လော့စ်အိန်ဂျလိတွင် အိမ်ရာမဲ့ဖြစ်နေသော ကောလိပ်ကျောင်းသားများအတွက် အိမ်ရာဆောက်လုပ်ရန်စီစဉ်

လော့စ်အိန်ဂျလိတွင် အိမ်ရာမဲ့ဖြစ်နေသော ကောလိပ်ကျောင်းသားများအတွက် အိမ်ရာဆောက်လုပ်ရန်စီစဉ် - Property News in Myanmar from iMyanmarHouse.com
31 Oct 2017 11:09 am တွင် တင်ခဲ့သည်
4897 ကြိမ် ကြည့်ရှု့ပြီး
အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိမြို့တွင် အိမ်ရာမဲ့ဖြစ်နေသော ကောလိပ်ကျောင်းသားများ အတွက် အိမ်ရာဆောက်လုပ်ရန်စီစဉ်လျက်ရှိသည်ဟု ဆိုသည်။

လော့စ်အိန်ဂျလိတွင် community college ကောလိပ်ကျောင်းသား ငါးဦးလျှင် တစ်ဦးမှာ အိမ်ရာမဲ့ဖြစ်နေကြရသည်။

လော့စ်အိန်ဂျလိမြို့လယ်၊ ဘွိုင်းဟိုက်စ်အရပ်၊ ၃ လမ်းနှင့် အင်ဒီယာနာရိပ်သာတို့အနီးတွင် တည်ရှိသည့် အဆောက်အအုံကြီးတစ်ခုကို အဆင့်မြင့်ပညာရေးလေ့လာနေကြသည့် အိမ်ရာမဲ့ကျောင်းသားများအတွက် အိမ်ရာဆောက်လုပ်ရန် ပေးအပ်လိုက်ပြီဖြစ်ကြောင်း လော့စ်အိန်ဂျလိမြို့တော်ကောင်စီအဖွဲ့ဝင် ဂျို့စ် ဟီဇာက ထုတ်ဖော်ကြေညာသည်။

သူ၏ သတင်းထုတ်ပြန်ချက်တွင် စီမံကိန်းအတွင်း လူနေခန်းမည်မျှပါဝင်သည်ဟူသည့်အချက်ကိုမူ ထုတ်ဖော်ပြောကြားထားခြင်း မရှိချေ။
အိမ်ရာဆောက်လုပ်မည့် မြေနေရာမှာ East LA Community ကောလိပ်အနီးတွင် တည်ရှိပြီး Gold Line ၏ အင်ဒီယာနာ ဘူတာရုံ၊ ဘတ်စ်ကားလိုင်းများစွာနှင့် နီးကပ်စွာတည်ရှိသည်။
ယင်းမြေနေရာသည် လော့စ်အိန်ဂျလိမြို့တော်ကောင်စီမှ ပိုင်ဆိုင်ထားသည့် မြေကွက်များစွာအနက်တစ်ခု ဖြစ်သည်။

ယခုတန်ဖိုးနည်းအိမ်ရာကို ဆောက်လုပ်မည်မှာ အကျိုးအမြတ်အတွက် ရည်ရွယ်မှုမရှိသည့် အဖွဲ့အစည်းတစ်ခုဖြစ်သော Jovenes, Inc. မှ ဖြစ်သည်။
အဆိုပါအဖွဲ့သည် လူငယ်တို့ အိမ်ရာမဲ့ဖြစ်နေသည့် အကြောင်းရပ်ကို ဦးတည်ကိုင်တွယ်ဖြေရှင်းလျက်ရှိသည့် အဖွဲ့ဖြစ်ပြီး ယခုစီမံကိန်းကို Restore Neighborhoods LA နှင့် ပူးတွဲ အကောင်အထည်ဖော်မည် ဖြစ်သည်။
ယင်းစီမံကိန်းဆောက်လုပ်ရန် လေလံဆွဲစဉ်ကလည်း ၎င်းတို့တစ်ဖွဲ့တည်းသာရှိခဲ့သည်ဟု ဆိုသည်။

Los Angeles Community College District ဘုတ်အဖွဲ့၏ လေ့လာချက်အရ ခရိုင်အတွင်းရှိ ကောလိပ်ကျောင်းသားပေါင်း ၂၃၀၀၀၀ အနက် ၂၀ ရာခိုင်နှုန်းမှာ အိမ်ရာမဲ့ဖြစ်နေကြရသည်ကို တွေ့ရှိရသည်။
လူငယ်လူရွယ်တို့ အိမ်ရာမဲ့ဖြစ်ရမှုကဏ္ဍတွင် ၆၄ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့သည်။

အစားအသောက် ကောင်းကောင်းမွန်မွန်ဖြင့် အာဟာရပြည့်မီစွာ စားသောက်နိုင်မှုကဏ္ဍတွင် ကျောင်းသား သုံးပုံနှစ်ပုံမှာ ကောင်းစွာ စားသောက်နိုင်ကြခြင်းမရှိဟု ဆိုသည်။

မြို့တော်ကောင်စီသည် Aliso Triangle အရပ်ရှိ အခြားအဆောက်အအုံတစ်ခုကိုလည်း Jovenes, Inc. သို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ဖြစ်သည်ဟု ဆိုသည်။
ထို့အပြင် community ကောလိပ် ကျောင်းသား ထက်ဝက်ခန့်မှာ လူနေခန်းဈေးနှုန်းမြင့်မားလာမှုတွင် ခက်ခဲစွာရုန်းကန်ကြရလျက်ရှိသည်ဟု ဆိုသည်။

မကြာသေးမီကမှ အိမ်ရာမဲ့ဖြစ်ခဲ့ကြသူ ၁၉ ရာခိုင်နှုန်း၊ နေအိမ်မှ နှင်ထုတ်ခြင်းခံရသူ ၁၂ ရာခိုင်နှုန်း၊ မော်တော်ကား/လူသူကင်းမဲ့နေသော စွန့်ပစ်အဆောက်အအုံများ အပါအဝင် လူနေထိုင်ရန်အတွက် ရည်ရွယ်ထားခြင်းမဟုတ်သည့် နေရာများတွင် နေထိုင်ကြရလျက်ရှိသူ ၆ ရာခိုင်နှုန်းရှိကြောင်း လေ့လာချက်တွင် ဖော်ပြသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
လော့စ်အိန်ဂျလိတွင် အိမ်ရာမဲ့ဖြစ်နေသော ကောလိပ်ကျောင်းသားများအတွက် အိမ်ရာဆောက်လုပ်ရန်စီစဉ် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀

Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး

တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို သူစိမ်းတစ်ဦးက လူမှားကာ လာရောက်နှုတ်ဆက်ရာ နှစ်ပေါင်း ၃၀ ကွဲကွာနေသော အမြွှာညီအစ်ကိုဖ

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်

TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း

ဘီလ်ဂိတ်က အိမ်တွင် သားသမီးများ မရှိတော့ဘဲ တစ်ယောက်တည်း အထီးကျန်နေသော်လည်း ရေချိုးခန်း ၂၄ ခန်းပါ အလွန်ကြီးမားလှသည့် စံအိမ

Royal Theikdi Condo
CarsDB Showroom Opening

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service