ဟဲဗီးဝိတ်ချန်ပီယံဟောင်း မိုက်တိုင်ဆန် တစ်ခါက နေထိုင်ခဲ့ဖူးပြီး ယခုအခါ လူသူကင်းမဲ့နေပြီဖြစ်သော နေအိမ်

ဟဲဗီးဝိတ်ချန်ပီယံဟောင်း မိုက်တိုင်ဆန် တစ်ခါက နေထိုင်ခဲ့ဖူးပြီး ယခုအခါ လူသူကင်းမဲ့နေပြီဖြစ်သော နေအိမ် - Property News in Myanmar from iMyanmarHouse.com
31 Oct 2017 11:21 am တွင် တင်ခဲ့သည်
3952 ကြိမ် ကြည့်ရှု့ပြီး
၁၉၈၀ ပြည့်လွန်ကာလများအတွင်း မိုက်တိုင်ဆန်သည် အမေရိကန်ပြည်ထောင်စု အရှေ့မြောက်ပိုင်း ၊ အိုဟိုင်းအိုးပြည်နယ် အရှေ့မြောက်ပိုင်းရှိ ဆောက်သင်တန်အမည်ရှိ မြို့ကလေးတွင် ဇိမ်ခံနေအိမ်ကြီးတစ်လုံး ပိုင်ဆိုင်ခဲ့ဖူးသည်။
နေအိမ်၏ ကြမ်းခင်းဧရိယာမှာ စတုရန်းပေ ၁၃၅၀၀ အထိ ကျယ်ဝန်းသည်။

မိုက်တိုင်ဆန်သည် ဆင်းရဲနွမ်းပါးစွာ ကြီးပြင်းခဲ့ရသူတစ်ဦးဖြစ်ပြီး အသက် ၁၈ နှစ်အရွယ်တွင် လက်ဝှေ့ကြိုးဝိုင်းအတွင်း စတင်ရောက်ရှိခဲ့ပြီး ပထမဆုံးပွဲကို စတင်ထိုးသတ်ခဲ့သည်။

အောင်မြင်ကျော်ကြားပြီးနောက်တွင်ကား ကန်ဒေါ်လာ သန်း ၄၀၀ ခန့်အထိ ကြွယ်ဝချမ်းသာခဲ့သည်။ဟဲဗီးဝိတ်လက်ဝှေ့လောကတွင် အောင်မြင်မှု အထွတ်အထိပ်သို့ ရောက်ရှိနေချိန် ၁၉၈၈ ခုနှစ်အတွင်း မိုက်ကယ် စပင့်ခ်အမည်ရှိ ပြိုင်ဘက်တစ်ဦးကို ပထမအချီ ၉၁ စက္ကန့် အချိန်တွင်ပင် အလဲထိုးခဲ့သောကြောင့်
“သံမဏိမိုက်ခ်” ဟု အမည်ပြောင်ပေးခဲ့ကြသည်။

အဆိုပါနှစ်များအတွင်း မိုက်တိုင်ဆန်သည် အထက်တန်းစား ဘဝနေထိုင်မှု ပုံစံမျိုးဖြင့် နေထိုင်ခဲ့ပြီး မော်တော်ကားများ၊ နေအိမ်များနှင့် အခြားတန်ဖိုးကြီးပစ္စည်းများစွာ ဝယ်ယူခဲ့သည်။မိုက်တိုင်ဆန်ဝယ်ယူခဲ့သည်များတွင် ကန်ဒေါ်လာ ၂ သန်းတန်ကြေးရှိ ရေစိမ်ကန်တစ်ခုလည်း ပါဝင်လေသည်။
နေအိမ်အတွင်းပါဝင်သည့် အခန်းပေါင်းများစွာကို အစွမ်းကုန်မွမ်းမံထားကာ သလင်းမီးပန်းဆိုင်းများ တပ်ဆင်ထားသည်။
အိပ်ခန်း ၅ ခန်းအပြင် ထူးခြားသည်မှာ ကျားလှောင်အိမ်များ ပါဝင်ခြင်း ဖြစ်၏။

မိုက်တိုင်ဆန်သည် ဘင်္ဂလားကျား ၃ ကောင်မွေးမြူထားပြီး တစ်ကောင်လျှင် ကန်ဒေါ်လာ ၇၀၀၀၀ ခန့် တန်ကြေးရှိခဲ့သည်။
ပစ္စည်းကိရိယာအစုံအလင်တပ်ဆင်ထားသည့် မီးဖိုဆောင်တစ်ခုနှင့် မီးဖိုဆောင်ငယ်တစ်ခုတို့ ပါဝင်သည်။ရေကန်မှာ သမားရိုးကျ နေအိမ်တစ်လုံး အရွယ်အစားထက် ပိုမိုကြီးမားကျယ်ပြန့်သည်။ကြမ်းပြင်ပေါ်တွင် မြင်းကျားပုံ ရိုက်နှိပ်ထားသည့် ကော်ဇောများ ခင်းကျင်းထားသည်။

