ဂျက်ကီချန်း၏ နေအိမ်များနှင့် အခြားပိုင်ဆိုင်မှုများ (ကမ္ဘာကျော်ပုဂ္ဂိုလ်တို့၏နေအိမ်များ)

ဂျက်ကီချန်း၏ နေအိမ်များနှင့် အခြားပိုင်ဆိုင်မှုများ (ကမ္ဘာကျော်ပုဂ္ဂိုလ်တို့၏နေအိမ်များ) - Property News in Myanmar from iMyanmarHouse.com
27 Oct 2017 11:54 am တွင် တင်ခဲ့သည်
1673 ကြိမ် ကြည့်ရှု့ပြီး
“ကမ္ဘာကျော် အက်ရှင်သရုပ်ဆောင် ဂျက်ကီချန်းကို ၁၉၅၄ ခုနှစ်၊ ဧပြီလ ၇ ရက်တွင် ဟောင်ကောင်၌ မွေးဖွားပြီး ငယ်မည်မှာ ချန်းကောင်ဆန်း ဖြစ်သည်။
မိဘများမှာ ချားလ်စ်နှင့် လီလီချန်းတို့ဖြစ်ကြပြီး ချန်ကေရှိတ်နှင့် ကွန်မြူနစ်တို့အကြားဖြစ်ပွားသည့် ပြည်တွင်းစစ်ကြီးတွင် ဟောင်ကောင်သို့ စစ်ဘေးခုံလှုံခဲ့ကြခြင်း ဖြစ်သည်။မိဘများက ဂျက်ကီချန်းကို “ဟောင်ဟောင်” ဟု နာမည်ပြောင်ပေးကြသည်။တရုတ်ဘာသာအားဖြင့် ပူဖောင်းဟုအမည်ရ၏။

အလွန်အဆော့သန်သော ဂျက်ကီချန်းလေးသည် အိမ်ကပ်သည်မရှိဘဲ လည်ပတ်နေသည်က များသောကြောင့် ထိုသို့ အမည်ပေးခြင်း ဖြစ်သည်ဟု ဆိုသည်။
သူ၏ မိဘများမှာ ဟောင်ကောင်ရှိ ပြင်သစ်သံအမတ်ကြီးထံတွင် အလုပ်လုပ်ကိုင်ကြသည်။သို့ဖြင့် ဂျက်ကီချန်း၏ ကလေးဘဝမှာ သံတမန်အိမ်တော်ဝန်းအတွင်းတွင် ကြီးပြင်းကုန်လွန်ခဲ့ရသည်။မူလတန်းတက်စဉ်
ပထမဆုံးနှစ်မှာပင် စာမေးပွဲကျရာ မိဘများက ကျောင်းထုတ်လိုက်ကြ၏။

၁၉၆၀ ပြည့်နှစ်တွင် ဖခင်ဖြစ်သူမှာ သြစတေးလျနိုင်ငံ၊ ကင်ဘာရာသို့ ပြောင်းရွှေ့ခဲ့ပြီး အမေရိကန်သံရုံးတွင် စားဖိုမှူးအဖြစ် လုပ်ကိုင်ခဲ့သည်။
ဂျက်ကီချန်းကို ပီကင်းအော်ပရာကျောင်းတစ်ခုဖြစ်သော တရုတ်ဒရာမာအကယ်ဒမီသို့ တက်ရောက်စေခဲ့သည်။

အဆိုပါကျောင်းများသည် ပီကင်အော်ပရာကို အဓိကသင်ကြားပေးပြီး အခြားဘာသာရပ်များဖြစ်သော ကိုယ်ခံပညာ၊ ဂျွမ်းဘား၊ တေးဂီတ၊ အကနှင့် ပရိသတ်ဖျော်ဖြေမှုအတတ်များ သင်ကြားပေးကြသည်။
အဆိုပါကျောင်းတွင် ဆယ်စုနှစ်တစ်ခုခန့် တက်ရောက်ခဲ့ပြီးနောက် ဂျက်ကီချန်းမှာ ကိုယ်ခံပညာနှင့် ကျွမ်းဘား ဘာသာရပ်များတွင် အလွန်ထူးချွန်သူ ဖြစ်လာသည်။

