အိမ်ခြံမြေဝင်ငွေခွန်လျှော့ချဖို့ လိုအပ်ဟု အိမ်ခြံမြေ ဝယ်ရောင်း ကျွမ်းကျင်အချို့ဆို

အိမ်ခြံမြေဝင်ငွေခွန်လျှော့ချဖို့ လိုအပ်ဟု အိမ်ခြံမြေ ဝယ်ရောင်း ကျွမ်းကျင်အချို့ဆို - Property News in Myanmar from iMyanmarHouse.com
31 Oct 2017 11:15 am တွင် တင်ခဲ့သည်
5723 ကြိမ် ကြည့်ရှု့ပြီး
အိမ်ခြံမြေ ဈေးကွက် တဖြည်းဖြည်းအေးလာတာဟာ ၂၀၁၆ ဧပြီ ၁ ရက်နေ့ကစပြီး ဝင်ငွေခွန် နှုန်းထားတွေ တိုးမြှင့်ကောက်ခံချိန်ကစပါတယ် ။တစ်နှစ်ကျော်အတွင်း အိမ်ခြံမြေဈေးကွက် ပိုမိုနှောင့်နှေးလာနေတာဟာ ရပ်တန့် သွားနိုင်တဲ့ အခြေအနေဖြစ်နေတယ်လို့ အိမ်ခြံမြေ အရောင်းအဝယ်ကျွမ်းကျင်သူအချို့က ဆိုတယ်။

မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း ဗဟိုဥက္ကဋ္ဌ ဦးခင်မောင်သန်းက ‘ ပြည်သု့အစိုးရ အတွက်လဲ ဝင်ငွေခွန်တွေ များများရအောင်၊ ပြည်သူတွေဘက်ကလဲ ဝင်ငွေခွန်ပေးဆောင်ပြီး တရားဝင် မှတ်ပုံတင်နိုင်တဲ့သူများလာအောင် အဲဒီမြင့်တက်နေတဲ့ ဝင်ငွေခွန်တွေကို လျှော့ချပေးသင်းတယ်၊ အခုဆိုရင် ရန်ကုန်မှာ အိမ်ခြံမြေဈေးနှုန်းတွေ အများကြီးထိုးကျသွားပါတယ်၊ ရန်ကုန်မြို့ပြင်နေရာတွေမှာ ၆၀ ရာခိုင်နှုန်းကနေ ၇၀ ရာခိုင်နှုန်းလောက် အထိ ဈေးနှုန်းတွေ ကျဆင်းနေပြီး ရန်ကုန်မြို့တွင်းမှာ အိမ်ခြံမြေဈေးနှုန်းတွေက ၂၀ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းအထိ ကျဆင်းနေတယ် ‘ လို့ပြောပါတယ်။

ဈေးကွက်နှောင့်နှေး

ပြည်တွင်း အိမ်ခြံမြေဈေးကွက်ကို ပြန်ကြည့်ရင် ၁၉၈၉ ကနေ ၁၉၉၇ အောက်တိုဘာလအထိ အရောင်းအဝယ်အလွန်ကောင်းခဲ့တဲ့ နှစ်တွေဖြစ်တယ် ။အဲဒါကြောင့် အိမ်ခြံမြေရွှေနှစ်လို့ ပြောရမယ့်နှစ်နေတွပါ ။ဒါပေမဲ့ ၁၉၉၇ ၊ ၁၉၉၈ တစ်နှစ်အတွင်းမှာ အိမ်ခြံမြေဈေးကွက်အေးပြီး ရပ်တန့်သွားခဲ့ဖူးပါတယ်။ အဲသည်တုန်းက သက်ဆိုင်ရာ ဝန်ကြီးဌာနတွေ အပြောင်းအလဲလုပ်လိုက်တဲ့အတွက် အိမ်ခြံမြေနဲ့ ပတ်သက်တဲ့ အပြောင်းအလံတွေ ဖြစ်သွားခဲ့ပြီး အိမ်ခြံမြေ အရောင်းအဝယ်ရပ်တန့် သွားခဲ့တာပါ ။

အဲဒါကြောင့် အစိုးရရဲ့ မူဝါဒ၊ အတိုးနှုန်းနဲ့ လူဦးရေတိုးပွားနှုန်းတွေက အိမ်ခြံမြေဈေးကွက်အပေါ်သက်ရောက်နိုင်တဲ့အချက်တွေဖြစ်တယ်။ အိမ်ခြံမြေဈေးကွက်အပေါ် အစိုးရရဲ့ မူဝါဒတွေရဲ့ ရိုက်ခတ်မှုက ပြင်းထန်ပါတယ်။ အိမ်ခြံမြေဝယ်လိုအားမြင့်တက်ဖို့ အစိုးရဘက်က ပြုလုပ်ပေးနိုင်တာတွေက အခွန်သက်သာခွင့်ပေးတာ ။ ပြည်သူတွေ အိမ်ခြံမြေဝယ်နိုင်အောင် ထောက်ပံ့မှုပေးနိုင်တာပါ ။အဓိက ကတော့ အစိုးရနေနဲ့ အိမ်ခြံမြေဝယ်လိုအားကို လှုံ့ဆွပေးနိုင်ပြီး လမ်းမှား ရောက်မသွားအောင် ထိန်းကျောင်းပေးနိုင်စွမ်းရှိရပါမယ် ။