၁၉၉၂ ခုနှစ်၊ မတ်လ ၂၆ ရက်အထိ မိုက်တိုင်ဆန်၏နေအိမ်အဖြစ် ရှိနေခဲ့သည်။ယင်းနောက်ပိုင်းတွင် မိုက်တိုင်ဆန်သည် လိင်ပိုင်းနှောင့်ယှက်မှုဖြင့် အမှုဖွင့်စစ်ဆေးခံရကာ ထောင်ဒဏ် ၆ နှစ် ကျခံသွားခဲ့ရသည်။
ထိုပြစ်မှုကျူးလွန်ချိန်တွင် မိုက်တိုင်ဆန်၏ အသက်မှာ ၂၅ နှစ်သာရှိသေးပြီး Plainfield ပြုပြင်ရေးစခန်းသို့ ပို့ဆောင်ခြင်းခံခဲ့ရသည်။
(ယနေ့ကာလတွင် Indiana Youth Center ဟု အမည်ပြောင်းထားသည်)

ထောင်မှ ပြန်လည်လွတ်မြောက်လာပြီး ၄ နှစ်ကြာမြင့်သောအခါ မိုက်တိုင်ဆန်သည် ၁၉၉၈ ခုနှစ်အတွင်း ပြစ်မှုထပ်မံကျူးလွန်ခဲ့ပြန်သည်။
ဤတစ်ကြိမ်တွင်ကား လမ်းပေါ်တွင် ယာဉ်မတော်တဆမှုဖြစ်ပွားခြင်းဖြစ်ပြီး ဆိုင်ကယ်မောင်းသူ ၂ ဦးကို ဝင်တိုက်ခဲ့ခြင်းဖြစ်ကာ ယင်းပြစ်မှုအတွက် ထောင်ဒဏ်တစ်နှစ် ချမှတ်ခံရသည်။ထောင်မှ ပြန်လည်လွတ်မြောက်လာချိန်တွင်ကား မိုက်တိုင်ဆန်သည် ငွေရေးကြေးရေးများစွာ ကျပ်တည်းခဲ့သဖြင့် အိုဟိုင်းအိုးနေအိမ်ကို ရောင်းထုတ်ရန် စီစဉ်ရတော့သည်။ယင်းနောက် ၂၀၀၃ ခုနှစ်တွင် ဒေဝါလီခံခဲ့သည်။

မိုက်တိုင်ဆန်၏ နေအိမ်ကို ထိုစဉ်က ဝယ်ယူခဲ့သူမှာ စီးပွားရေးလုပ်ငန်းရှင် ပေါလ်မိုနီးဖြစ်ပြီး ကန်ဒေါ်လာ ၁ ဒသမ ၃ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်သည်။
မိုနီးသည် ယင်းနေအိမ်တွင် လုံးဝနေထိုင်ခဲ့ခြင်း မရှိချေ။
နေအိမ်ဝယ်ယူပြီးနောက် ငွေကြေးခဝါချမှုဖြင့် စုံစမ်းစစ်ဆေးခြင်းခံခဲ့ရသည်။

မိုနီးက မိုက်တိုင်ဆန်ထံမှ ဝယ်ယူခဲ့သောနေအိမ်နှင့် အတူ ရှားပါးလှသော စိန်ကြီးတစ်လုံး (ရွှေမျက်လုံးဟု အမည်ပေးထား) ကို ကန်ဒေါ်လာ သန်း ၂၀ ခန့်ဖြင့် ရောင်းချရန် စီစဉ်၏။အက်ဖ်ဘီအိုင်မှ အရာရှိများက မူးယစ်ဆေးဂိုဏ်းခေါင်းဆောင်ဟန်ဖြင့် အသွင်ယူစုံစမ်းကာ နောက်ဆုံးတွင် မိုနီးကို ငွေကြေးခဝါချမှုဖြင့် ဖမ်းဆီးလိုက်လေသည်။ထိုအမှုဖြင့် ထောင်ဒဏ်ကျခံခဲ့ရပြီး လာမည့် ၂၀၁၈ ခုနှစ်အထိ ထောင်ဒဏ်ဆက်လက်ကျခံရဦးမည် ဖြစ်သည်။

၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၂၂ ရက်တွင် ယင်းနေအိမ်ကို လေလံတင်ရောင်းချခဲ့ရာ၌ လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ရွန် ဟီမယ်လ်ဂန်က ကန်ဒေါ်လာ ၆၀၀၀၀၀ မျှဖြင့် လေလံအောင်ခဲ့သည်။ဟီမယ်လ်ဂန်က အဖွဲ့တစ်ဖွဲ့ငှားရမ်းကာ နေအိမ်ပြုပြင်မွမ်းမံမှုများ ပြုလုပ်ခဲ့စဉ် အလုပ်သမားများက အတွင်းပိုင်လက်ရာများစွာကို ဖယ်ရှားခဲ့ကြသည်။ဟီမယ်လ်ဂန်သည်လည်း ယင်းနေအိမ်တွင် နေထိုင်ခဲ့ခြင်းမရှိ။

