ငြိမ်သက်နေသော အမေရိကန် ဒေါ်လာဈေးသည် ကမ္ဘာ့ရွှေဈေး ကျဆင်းလာ
သည့်အတွက် အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းများ မြင့်တက်ကြောင်း ငွေကြေးဈေးကွက်အတွင်းမှ သိရသည်။
ပြီးခဲ့သည့် သီတင်းပတ်ကထက် ပြင်ပပေါက်ဈေး တစ်ဒေါ်လာလျှင် ခြောက်ကျပ်ခန့်နှင့် ဗဟိုဘဏ်နှုန်း တစ်ဒေါ်လာလျှင် လေးကျပ်ခန့် တက်ပြီး အရောင်းအဝယ် ပုံမှန်ဖြစ်ကြောင်း ယင်းဈေးကွက်အတွင်းမှ သိရသည်။
“တခြား အကြောင်းအရင်းတော့ မရှိဘူး။ အရောင်းအဝယ်ကလည်း ပုံမှန်ပဲ။ ကမ္ဘာ့ရွှေဈေး ကျလို့ပဲ ကျတာပါ။ ထပ်တက်ဖို့လည်း သိပ်မမြင်ပါဘူး”ဟု Myanmar Sunflower Money Changer ဒါရိုက်တာ ဦးအတူးလေးက ပြောဆိုသည်။
အမေရိကန်ဒေါ်လာဈေးသည် ကျပ်ငွေတန်ဖိုး ကျဆင်းခြင်းကြောင့် အမြင့်ဈေးဖြင့် ရပ်တည်နေသည်မှာ ကြာမြင့်နေပြီဖြစ်ကာ ယခု ဆက်လက် မြင့်တက်လာခြင်းဖြစ်သည်။
အမေရိကန် ဒေါ်လာဈေးသည် ပြီးခဲ့သည့်နှစ် အောက်တိုဘာလအတွင်းကထက် ဗဟိုဘဏ်နှုန်းသည် တစ်ဒေါ်လာလျှင် ကျပ် ၁၀ဝ ကျော်နှင့် ပြင်ပ ပေါက်ဈေးမှာ တစ်ဒေါ်လာလျှင် ၈၀ ကျပ်ကျော်အထိ မြင့်တက်နေသည့်အတွက် လူသုံးကုန်၊ စက်သုံးဆီ၊ ဆေးဝါးနှင့် အခြား အဓိက သွင်းကုန်များ၏ ဈေးနှုန်းများ မြင့်တက်နေသည်။
လက်ရှိ ဒေါ်လာဈေးနှုန်းသည် ပြင်ပ ဈေးကွက်၌ အမေရိကန် တစ်ဒေါ်လာလျှင် ၁၃၅၆ ကျပ်နှင့် ဗဟိုဘဏ်နှုန်းမှာ တစ်ဒေါ်လာလျှင် ၁၃၆၆ ကျပ်ဖြစ်ကြောင်း ငွေကြေးဈေးကွက်အတွင်းမှ သိရသည်။
Credit: The Voice