ဥပမာ အမေရိကန်မှာ ၂၀၀၉ စီးပွားကျဆင်းချိန်မှာ အိမ်ခြံမြေရောင်းအားကောင်းအောင် အမေရိကန်အစိုးရက အရင်ဆုံးအိမ်ဝယ်တဲ့ ပြည်သူတွေကို အခွန်သက်သာခွင့်ပေးမယ်လို့ ကမ်းလှမ်းခဲ့တယ် ။၂၀၁၈ ကနေ ၂၀၁၀ အထိ ကာလအတွင်း အခွန်သက်သာခွင့်ပေးမယ်လို့ ကြေညာခဲ့တာကြောင့် အိမ်ဝယ်တဲ့ သူ ၉၀, ၀၀၀ ကျော်အထိ ရှိလာတယ်။

အိမ်ခြံမြေဈေးကျဆင်းတာဟာ ပြည်သူတွေရဲ့ ပိုင်ဆိုင်ထားပြီးသာ ပစ္စည်းတွေ တန်ဖိုးကျဆင်းနေတာပါ ။အရောင်းအဝယ် မလုပ်တဲ့ ပြည်သူတွေရဲ့ ကိုယ်ပိုင်ဥစ္စာပစ္စည်းတွေရဲ့ တန်ဖိုးပါကျဆင်းပါတယ် ။အိမ်ခြံမြေဈေးကြီးမာလာတာဟာ ဈေးကွက်သဘောတရားအရပါ ။အဲဒါကို ကျဆင်းအောင် ပြုလုပ်တာက မှန်ကန်တဲ့ နည်းလမ်းမဟုတ်ပါဘူးလို့ ဆိုတယ် ။တရုတ်ပြည်မှာလည်း စီးပွားရေတွေ ထိုးဆင်းသွားလို့ အိမ်ခြံမြေဈေးနှုန်းတွေ အများကြီးကျဆင်းမသွားအောင် အစိုးရက ဝိုင်းဝန်းထိန်းသိမ်ပေးတဲ့အတွက် စီးပွားရေးပုံမှန် ပြန်ဖြစ်လာပါတယ်။

အိမ်ခြံမြေဈေးကွက် ရပ်တန့်သွားရင် ဆော်လုပ်ရေးလုပ်ငန်း တွေပါ ရပ်တန့်သွားပါမယ် ။ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ လိုအပ်တဲ့ ပစ္စည်းတွေက ပြည်တွင်းမှာမထုတ်လုပ်နိုင်ဘဲ ပြည်ပကဈေးကြီးကြီးပေးဝယ်ရတာတွေ များတယ်ဆိုတာထည့်သွင်းတွက်ချက်ရပါမယ်။ အိမ်ခြံမြေဈေးကျတာနဲ့ အရင်းအနှီးများတဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေ ရပ်တန့်သွားရပါမယ ။ဆောက်လုပ်ရေးလုပ်ငန်းထဲမှာ မှီခိုလုပ်ကိုင်နေရတဲ့ အောက်ခြေအလုပ်သမား မိသာစုတွေရဲ့ စာဝတ်နေရေးပြဿနာတွေပါ ပေါ်လာမယ် ။အဲဒါတွေကို ကိုင်တွယ်ထိန်းကျောင်းနိုင်ဖို့က အစိုးရရဲ့ မူဝါဒတွေနဲ့ သက်ဆိုင်ပါတယ်။

