလျှင် အခွန် ၁၅ ရာခိုင်နှုန်း၊ သိန်း ၃ဝဝ အထက်မှ သိန်း ၁,ဝဝဝ အထိဆိုလျှင် အခွန် ၂ဝ ရာခိုင်နှုန်းနှင့် သိန်း ၁,ဝဝဝ အထက်ဆိုလျှင် အခွန် ၃ဝ ရာခိုင်နှုန်း ဝင်ငွေခွန်ပေးဆောင်ရန် သတ်မှတ်ထားသည်။

သို့သော် ကွန်ဒိုကဲ့သို့သော တန်းမြင့်အိမ်ခန်းများ၊ ဈေးကြီးသော အိမ်ခြံမြေများကို ဝယ်ယူသူအများစုသည် ငွေရလမ်းပြနိုင်မှုနည်းသဖြင့် အခွန်ကို ၃ဝ ရာခိုင်နှုန်းဆောင်ကြရခြင်းဖြစ်သည်ဟု ဈေးကွက်အတွင်းမှ သိရသည်။
အခြားတစ်ဖက်တွင်လည်း ထိုကဲ့သို့ ကောက်ခံမှုမှာဖြစ်သင့်သည်ဟု ဆိုသည်များလည်း ရှိနေသည်။

ဒုတိယအချက်အနေဖြင့် ဘဏ်အတိုးနှုန်းကို လျှော့ချပေးစေလိုပြီး ခိုင်မာသော စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နေသူများအတွက် အပေါင်ပစ္စည်းမပေးဘဲ
ချေးငွေရယူနိုင်ခွင့်ရှိစေလိုကြောင်း ဦးမျိုးမြင့်က ပြောသည်။

လက်ရှိတွင် ဗဟိုဘဏ်က အပေါင်ပစ္စည်းမဲ့ ငွေချေးခွင့် ပုဂ္ဂလိကဘဏ်များကို
ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဒုတိယဝန်ကြီး ဦးဆက်အောင်က ပြောကြားထားသော်လည်း ပြည်တွင်းဘဏ်များသည် နည်းပညာဆိုင်ရာ အခက်အခဲများကြောင့် ထိုကိစ္စကို မဆောင်ရွက်နိုင်သေးပေ။

ထိုသို့ဖြစ်နေသောကြောင့် ယင်းကိစ္စကို ဆောင်ရွက် နိုင်သော နိုင်ငံခြားဘဏ်များထံမှ ပြည်တွင်းလုပ်ငန်းရှင် များက ငွေချေးခွင့်ရသင့်ပြီဟုလည်း
ဦးမျိုးမြင့်က ဆိုသည်။

''နိုင်ငံခြားဘဏ်တွေအနေနဲ့ လုပ်ငန်းရှင်တွေကို တိုက်ရိုက်ချေးငွေပေးမယ်ဆိုရင် ကျွန်တော်တို့က ကြိုဆိုတာပေါ့။ အတိုးနှုန်းသက်သာတယ်။ အပေါင်ပစ္စည်းပေးဖို့ မလိုဘူး။ ပြည်တွင်းဘဏ်တွေက နိုင်ငံခြားဘဏ်တွေကို တိုက်ရိုက်ချေးငွေပေးဖို့ ကန့်ကွက်ပြီး သူတို့ဘက်က ငွေကြေးဖောင်းပွမှုများမှာစိုးလို့ အဲဒီလိုမလုပ်ဘူးလို့ ပြောတယ်''ဟု ၄င်းကဆိုသည်။

ဆောက်လုပ်ရေးလုပ်ငန်းအတွက် အစိုးရအနေဖြင့် ဖြစ်သင့်ဖြစ်ထိုက်သည်များကို ဖြေလျှော့ရန်လိုကြောင်း နှစ် ၄ဝ ကျော် အတွေ့အကြုံရှိသော မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းဆိုင်ရာ လုပ်ငန်းရှင်များအသင်းဒုတိယဥက္ကဠ ဦးသာအေးက ပြောသည်။''မူဝါဒနဲ့ပတ်သက်ပြီး မဖြစ်သင့်တာတွေကို ခွင့်မပြုပါနဲ့၊ ဒါပေမဲ့ ဖြစ်သင့်တာတွေကိုတော့ အချိန်မဆွဲဘဲ ခွင့်ပြုစေချင်ပါတယ်။ မလိုအပ်ဘဲ မူဝါဒနဲ့ပတ်သက်ပြီးဆောက်လုပ်ရေးလုပ်ငန်းရှင်တွေအတွက် အချိန်တွေအများကြီး အသုံးပြုရတော့ အဆင်မပြေပါဘူး။ အစိုးရက အပြုသဘောဆောင်ပြီး ဆောင်ရွက်ပေးစေချင်ပါတယ်''ဟု ၄င်းက ပြောသည်။