ကျောင်းရှိ အတော်ဆုံးကျောင်းသားများစုဖွဲ့ထားသည့် Seven Little Fortunes အဖွဲ့တွင် ဂျက်ကီချန်းပါဝင်လာခဲ့သည်။
ဖက်တီးမင်းသားဟု အမည်ရသော ဆန်မိုဟန်သည်လည်း အဆိုပါအဖွဲ့တွင် ဂျက်ကီချန်းနှင့်အတူ ပါဝင်ခဲ့သူ ဖြစ်သည်။ရုပ်ရှင်လောကသို့ ဝင်ရောက်လာချိန်တွင်လည်း ဂျက်ကီချန်းသည်
ဆန်မိုဟန်နှင့်အတူ ကျင်းပါကင်အမည်ရှိ ဆရာကြီးတစ်ဦးထံတွင် ဟက်ပ်ကီဒိုပညာရပ် ဆည်းပူးလေ့လာခဲ့ပြီး ဂျက်ကီချန်းမှာ ခါးပတ်နက်အဆင့်အထိ ရောက်ရှိခဲ့သည်။

ထို့အပြင် ကရာတေး၊ ဂျူဒို၊ တိုက်ကွမ်ဒို အစရှိသည့်ပညာရပ်များလည်း အပြင်းအထန်လေ့ကျင့်ခဲ့၏။
ရုပ်ရှင်ဇာတ်ကားပေါင်းများစွာတွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီး နာမည်ကျော်ဇာတ်ကားများစွာရှိခဲ့သည့်အနက် အချို့မှာ
Police Story 3: Super Cop (၁၉၉၂)၊ Who Am I? (၁၉၉၈) ၊ Rush Hour (၁၉၉၈) ၊ Around the World in 80 Days (၂၀၀၄)
The Forbidden Kingdom (၂၀၀၈) ၊The Karate Kid (၂၀၁၀) တို့ ဖြစ်ကြသည်။

ယခု ၂၀၁၇ ခုနှစ်အတွင်းတွင်လည်း Kung Fu Yoga၊ The Nut Job 2: Nutty by Nature၊ The Lego Ninjago Movie၊ The Foreigner ၊ Bleeding Steel ၊ Viy 2: Journey to China တို့ ထွက်ရှိမည်ဖြစ်သည်။
ဂျက်ကီချန်း၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၃၇၅ သန်းခန့် ဖြစ်သည်ဟု နောက်ဆုံးခန့်မှန်းချက်များက ဆိုသည်။
ဂျက်ကီချန်းသည် ကမ္ဘာတစ်လွှားတွင် နေအိမ်များစွာပိုင်ဆိုင်ထားသည့်အပြင် တန်ဖိုးကြီးဇိမ်ခံမော်တော်ကားများ၊ ကိုယ်ပိုင်ဂျက်လေယာဉ်များလည်း ပိုင်ဆိုင်ထားသည်။