ဝင်ငွေခွန်တိုးမြှင့်

ပြီးခဲ့တဲ့ ၂၀၁၆ ဧပြီ ၁ ရက်ကစပြီး အိမ်ခြံမြေအရောင်းအဝယ်ပြုလုပ်ရာမှာ ဝင်ငွေခွန်ကို တိုးမြှင့်ကောက်ခံခဲ့ပါတယ်။ တစ်ကျပ်တနေ ကျပ်သိန်း ၃၀၀ အထိ ဝင်ငွေခွန် ၁၅ ရာခိုင်နှုန်း၊ ကျပ်သိန်း ၃၀၀ ကနေ ကျပ်သိန်း ၁၀၀၀ အထိ ဝင်ငွေခွန် ၂၀ ရာခိုင်နှုန်း ၊ ကျပ်သိန်း ၁၀၀၀ အထက်ကို ၃၀ ရာခိုင်နှုန်းအထိကောက်ခံပါတယ်။ ဝင်ငွေရလမ်း စိစစ်မှုခံယူတာ ၊ ကျသင့် ဝင်ငွေပေးသွင်းတာ စတဲ့ အခွန်ဆိုင်ရာ စိစစ်မှုခံယူပြီးပါက ချုပ်ဆိုမယ့် စာချုပ်စာတမ်းအမျိုးအစားအတွက် ထိုက်သင့်တဲ့ တံဆိပ်ခေါင်းတွေ ဝယ်ယူပြီး စာချုပ်မှာ ကပ်နိုင်ဖို့ တံဆိပ်ခွန်နှုန်းထား ငါးရာခိုင်နှုန်းပေးဆောင်ဖို့ သတ်မှတ်ပါတယ်။ လက်ရှိမှာ တစ်ရာခိုင်နှုန်း လျှော့ပေးထားတဲ့ အတွက် တံဆိပ်ခေါင်းခွန်က လေးရာခိုင်နှုန်းပေးဆောင်ရပါမယ်။

အဲသည် သတ်မှတ်ထားတဲ့ အခွန်တွေမြင့်မားနေတာတွေကြောင့် အိမ်ခြံမြေဈေးကွက်အေးလာခဲ့ပြီး တစ်နှစ်ကျော်ကြာလာတဲ့အခါ ပိုမိုနှောင့်နှေးလာပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၄ ဧပြီ ၁ရက်မှာ ကျပ်သိန်း ၃၀၀၀ အောက်အိမ်ခြံမြေဝယ်သူတွေကို အခွန်အထူးလျော့ချပေးခဲ့တယ် ။အဲဒါဟာ ဆင်းရဲသာအောက်ခြေလူတန်းစားတွေနဲ့ ဝန်ထမ်းတွေဝယ်ယူနိုင်အောင် အထူးအခွင့်အရေးပေးခဲ့တာလည်း ဖြစ်တယ်။ အဲသည်အတွက် ၂၀၁၄ / ၂၀၁၅ ခုနှစ်မှာ ကောက်ခံရတဲ့ ဝင်ငွေခွန်ဟာ ကျပ် ၁၀၈ ဘီလျံအထိရှိခဲ့တယ်။

၂၀၁၅မှာလည်း ကျပ်သိန်း ပေါင်း ၁၅,၀၀၀ အောက် အိမ်ခြံမြေဝယ်ယူသူတွေကို ဝင်ငွေခွန်လျှော့ပေးတဲ့အတွက် အမှန်တကယ်မှတ်ပုံတင်ပြီး တရားဝင်အောင် အခွန်ဆောင်တဲ့သူတွေ ပိုများခဲ့ပါတယ်။ ၂၀၁၅ / ၂၀၁၆ ခုနှစ်မှာ ဝင်ငွေခွန် ကျပ် ၁၁၈ ဘီလျံအထိ နိုင်ငံတော်က ရရှိခဲ့ပါတယ်။ ၂၀၁၆ ဧပြီ ၁ ရက်ကစပြီး ဝင်ငွေခွန်တိုးလိုက်တဲ့အခါ မှာတော့ ကျပ် ဘီလျံ ၅၀ လောက်ပဲ ရရှိပါတော့တယ်။ အဲဒါကို ကြည့်ရင် ပြည်သူတွေရဲ့ စီးပွားရေး အခက်အခဲတွေကြားမှာ ဝင်ငွေခွန်တိုးမြှင့်လိုက်တဲ့အတွက် အိမ်ခြံမြေ အရောင်းအဝယ် အေးသွားတာကို တွေ့ရှိနိုင်ပါတယ်။

