အရစ်ကျပေးချေမှုစနစ်ဖြင့် အိမ်ရာပိုင်ဆိုင်နိုင်ရေးမှာ လတ်တလော ရေးပန်းစားလျက်ရှိနေပြီး ယင်းစနစ်ရေရှည်အောင်မြင်ရေးအတွက် ဘဏ်များ၏ကြားခံပေးနိုင်မည့် ငွေကြေးအင်အားနှင့် အချိန်ကာလပေါ်
များစွာမူတည်ကြောင်း ရန်ကုန်တိုင်းဒသကြီးအိမ် ခြံ မြေ လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက သုံးသပ်ပြောပြသည်။
''' အရစ်ကျနှစ်ရှည် စနစ်နဲ့သွားတာက ဒီမှာ အခုခောတ်စားလာတာပေါ့။နိုင်ငံတကာမှာကတော့ ဒီလိုသွားတာ တစ်အားကိုကြာနေပြီ။ဒီမှာကတော့ စတာ ရှစ်နှစ် ၊ ဆယ်နှစ်လောက်ပဲရှိသေးတယ်။အောင်မြင်မလားဆိုတဲ့မေးခွန်းကတော့ နိုင်ငံတော်ရဲ့ တစ်ဦးတစ်ယောက်ချင်းစီရဲ့ ၀င်ငွေပေါ်အများကြီးမူတည်တယ်။နောက်ပြီး ဒီစနစ်က ဘဏ်နဲ့လည်း ဆက်နွယ်နေရတာဆိုတော့ ဘဏ်ရဲ့ကြားခံပေးနိုင်တဲ့ ငွေကြေးအင်အားပေါ်လည်း အများကြီးမူတည်တယ်။'''' ဟု ၄င်းပုဂ္ဂိုလ်မှ ပြောဆိုသည်။
''' တန်ဖိုးနည်းအိမ်ရာများအား အရစ်ကျပေးချေသည့် စနစ်ဖြင့်ဝယ်ယူရာတွင် အမှန်တကယ်လိုအပ်နေသူများ၏ လက်ဝယ်ရောက်ရှိရေးအတွက် သတ်မှတ်ချက်အချို့ကို ပြင်ဆင်ရမည်ဖြစ်ကြောင်း ''' လည်း မြို့ရွာနှင့်အိုးအိမ် ဦးစီးဌာနမှ အငြိမ်းစားညွှန်ကြားရေးမှုး ဦးမြင့်ဆွေမှထောက်ပြထားသည်။
''' ဘဏ်ချေးငွေနဲ့ ချိတ်ဆက်တဲ့အခါမှာ သူက Default ဖြစ်မှာ သိပ်ကြောက်တာ။သိပ်စိုးရိမ်တဲ့အခါကြတော့ သူက တစ်လအနိမ့်ဆုံးဝင်ငွေ သုံးသိန်းရှိရမယ်ပေါ့နော်။ဒါပေမယ့် လက်ရှိ အနိမ့်ဆုံးလုပ်ခလစာနဲ့ဆို ဘယ်လိုမှမရဘူး။အဲဒီတော့ သုံးသိန်းဆိုတာရယ် ၊ သိန်း သုံးဆယ်ဆိုတာရယ် ၊ ဆယ်နှစ်ဆိုတာရယ်စတဲ့ အတားအဆီးတွေကြောင့် မ၀ယ်နိုင်တဲ့သူတွေအများကြီးရှိသေးတယ်။’’’’ ဟု၎င်းမှပြောဆိုသုံးသပ်သည်။
မင်းချို မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com