၁။ လော့စ်အိန်ဂျလိ၏ နာမည်ကျော်ဘီဗာလီဟေးလ်အရပ်ရှိ နေအိမ်

ဂျက်ကီချန်း၏ လော့စ်အိန်ဂျလိနေအိမ်ကို Forbidden Chan Kingdom ဟု အမည်ပြောင်ပေးထားသည်။
အဆိုပါနေအိမ်ကို ၂၀၀၅ ခုနှစ်အတွင်း ကန်ဒေါ်လာ ၆ ဒသမ ၃ သန်းဖြင့် အရောင်းအဝယ်လုပ်ခဲ့ကြောင်း အိမ်ခြံမြေမှတ်တမ်းများတွင် ဖော်ပြသည်။
၁၉၈၆ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ကြမ်းခင်းဧရိယာ ၇၆၃၈ စတုရန်းပေ အကျယ်အဝန်းရှိသည်။
အဝင်တံခါးများတွင် အလိုအလျောက်စနစ်တပ်ဆင်ထားသည်။
သစ်ကြီးဝါးကြီးများ အုပ်ဆိုင်းနေသည့်အပြင် ခြံစည်းရိုးမြင့်များ ကာရံထားသောကြောင့် အများမြင်ကွင်းမှ ကောင်းစွာပျောက်ကွယ်နေသည့် နေအိမ်ကြီးဖြစ်၏။
ကား ၃ စင်းဆန့် ကားဂိုဒေါင်၊ အိပ်ခန်း ၅ ခန်း၊ ရေချိုးခန်း ၆ ခန်း၊ ကြီးမားကျယ်ဝန်းသော မီးဖိုဆောင်၊ သီးသန့် အရက်ဘား၊ ဝိုင်သိုလှောင်ခန်း၊ ရေကူးကန်၊ အသားကင်ပြုလုပ်ရာနေရာ၊ ရေစိမ်ကန်များ ပါဝင်သည်။

၂။ Custom Mitsubishi Lancer Evolution 8 ပြိုင်ကား

မစ်ဆုဘီရှီကုမ္ပဏီ၏ ပြိုင်ကားထုတ်လုပ်ရေးကုမ္ပဏီခွဲဖြစ်သော Ralliart သည် ၂၀၀၆ ခုနှစ်၊ စက်တင်ဘာလအတွင်း Lancer Evo 8 အမျိုးအစားကို Jackie Chan Special Edition ဗားရှင်းအဖြစ် သတ်မှတ်ကာ အစင်းရေ ၅၀ သာထုတ်လုပ်ခဲ့သည်။
ဈေးနှုန်းမှာ ကန်ဒေါ်လာ ၇၇၀၀၀ ဝန်းကျင်ရှိသည်။
အပိုလေခွင်းပေါက်များပါဝင်ကာ ရှေ့ဘက်ရှိ front fender မှာ ၃၀ မီလီမီတာခန့် ထူသည်။
2 Liter turbocharged အင်ဂျင်သုံးထားပြီး တစ်နာရီလျှင် ၂၂၈ ကီလိုမီတာ အမြန်နှုန်းထိ မောင်းနှင်နိုင်စွမ်းရှိသည်။
၂၂ ကီလိုမီတာ (၁၃ မိုင်ကျော်) ကို ၈ မိနစ် ၁၁ စက္ကန့်အတွင်း မောင်းနှင်နိုင်သည်။

၃။ သြစတေးလျရှိ နွေရာသီစံအိမ်

ဘရစ်စဘိန်းသည် သြစတေးလျနိုင်ငံ၊ ကွင်းစလန်ပြည်နယ်၏ မြို့တော်ဖြစ်ပြီး သြစတေးလျတွင် တတိယမြောက် လူဦးရေ အထူထပ်ဆုံး မြို့တော် ဖြစ်သည်။
ဘရစ်စဘိန်းမြို့တွင် ဂျက်ကီချန်းသည် ကမ်းခြေနေအိမ်ကြီးတစ်လုံး ပိုင်ဆိုင်ထားကြောင်း သိရှိသူ နည်းပါးလှ၏။
လက်ရှိအားဖြင့် အဆိုပါနေအိမ်၏ ဓာတ်ပုံတစ်ပုံသာ ရရှိသေးပြီး နေအိမ်မှာ ၃ ထပ်အဆောက်အအုံဖြစ်ဖွယ်ရှိကာ ခေတ်မီဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားပုံရသည်။

၎။ စင်္ကာပူရှိ ကွန်ဒိုခန်းများ

ဂျက်ကီချန်းသည် စင်္ကာပူနိုင်ငံရှိ Overseas Union Enterprise ကွန်ဒိုမီနီယံတွင် အခန်း ၂ ခန်း ဝယ်ယူပိုင်ဆိုင်ထားသည်။
အဆိုပါကွန်ဒိုရှိ အခန်းတိုင်းတွင် အိပ်ခန်း ၃ ခန်းပါဝင်ပြီး ပျှမ်းမျှအားဖြင့် စတုရန်းပေ ၅၇၁ ပေ အကျယ်အဝန်းရှိသည်။

