နယ်ကအလုပ်သမားတွေအတွက် အိမ်ခန်းပေါင်း တစ်သိန်း နိုဝင်ဘာမှ တည်ဆောက်မည်

နယ်ကအလုပ်သမားတွေအတွက် အိမ်ခန်းပေါင်း တစ်သိန်း နိုဝင်ဘာမှ တည်ဆောက်မည် - Property News in Myanmar from iMyanmarHouse.com
1 Nov 2017 11:03 am တွင် တင်ခဲ့သည်
5359 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်တိုင်းဒေသကြီးအတွင်း နယ်မှရွှေပြောင်းလာတဲ့ အလုပ်သမားတွေအတွက် လူနေအိမ်ခန်းတစ်သိန်း တည်ဆောက်ဖို့ စီစဉ်နေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း ဆီက သိရပါတယ်။

သည်လ ၂၇ ရက်က ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) မှာ ကျင်းပတဲ့ ဒုတိယသမ္မတ (၁) နဲ့ ပြည်ထောင်စုဝန်ကြီးများ၊ စီးပွားရေး လုပ်ငန်းရှင်များတွေ့ဆုံပွဲမှာ ၀န်ကြီးချုပ်က အထက်ပါအတိုင်းပြောကြားခဲ့တာပါ။

ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ‘နိုင်ငံတစ်ဝန်းမှာ ရှိတဲ့သူတွေ အလုပ်အကိုင်အတွက် ၀င်လာတဲ့သူတွေများစွာရှိပါတယ်၊ နေထိုင်ရေးဖန်တီးဖို့အတွက်ကို နိုဝင်ဘာမှာ စီမံကိန်း တစ်ခုနဲ့ တိုက်ခန်းပေါင်းတစ်သိန်းကို ရွှေပြည်သာနဲ့ လှိုင်သာယာမှာ ဆောက်ဖို့ ဒါမှသာ နယ်ကလာတဲ့ လုပ်သားတွေ နေစရာရလာမှာဖြစ်ပါတယ် ’ လို့ပြောပါတယ်။

အိမ်ခန်းပေါင်းတစ်သိန်းကို ရွှေပြည်သာနဲ့ လှိုင်သာယာတို့မှာ တည်ဆောက်ဖို့ စီးစဉ်ထားပြီး လာမယ့်နိုင်ဝင်ဘာလမှာ စီမံကိန်းစတင်ဖို့ စီစဉ်ထားကြောင်း ဦးဖြိုးမင်းသိန်းက ဆက်လက်ပြောပါတယ်။

ရန်ကုန်မြို့ကို အလုပ်အကိုင်အတွက် နယ်ကနေလာရောက်တဲ့သူတွေ များပြားလာတဲ့အတွက် နေထိုင်ရေးပြဿနာကို ဖြေရှင်းနိုင်ဖို့ ကြည့်မြင်တိုင် တစ်ဖက်မ်းမှာ ရန်ကုန်မြို့သစ်စီမံကိန်းကို အကောင်အထည်ဖော်မှာဖြစ်ပြီး အလုပ်အကိုင်အတွက်လည်း ဒလဘက်ကမ်းမှာ ရန်ကုန်အထူးစီးပွားရေးဇုန်ကို တည်ထောင်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

အိမ်ရာတစ်သိန်းစီမံကိန်းကို အကောင်အထည်ဖော်ဖို့အတွက် မြေကိစ္စတွေကို စတင်ဆောင်ရွက်နေပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနဲ့ ပူးပေါင်းကာ တည်ဆောက်ရေးလုပ်ငန်းတွေ မြန်မြန်ဆန်ဆန် ဆောက်ရွက်နိုင်ဖို့အတွက်လည်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥပဒေကို ပြင်ဆင်ရေးဆွဲနေပါတယ်။

ရန်ကုန်မြို့မှာရှိတဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေကြန့်ကြာရတာက ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥပဒေအဟောင်းရဲ့ အားနည်းချက်တချို့ကြောင့်ဖြစ်တဲ့အတွက် အဲသည်ဥပဒေကို စင်ကာပူ နဲ့ ဂျပန်နိုင်ငံတို့မှ စည်ပင်ဥပဒေလို ပြုပြင်ပြောင်းလဲဖို့လည်း စီစဉ်နေပါတယ်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥပဒေကို လာမယ့် ဒီဇင်ဘာလမှာ အပြီးသတ်ရေးဆွဲမှာဖြစ်ပြီး ရန်ကုန်စည်ပင်ရွေးကောက်ပွဲကိုလည်း ၂၀၁၈ခုနှစ် မတ်လမှာ ကျင်းပသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကပြောပါတယ်။

Credit: The Kumudra

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်

ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေး

Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့

ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်

နယူးယောက်မှာ ဖောင်ဒေးရှင်း မခိုင်ဘဲ ဆောက်လုပ်ခဲ့တာကြောင့် ပေပေါင်း ၆၇၀ အမြင့်အထိ ဆောက်လုပ်ပြီးမှ စောင်းစောင်းကြီးဖြစ်သွာ

TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအ

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ

CarsDB Showroom Opening
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service