နေထိုင်ရန် မဟုတ်ဘဲ အိမ်ခြံမြေများဝယ်ယူ ဈေးကစားသူများကို အခွန်ကောက်၍ တားဆီးမည်

နေထိုင်ရန် မဟုတ်ဘဲ အိမ်ခြံမြေများဝယ်ယူ ဈေးကစားသူများကို အခွန်ကောက်၍ တားဆီးမည် - Property News in Myanmar from iMyanmarHouse.com
31 Oct 2017 11:37 am တွင် တင်ခဲ့သည်
3683 ကြိမ် ကြည့်ရှု့ပြီး
အိမ်ခြံမြေများကို နေထိုင်ရန်မဟုတ်ဘဲ ဝယ်ယူကာ ဈေးကစားသူများကို ပစ္စည်းခွန် ကောက်ခံခြင်းဖြင့် တားဆီးမည် ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင် မောင်ဝင်းကပြောသည်။

ထိုသို့ကောက်ခံနိုင်ရန် ပစ္စည်းခွန် ကောက်ခံခြင်းကို ကြီးကြပ်ခြင်းဆိုင်ရာ ဥပဒေ (မူကြမ်း) ရေးဆွဲနေပြီး ပြည်ထောင်စု ရှေ့နေချုပ်ရုံးသို့ ဥပဒေအကြံဉာဏ်များ တောင်းခံထားကြောင်း ၎င်းကပြောသည်။

ယင်းဥပဒေပြဋ္ဌာန်းပြီးပါက ပစ္စည်းခွန်ကောက်ခံရေး ပစ္စည်း ခွန်ကောက်ခံမှုကြီးကြပ်ရေးဗဟို အဖွဲ့ကို ပြည်ထောင်စု အစိုးရ အဖွဲ့၏ သဘောတူညီချက်ဖြင့်ဖွဲ့ စည်းမည်ဖြစ်ကြောင်း ဒုဝန်ကြီး ကပြောသည်။

ထိုအဖွဲ့က နှစ်စဉ်၊ မြေ၊ အဆောက်အအုံ ဌားရမ်းခစံနှုန်း သတ်မှတ်တန်ဖိုးကို ပြည်ထောင် စုအစိုးရအဖွဲ့၏ သဘောတူညီ ချက်ဖြင့် သတ်မှတ်မည်ဟု ၎င်း ကပြောသည်။

‘‘နှစ်စဉ်သုံးသပ်ပြီး တန်ဖိုး သတ်မှတ်ကာ ကျသင့်ပစ္စည်းခွန် ကို ကောက်ခံမည်ဖြစ်၍ အိမ်ခြံ မြေဈေးကစားသူများက အိမ်ခြံ မြေများကို နေထိုင်ရန်မဟုတ်ဘဲ ဝယ်ယူ၊ ထိန်းသိမ်းလက်ဝါးကြီး အုပ်ခြင်း (သို့မဟုတ်) ဈေးကစား ခြင်းတို့ကို တားဆီးကာကွယ်နိုင် မည်ဖြစ်ပါတယ်’’ ဟု ၎င်းကပြော သည်။

အောက်တိုဘာ ၃၀ ရက်က ပြည်သူ့လွှတ်တော် ဘီးလင်းမဲဆန္ဒ နယ်မှ ကိုယ်စားလှယ် ဦးတင်ကို ကိုဦးက အိမ်ခြံမြေ ဈေးကစားသူ များက နေထိုင်ရန်အတွက်မဟုတ် ဘဲ ဝယ်ယူထိန်းသိမ်း လက်ဝါး ကြီးအုပ်ခြင်းတို့က အကာအကွယ် ပေးစေရန် ပိုင်ဆိုင်မှုအခွန် (Pro-perty Tax) ကောက်ခံရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းခဲ့သည်။

အခွန်ကောက်ခံသည့် စနစ် သည် ကောင်းမွန်ပြီး အိမ်ခြံမြေ ဈေးကွက် ဖောင်းပွမှု ထိန်းချုပ်နိုင်ခြင်း၊ ဈေးနှုန်းတည်ငြိမ်လာခြင်း၊ ငွေမည်းခဝါချမှုတားဆီးနိုင်ခြင်း၊ ပြည်သူများအနေဖြင့် အိမ်ခြံမြေအိပ်မက်များ လက်လှမ်းမမီခြင်းကို တားဆီးနိုင်ခြင်း စသည့် အချက်များ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း ဒုဥက္ကဋ္ဌဦးသန်းဦးက ပြောသည်။

‘‘မရွှေ့မပြောင်းနိုင်တဲ့ ပိုင် ဆိုင်မှုပေါ့၊ ရေမြေ၊ ဥစ္စာတွေ တိုး လာတဲ့အပေါ်မှာ ဒါကတဖြည်း ဖြည်းထိန်းချုပ်တဲ့ သဘောမျိုးနဲ့အ ခွန်နဲ့ ကောက်ခံပြီး ထိန်းချုပ်တာ ပါ။ အဲဒီစနစ်ပါ’’ ဟု ၎င်းကပြော သည်။

ထိုသို့အခွန်ကောက်ခံပါက အိမ်ခြံမြေ ဈေးများ ကျဆင်း ရန် အတိအကျပြောဆိုရန် ခက်ခဲပြီး ဈေးနှုန်းကျဆင်းရန်၊ အခြားအကြောင်း အချက်များရှိနေကြောင်းဦးသန်းဦးကပြောသည်။

‘‘အခွန်နဲ့ ထိန်းသိမ်းလိုက် တာ မှန်ပေမယ့် နိုင်ငံ့ရဲ့ ငွေကြေး ဖောင်းပွမှုက သိပ်များနေရင်လည်း ကျစရာမရှိဘူး’’ ဟု ၎င်းကပြောကြားသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

တရုတ်ပြည်တွင် ဆောက်လုပ်ရေးပစ္စည်းထုတ်လုပ်သော ကုမ္ပဏီတစ်ခုက နှစ်ကုန်ပါတီပွဲတွင် ဝန်ထမ်းများအား ငွေစက္ကူ ရေတွက်ပွဲအဖြစ် ယွ

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး

စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်

ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ

Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား

CarsDB
CarsDB Showroom Opening

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service