ဦးမျိုးမြင့်ကလည်း ဆောက်လုပ်ရေးဆိုင်ရာ မြို့တော်စည်ပင်လုပ်ငန်းစဉ်များ မြန်ဆန်စွာ ဆောင်ရွက်ရန် အလွန်လိုအပ်ကြောင်း ဆက်ပြောခဲ့သည်။
''စီမံကိန်းတွေ အကောင်အထည်ဖော်မယ်ဆိုရင် စည်ပင်ကနေ ခွင့်ပြုချက်ယူရတာက အချိန်သိပ်ကြာတာမျိုးတွေရှိတယ်။ ခွင့်ပြုချက်ပေးဖို့ စည်ပင်အနေနဲ့ ဆက်စပ်တဲ့ ဝန်ကြီးဌာနတွေနဲ့ တိုက်ရိုက်ချိတ်ဆက်ပြီး One Stop Services ပေးစေချင်တယ်''ဟု ၄င်းကဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က မြို့တော်စည်ပင်ဖွံ့ဖြိုးစေရန် တာဝန်ရှိသည့်အားလျော်စွာ မူဝါဒပိုင်း ဆိုင်ရာ ပြုပြင်ပြောင်းလဲသင့်သည်များကို အမြန်ဆုံး ပြုပြင်ပြောင်းလဲစေလိုကြောင်း ဦးသားအေးက ပြောသည်။

ပြီးခဲ့သော အောက်တိုဘာ နောက်ဆုံးပတ်က တော်ဝင်ဟိုတယ်တွင် ကျင်းပသော တော်ဝင်ဟိုတယ်ဥက္ကဠ ဦးကိုကိုထွေး၏ စီးပွားရေးလုပ်ငန်း နှစ် ၅ဝ ပြည့်အခမ်းအနားတွင် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက
ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အဆောက်အအုံအသစ်များ တည်ဆောက်ရာတွင် အခက်အခဲများဖြစ်ပေါ်ပါက အစိုးရအဖွဲ့အနေဖြင့် ကူညီရန် အဆင်သင့်ရှိကြောင်း ပြောခဲ့သည်။

''ရန်ကုန်မြို့မှာ အဆောက်အအုံ အသစ်တွေ ပေါ်ပေါက်လာတဲ့အခါ တည်ဆောက်ရေးလုပ်ငန်းအတွက် အခက်အခဲဖြစ်နေတယ်ဆိုလည်း ကျွန်တော်တို့တိုင်းအစိုးရအဖွဲ့က ကူညီပေးဖို့ အဆင်သင့်ရှိပါတယ်။ ကျွန်တော်တို့ရဲ့ အကူအညီပေးမှုဟာ မူဘောင်အတွင်း ကနေ ဥပဒေနဲ့အညီ ဆောင်ရွက်ပေးနိုင်ဖို့ကိုလည်း ကျွန်တော်တို့ ကြိုးပမ်းမှာ ဖြစ်ပါတယ်''ဟု ၄င်းက ဆိုခဲ့သည်။

ဦးသာအေးကမူ ''အစိုးရအနေနဲ့ အပြောနဲ့ပဲမဟုတ်ဘဲ အလုပ်နဲ့ လက်တွေ့ပြရင်တော့ ကောင်းတာပေါ့'' ဟု ပြောသည်။

Credit: Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...
ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...
တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...
မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...
နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...
နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...
ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...
ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀
ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယ
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယ
တရုတ်ပြည်တွင် ဆောက်လုပ်ရေးပစ္စည်းထုတ်လုပ်သော ကုမ္ပဏီတစ်ခုက နှစ်ကုန်ပါတီပွဲတွင် ဝန်ထမ်းများအား ငွေစက္ကူ ရေတွက်ပွဲအဖြစ် ယွ
တရုတ်ပြည်တွင် ဆောက်လုပ်ရေးပစ္စည်းထုတ်လုပ်သော ကုမ္ပဏီတစ်ခုက နှစ်ကုန်ပါတီပွဲတွင် ဝန်ထမ်းများအား ငွေစက္ကူ ရေတွက်ပွဲအဖြစ် ယွ
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်
ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း
ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း
ဘီလ်ဂိတ်က အိမ်တွင် သားသမီးများ မရှိတော့ဘဲ တစ်ယောက်တည်း အထီးကျန်နေသော်လည်း ရေချိုးခန်း ၂၄ ခန်းပါ အလွန်ကြီးမားလှသည့် စံအိမ
ဘီလ်ဂိတ်က အိမ်တွင် သားသမီးများ မရှိတော့ဘဲ တစ်ယောက်တည်း အထီးကျန်နေသော်လည်း ရေချိုးခန်း ၂၄ ခန်းပါ အလွန်ကြီးမားလှသည့် စံအိမ
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ
CarsDB Showroom Opening
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service