၂၀၁၄ ခုနှစ်အတွင်းတွင်မူ ဟီမယ်လ်ဂန်သည် မိုက်တိုင်ဆန်နေအိမ်ကို ဘုရားကျောင်းတစ်ခုသို့ လှူဒါန်းလိုက်တော့သည်။
သို့ရာတွင် သတင်းများကာ မျိုးစုံရှိနေသည်။

အချို့သတင်းရင်းမြစ်များ၏ အဆိုအရ နေအိမ်မှာ လှူဒါန်းခြင်းမဟုတ်ဘဲ ဘုရားကျောင်းက ငွေပေးချေကာ ဝယ်ယူခဲ့ခြင်းဖြစ်သည် ဟုလည်း ဆိုကြသည်။
ဘုရားကျောင်းအဖြစ်ပြန်လည် ပြုပြင်မွမ်းမံရာတွင် ဘတ်စ်ကက်ဘောကွင်းနေရာကို ကျမ်းစာသင်ကလေးငယ်များ ပျော်ပွဲစားထွက်ရာနေရာအဖြစ် ပြောင်းလဲသွားရန် ရည်မှန်းခဲ့သည်။၂၀၁၅ ခုနှစ်အတွင်း ပြုပြင်မွမ်းမံမှုလုပ်ငန်းများ စတင်ခဲ့သည်။

ယခု ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလအထိမူ အဆိုပါနေအိမ်ဝန်းအတွင်း မည်သည့်ဘုရားကျောင်းမျှ မဖွင့်လှစ်ခဲ့သေးချေ။ယနေ့အချိန်တွင်ကား နေထိုင်မည့်သူမရှိဘဲ လူသူကင်းမဲ့လျက်ရှိသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ဟဲဗီးဝိတ်ချန်ပီယံဟောင်း မိုက်တိုင်ဆန် တစ်ခါက နေထိုင်ခဲ့ဖူးပြီး ယခုအခါ လူသူကင်းမဲ့နေပြီဖြစ်သော နေအိမ် - Property News in Myanmar from iMyanmarHouse.com
ဟဲဗီးဝိတ်ချန်ပီယံဟောင်း မိုက်တိုင်ဆန် တစ်ခါက နေထိုင်ခဲ့ဖူးပြီး ယခုအခါ လူသူကင်းမဲ့နေပြီဖြစ်သော နေအိမ် - Property News in Myanmar from iMyanmarHouse.com
ဟဲဗီးဝိတ်ချန်ပီယံဟောင်း မိုက်တိုင်ဆန် တစ်ခါက နေထိုင်ခဲ့ဖူးပြီး ယခုအခါ လူသူကင်းမဲ့နေပြီဖြစ်သော နေအိမ် - Property News in Myanmar from iMyanmarHouse.com
ဟဲဗီးဝိတ်ချန်ပီယံဟောင်း မိုက်တိုင်ဆန် တစ်ခါက နေထိုင်ခဲ့ဖူးပြီး ယခုအခါ လူသူကင်းမဲ့နေပြီဖြစ်သော နေအိမ် - Property News in Myanmar from iMyanmarHouse.com
ဟဲဗီးဝိတ်ချန်ပီယံဟောင်း မိုက်တိုင်ဆန် တစ်ခါက နေထိုင်ခဲ့ဖူးပြီး ယခုအခါ လူသူကင်းမဲ့နေပြီဖြစ်သော နေအိမ် - Property News in Myanmar from iMyanmarHouse.com
ဟဲဗီးဝိတ်ချန်ပီယံဟောင်း မိုက်တိုင်ဆန် တစ်ခါက နေထိုင်ခဲ့ဖူးပြီး ယခုအခါ လူသူကင်းမဲ့နေပြီဖြစ်သော နေအိမ် - Property News in Myanmar from iMyanmarHouse.com
ဟဲဗီးဝိတ်ချန်ပီယံဟောင်း မိုက်တိုင်ဆန် တစ်ခါက နေထိုင်ခဲ့ဖူးပြီး ယခုအခါ လူသူကင်းမဲ့နေပြီဖြစ်သော နေအိမ် - Property News in Myanmar from iMyanmarHouse.com
ဟဲဗီးဝိတ်ချန်ပီယံဟောင်း မိုက်တိုင်ဆန် တစ်ခါက နေထိုင်ခဲ့ဖူးပြီး ယခုအခါ လူသူကင်းမဲ့နေပြီဖြစ်သော နေအိမ် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအ

တရုတ်ပြည်တွင် ဦးနှောက်လေဖြတ် ဝေဒနာခံစားရသောကြောင့် မိဘများ၏ စွန့်ပစ်ခံရသော မိန်းကလေး လမ်းပေါ်တွင် ဆံညှပ်များရောင်းရင်း အ

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်

တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ

Shwe Moe Kaung
Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service