ရန်ကုန်မြို့ကို ခေတ်ပေါ်နှင့် ရှေးဟောင်းအဆောက်အအုံ ရောယှက်ထားသည့် တစ်ခုတည်းသော မြို့တော်အဖြစ် ဖန်တီးနိုင်သော အခွင့်အလမ်းရှိ

ရန်ကုန်မြို့ကို ခေတ်ပေါ်နှင့် ရှေးဟောင်းအဆောက်အအုံ ရောယှက်ထားသည့် တစ်ခုတည်းသော မြို့တော်အဖြစ် ဖန်တီးနိုင်သော အခွင့်အလမ်းရှိ - Property News in Myanmar from iMyanmarHouse.com
2 Nov 2017 11:05 am တွင် တင်ခဲ့သည်
5805 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့တော်ဝန်အဖြစ် ထမ်းဆောင်ခွင့်ရပါက ရန်ကုန်မြို့ကို ခေတ်ပေါ်အဆောက်အအုံနှင့် ရှေးဟောင်းအဆောက်အအုံများ ရောပြွမ်းနေသည့်
ကမ္ဘာ့တစ်ခုတည်းသော မြို့တော်အဖြစ် တည်ဆောက်လိုကြောင်း၊ ဂျပန် နိုင်ငံ ဖူခုအိုကာ မြို့တော်ဝန် Soi-chiro Takashima ကပြောသည်။

အောက်တိုဘာ ၃၁ ရက်က ရန်ကုန်မြို့ရှိ ကုန်သည်များနှင့် စက်မှုလက်မှု
လုပ်ငန်းရှင်များ အ သင်းချုပ် (UMFCCI) ရုံးတွင် ပြု လုပ်သည့် UMFCCI မှ တာဝန်ရှိ သူများနှင့် ဖူခုအိုကာမြို့မှ လုပ် ငန်းရှင်များ တွေ့ဆုံပွဲသို့ တက်
ရောက်လာစဉ် အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။

‘‘ ကမ္ဘာတစ်ဝန်းလုံးမှာ ကြည့်လိုက်ရင် မြို့သစ်တည်ဆောက်ရ တာ အရမ်းလွယ်ပါတယ်။ မြို့ ဟောင်းကို ပိုပြီး နေချင်စရာ ကောင်းအောင် လုပ်ဖို့ခက်ခဲပါ တယ်။ ကျွန်တော်သာ ရန်ကုန်မြို့ တော်ဝန်ဖြစ်ရင် ရန်ကုန်ကို ပိုပြီး နေချင်စရာကောင်းအောင် တည် ဆောက်ချင်ပါတယ်’’ဟု ဖူခုအို ကာမြို့တော်ဝန်က ပြောသည်။

ရန်ကုန်ကဲ့သို့ ရှေးဟောင်း အဆောက်အအုံ အမြောက်အ မြားရှိသည့် မြို့များ ကမ္ဘာပေါ်တွင် ရှားပါးနေကြောင်း ၎င်းက ဆိုသည်။ ယင်းအဆောက်အအုံများ ကို သေချာပြုပြင်ထိန်းသိမ်းနိုင် လျှင် ရန်ကုန်သည် ကမ္ဘာပေါ်တွင် ရှေးဟောင်းအဆောက်အအုံများ၊ ခေတ်မီအဆောက်အအုံများနှင့် နေချင်စဖွယ်ကောင်းသည့် ကမ္ဘာ့တစ်ခုတည်းသော မြို့တော်ဖြစ် မည်ဟု ၎င်းကပြောသည်။

အဆောက်အအုံတစ်ခုကို အလွယ်တကူ တည်ဆောက်နိုင် သော်လည်း တာရှည်ခံရန် ပြုပြင် ထိန်းသိမ်းမှုမှာ အလွန်အရေးကြီး ကြောင်း ဆိုသည်။ ဖူခုအိုကာမြို့ ကမ္ဘာ့အလှဆုံးစာရင်း ဝင်နေခြင်း သည် အဆောက်အအုံများကို ပြုပြင်ထိန်းသိမ်းနိုင်ခြင်းကြောင့်ဟု ၎င်းကဆိုသည်။

ထို့အပြင် ရန်ကုန်မြို့ ရေကြီးရေလျှံမှုများ လျှော့ချရေး ဖူခုအိုကာမြို့တော်အုပ်ချုပ်ရေးအဖွဲ့က ကူညီနေသည်။

ရန်ကုန်မြို့ ရေကြီးရေလျှံမှု များကို ကာကွယ်ရန် ဆူးလေ ဘုရားရှေ့ရှိ မဟာဗန္ဓုလပန်းခြံ မြေအောက်တွင် အခန်းလေးခန်း ပါဝင်သည့် ရေလှောင်ကန်တည်ဆောက်ရန် စီစဉ်နေကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောသည်။

အဆိုပါစီမံကိန်းသည် ဂျပန်နိုင်ငံက တင်ပြသည့် ဖြစ်နိုင်ခြေရှိ သော စီမံကိန်းဖြစ်ပြီး မဖြစ်မနေ လုပ်ကိုင်ရန် စီစဉ်နေကြောင်း ၎င်းက ပြောသည်။

‘‘မြေမတိုင်းရသေးဘူး။ အ ပေါ်ယံဖြစ်နိုင်တာကတော့ မဟာ ဗန္ဓုလပန်းခြံကြီး ရှိတယ်မဟုတ် လား။ ဒါကို လေးကန့် ကန့်သတ် ပြီး ဒီလေးကန့်ထဲမှာ (မိုးရေ)ထည့်လိုက်ရင် မိုးရေရမယ်။ မိုးရေမရ လည်း မြစ်ရေရမယ်။ ဒါတစ်ချက် ခုတ်၊ နှစ်ချက်ပြတ်ပဲ’’ဟု ၎င်းက ပြောသည်။

ရန်ကုန်မြို့ ရေဆိုးစွန့်ပစ် ရေးအတွက် ဂျပန်အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA)နှင့် ပူးပေါင်း လုပ်ဆောင်နေကြောင်း ရန်ကုန် မြို့တော်ဝန်က ပြောသည်။

ရန်ကုန်မြို့နှင့် ဖူခုအိုကာမြို့တို့ကို ၂၀၁၆ တွင် ညီအစ်မမြို့အဖြစ် သတ်မှတ်ပြီးနောက် ပထမ ဆုံး လက်တွဲလုပ်ဆောင်မှုများ ပြုလုပ်ရန် ဖူခုအိုကာမြို့တော်ဝန် ရန်ကုန်မြို့သို့ ရောက်ရှိလာခြင်း ဖြစ်သည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။

စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်

ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း

ဘီလ်ဂိတ်က အိမ်တွင် သားသမီးများ မရှိတော့ဘဲ တစ်ယောက်တည်း အထီးကျန်နေသော်လည်း ရေချိုးခန်း ၂၄ ခန်းပါ အလွန်ကြီးမားလှသည့် စံအိမ

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေး

ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော

Royal Theikdi Condo
Shwe Moe Kaung

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service