နိုင်ငံတစ်ဝန်းရှိ တည်ဆောက်ရေးလုပ်ငန်းများ အရည်အသွေးမီစေရန် လွတ်လပ် စွာရပ်တည်သည့်အဖွဲ့အစည်း (Third Party)ဖွဲ့စည်းကာ စစ် ဆေးသည့်စနစ်ကျင့်သုံးရေး ပြည်ထောင်စုအစိုးရအား တိုက်တွန်း ကြောင်းအဆိုကို ဆွေးနွေးရန် နိုဝင်ဘာ ၁ ရက်ပြည်သူ့လွှတ် တော်အစည်းအဝေးတွင် အတည် ပြုခဲ့သည်။
ခေတ်အဆက်ဆက် အစိုးရ ၀န်ကြီးဌာနများက လမ်းတံတား၊ အဆောက်အအုံ၊ ဆည်မြောင်းတာတမံတည်ဆောက်ရေးများကို ကိုယ်တိုင်တွက်ချက်စိစစ်ပြီး ဘတ်ဂျက်ပြင်ဆင်တည်ဆောက် ကာအရည်အသွေးစစ်ဆေးခြင်း ပြုလုပ်ခဲ့ကြောင်း အဆိုတင်သွင်း သူ ဂန့်ဂေါမဲဆန္ဒနယ်မှကိုယ်စား လှယ် ဒေါ်ယဉ်မင်းလှိုင်
က ပြော သည်။
ထိုသို့ ဆောင်ရွက်ခဲ့မှု ကြောင့် အကျိုးဆက်အနေဖြင့် အရည်အသွေးမပြည့်မီမှုများ၊ လာဘ်ပေးလာဘ်ယူမှုများ ဖြစ် ပေါ်စေကာ ရှေ့တည်ဆောက် နောက်ကပျက်နေသဖြင့် ပြုပြင်ရန် ဘတ်ဂျက်များတင်ပြတောင်းခံရသည့်အချက်များကြောင့် ပြည် သူ့ဘဏ္ဍာငွေ အမြောက်အမြား လေလွင့်ဆုံးရှုံးနေကြောင်း ၎င်းကထောက်ပြပြောဆိုသည်။
‘‘တိုင်းပြည်ဘဏ္ဍာ အလ ဟဿဆုံးရှုံးလေလွင့်စေတဲ့ကိစ္စ ရပ်တွေရဲ့ အဓိကအကြောင်းရင်း ကို ကျွန်မတို့ သေသေချာချာသိ မြင်သဘောပေါက်ပြီး
အမြန်ဆုံး ကာကွယ်တားဆီးနိုင်ဖို့ ဒီအဆိုကို တင်သွင်းရခြင်းဖြစ်ပါတယ်’’ ဟု
ဒေါ်ယဉ်မင်းလှိုင်ကပြောသည်။
ထိုအဖွဲ့အစည်း (Third Party)သည် Design Stage ကစ ၍ အရည်အသွေးပိုင်းကိုလည်း စစ်ဆေးကာ လွတ်လပ်စွာလုပ် ဆောင်သည့်ပရော်ဖက်ရှင်နယ်
အဖွဲ့အနေဖြင့် ရပ်တည်ရန်လိုအပ်ကြောင်း ၎င်းကပြောသည်။
‘‘Third Party နဲ့ဆောင်ရွက် မယ်။ အရည်အသွေးကောင်း အောင်ဆောင်ရွက်မယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ ထောက်ခံပါတယ်’’ ဟု ဆောက်လုပ်ရေးဝန်
ကြီးဌာန ဒုဝန်ကြီး ဦးကျော်လင်း က မီဒီယာအချို့အားပြောသည်။
ယင်းအဆိုကို ကိုယ်စား လှယ်တစ်ဦးက ထောက်ခံဆွေးနွေးခဲ့ရာ လွှတ်တော်က ကန့်ကွက်သူမရှိသဖြင့် ဆွေးနွေးရန်သဘော တူညီခဲ့သည်။ အဆိုကို ဆွေးနွေးလိုသူများအနေဖြင့် နိုဝင်ဘာ ၆ ရက်တွင် စာရင်းပေးသွင်းရမည်
ဖြစ်သည်။
Credit: 7Daydaliy