၅။ ကိုယ်ပိုင်ဂျက်လေယာဉ်

ဂျက်ကီချန်းသည် ကိုယ်ပိုင်ဂျက်လေယာဉ် ၂ စင်း ပိုင်ဆိုင်ထားပြီး ပထမတစ်စင်းမှာ Embraer Legacy 500 အမျိုးအစား ဂျက်လေယာဉ်ဖြစ်သည်။
ရေမိုင်ပေါင်း ၃၁၂၅ မိုင်ခန့်အထိ ပျံသန်းနိုင်ပြီး ကန်ဒေါ်လာ သန်း ၂၀ ခန့် တန်ကြေးရှိသည်။
ခရီးသည် ၁၂ ဦးတင်ဆောင်နိုင်ပြီး ကုန်ချိန်အားဖြင့် ၁၅၅ ကုဗပေတင်ဆောင်နိုင်ကာ လေယာဉ်မှူးအခန်း ထိန်းချုပ်မှုစနစ်အားလုံးမှာ ဒစ်ဂျစ်တယ်စနစ်ဖြစ်သည်။
အမြင့်မားဆုံး ပျံသန်းနိုင်သည့် အမြင့်ပေမှာ ပေ ၄၅၀၀၀၀ ဖြစ်ပြီး လေယာဉ်ပေါ်တွင် ဝိုင်ဖိုင်စနစ်၊ HD ဖျော်ဖြေရေးစနစ်၊ အိုင်ပက်နှင့် အိုင်းဖုန်းများ ပါဝင်ပြီး ဖြစ်သည်။

၆။ ဟောင်ကောင်ရှိ နေအိမ်

ဟောင်ကောင်မြို့လယ်တွင်လည်း နေအိမ်တစ်လုံးပိုင်ဆိုင်ထားပြီး နေအိမ်အတွင်း အလွန်ကျယ်ပြောသည့် ရုံးခန်းနေရာနှင့် အားကစားလေ့ကျင့်ရေးခန်းမတို့ ပါဝင်သည်။
အဆောက်အအုံအတွင်း လျှို့ဝှက်တံခါးမှသာ ဝင်ရောက်နိုင်သည့် အခန်းတစ်ခန်းပါဝင်ပြီး အဆိုပါအခန်းအတွင်း အိပ်ခန်း၊ ရေချိုးခန်းနှင့် မီးဖိုဆောင်တို့ ပါဝင်သည်။
ထို့အပြင် အဆောက်အအုံအတွင်း ဒုတိယမြောက်လျှို့ဝှက်ခန်းတစ်ခု ပါဝင်သေးပြီး ခန့်မှန်းချက်များအရ မြေအောက်တွင် ဖြစ်သည်ဟု ဆိုကြသည်။
အဆိုပါအခန်းအတွင်း ဂျက်ကီချန်းက အဝတ်အစားထားသိုခန်းထားရှိပြီး သူ၏ ဦးထုပ်များ၊ ရှူးဖိနပ်များနှင့် အခြားအသုံးအဆောင် ပစ္စည်းများ ထားရှိသည်ဟု ဆိုသည်။
ထိုအခန်းရှိ အိပ်ခန်းသို့ ဝင်ရောက်သည့် တံခါးကိုလည်း လျှို့ဝှက်ထားရှိသည်ဟု ဆို၏။

၇။ Jinrikisha Station အဆောက်အအုံကြီး၊ စင်္ကာပူ

စင်္ကာပူမြို့လယ်၊ တရုတ်တန်းရှိ Jinrikisha Station အဆောက်အအုံကြီးမှာ ကန်ဒေါ်လာ ၇ ဒသမ ၆ သန်းခန့် တန်ကြေးရှိသည်။
မူလက လန်ချားကုမ္ပဏီဂိတ်ဝန်းအဖြစ် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ၁၉၁၉ ခုနှစ်တွင် လန်ချားပေါင်း ၉၀၀၀ နျင့် လန်ချားဆွဲသူပေါင်း ၂၀၀၀၀ ခန့်အထိ ရှိခဲ့သည်။
အဆိုပါ အဆောက်အအုံကြီးကို ဂျက်ကီချန်းဝယ်ယူခဲ့သည်ဟူသည့် သတင်းများရှိနေသည်။
အတိအကျကား မသိရသေးချေ။
ယခုအခါတွင်ကား ယင်းအဆောက်အအုံတွင် ပင်လယ်စာ စားသောက်ဆိုင်များ၊ ဈေးဆိုင်များ၊ ရုံးခန်းများနှင့် ညကလပ်များ အခြေစိုက်ထားသည်။