အတိုးနှုန်း

အိမ်ခြံမြေဈေးကွက် အပေါ် အတိုးနှုန်းတွေရဲ့ ရိုက်ခတ်မှုကလည်း ပြင်းထန်ပါတယ်။ အိမ်ကို အပေါင်းထားဖို့စဉ်းစာတဲ့အခါ အတိုးနှုန်းကို အရင်တွက်ချက်ဖို့ လိုအပ်ပါတယ် ။အတိုးနှုန်းသက်သာရင် ဝယ်ယူတဲ့ကုန်ကျစရိတ်သက်သာတာနဲ့အမျှ အိမ်ခြံမြေဝယ်လိုအားများရင် အိမ်ခြံမြေဈေးနှုန်းတွေ မြင့်တက်လာပါတယ် ။အတိုးနှုန်းတွေတက်လာရင် အိမ်ဝယ်ဖို့ ကုန်ကျစရိတ် မြင့်တက်လာတဲ့အတွက် အိမ်ခြံမြေဝယ်လိုအားကျဆင်းသွားပါမယ်။
အဲသည်အတွက် အိမ်ခြံမြေဈေးနှုန်းတွေလည်း ကျဆင်းပါတယ်။ဈေးကွက်ထဲမှာ အတိုးနှုန်းကျဆင်းတဲ့အခါ Real Estate Investment Trust (REIT) စတော့ခ်တွေ ရတဲ့အမြတ်အစွန်းတွေက ဆွဲဆောင်မှုရှိလာပြီး တန်ဖိုးလည်းမြင့်တက်လာပါတယ်။ အတိုးနှုန်းတွေမြင့်သွားရင် REIT ရဲ့ အမြတ်အစွန်းတွေ ကျဆင်းသွားပြီး ဆွဲဆောင်မှုအား နည်းသွားပြီး တန်ဖိုးကျဆင်းပါတယ်။ အဲဒါကြောင့် အိမ်ခြံမြေဈေးကွက်ပုံမှန် လည်ပတ်နိုင်ဖို့က ဘဏ်တိုးနှုန်းတွေ လျှော့ချဖို့လည်း လိုအပ်နေပါတယ်။

ဝင်ငွေခွန်ဖြေလျှော့ဖို့

အိမ်ခြံမြေအရောင်းအဝယ် နှေးကွေးနေတာကြောင့် ဝင်ငွေခွန်အပေါ် စည်းကြပ်နှုန်း ၃၀ ရာခိုင်နှုန်း အခွန်ကောက်ခံမှုတွေကို ပြည်လည်ပြင်ဆင်ဖို့ စဉ်းစားနေကြောင်း စီမံကိန်း ဘဏ္ဍာရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြောပါတယ်။ လက်ရှိအစိုးရဟာ အများပြည်သူဆီက အခွန်ကောက်ခံရမယ်ဆိုတဲ့ သီအိုရီကို မကျင့်သုံးဘဲ အခွန်ထမ်းဆောင်လိုသူများစွာ ပါဝင်လာနိုင်မယ့်အခွန်စနစ်ကိုသာ ကျင့်သုံးနေတယ်လို့ ဆိုတယ်။
အိမ်ခြံမြေ တရားဝင်ရောင်းဝယ်တဲ့အခါ အသုံးပြုရမယ့် တံဆိပ်ခေါင်းခွန်းကိုလည်း ပြီးခဲ့တဲ့ ဇွန်လအတွင်းက ငါး ရာခိုင်နှုန်းကနေ လေးရာခိုင်နှုန်း လျှော့ချပေးခဲ့တယ်။ နှစ်နှစ်ကျော် အပြောင်းအလဲမရှိတဲ့ အိမ်ခြံမြေတစ်ပေပတ်လည်စံနှုန်း သတ်မှတ်ချက်တွေကိုလည်း ကာလပေါက်ဈေးထက် လျှော့ချပြီး အသစ်ပြဋ္ဌာန်းဖို့ ကာလတန်ဖိုး စိစစ်ရေး အဖွဲ့က စီစဉ်နေပါတယ်။ အဲဒါအပြင် ၂၀၁၇-၂၀၁၈ စည်းကြပ်နှစ်အတွက် ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာ မြေကွက်တန်ဖိုး စိစစ်သတ်မှတ်ရေးအဖွဲ့က အခွန်စည်းကြပ်ပေးတဲ့အခါ ဈေးနှုန်းတွေ လျှော့ချပေးခဲ့တယ်။

လက်ရှိမှာ မြန်မာ့စီးပွားရေက ကျဆင်းနေပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေလည်း လျော့ကျနေတာဖြစ်လို့ အိမ်ခြံမြေဈေးကွက်မှာ အရင်းအနှီးများများ မြှုပ်နှံလိုသူတွေ အတွက်ကတော့ မသင့်လျော်သေးဘဲ စောင့်ကြည့်ရမယ့် အနေအထားဖြစ်နေပါတယ်။ ဒါပေမဲ့ နိုင်ငံတော်အစိုးရရဲ့ ကွန်ဒိုမီနီယံ ဥပဒေတွေ ထွက်ရှိလာပြီး ဝင်ငွေခွန်နှုန်းထားတွေ လျှော့ချပေးတဲ့ တစ်နေ့ အိမ်ခြံမြေ ဈေးကွက် အားကောင်းမောင်းသန်ဖြစ်လာဖို့ မျှော်လင့်ရမှာ ဖြစ်ပါတယ်။

Credit: The Modern

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...
ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...
တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...
မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...
နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...
နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...
ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...
ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်
မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယ
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယ
ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား
ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား
TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း
TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း
နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာ
နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာ
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်
စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်
စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်
ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေး
ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေး
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န
imyanmarmarket
CarsDB Showroom Opening

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service