၈။ Richard Mille Jackie Chan Tourbillon Dragon အမျိုးအစားနာရီ

Richard Mille Jackie Chan Tourbillon Dragon နာရီကို ၂၀၁၂ ခုနှစ်တွင် ထုတ်လုပ်ခဲ့ပြီး စုစုပေါင်း ၃၆ လုံးသာ ကန့်သတ်ထုတ်လုပ်ထားသည်။
တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၆၂၁၀၀၀ (မြန်မာငွေ သိန်းပေါင်း ၅၆၀၀ ကျော်)ခန့် တန်ကြေးရှိသည်ဟု ဆိုသည်။
အဆိုပါနာရီမှာ ထုတ်လုပ်သည့်ကုမ္ပဏီက ဂျက်ကီချန်းကို လက်ဆောင်အဖြစ် ပေးအပ်ခဲ့ခြင်းဖြစ်ပြီး နာရီဒိုင်ခွက်အတွင်း ရွှေ၊ စိန်တို့ဖြင့် မွမ်းမံစီချယ်ထားသည်။
၂၀၁၂ ခုနှစ်တွင် ကျရောက်သော တရုတ်ရိုးရာ နဂါးနှစ်ကို ဂုဏ်ပြုသောအားဖြင့် ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
အဆင့် ၅ တိုက်တေနီယန်နှင့် မဟူရာကျောက်များလည်း ထည့်သွင်းအသုံးပြုတပ်ဆင်ထားသည်။

၉။ စင်္ကာပူရှိ Centennia Suites ကွန်ဒိုမီနီယံ floor

ဂျက်ကီချန်းသည် ၂၀၁၀ ပြည့်နှစ်အတွင်း စင်္ကာပူသို့ အလည်အပတ်ရောက်ရှိစဉ်အတွင်း Centennia Suites ၂၄ ထပ်ကွန်ဒိုမီနီယံတွင် floor တစ်ခု ဝယ်ယူခဲ့ပြီး ကန်ဒေါ်လာ ၇ ဒသမ ၅ သန်းပေးခဲ့ရသည်။
Centennia Suites ကွန်ဒိုမီနီယံတွက် အခန်းပေါင်း ၉၇ ခန်းပါဝင်ပြီး အဆောက်အအုံအတွင်း မြေအောက်ကားပါကင်၊ အားကစားလေ့ကျင့်ရေးခန်းမ၊ ကစားကွင်း၊ ၂၄ နာရီလုံခြုံရေး၊ ရေကူးကန်နှင့် တင်းနစ်ကွင်းတို့ ပါဝင်သည်။

၁၀။ Legacy 650 Private ဂျက်လေယာဉ်

ဂျက်ကီချန်းပိုင်ဆိုင်သော ဒုတိယမြောက် ဂျက်လေယာဉ်ဖြစ်သည်။
Legacy 650 Private သည် သူ၏ ပထမတစ်စင်းဖြစ်သော Legacy 500 ထက် အနည်းငယ် ပိုကြီး၏။
ခရီးသည် ၁၄ ဦးအထိ လိုက်ပါနိုင်ပြီး တန်ဖိုးမှာ ကန်ဒေါ်လာ ၁၃ သန်းခန့် ဖြစ်သည်။
Legacy 650 Private အမျိုးအစားမှာမူ ကုန်ကျစရိတ်ပိုမိုနည်းပါးပြီး ရေမိုင် ၃၉၀၀ ခန့် ခရီးသွားနိုင်ကာ အမြင့်ဆုံးပျံသန်းနိုင်သည့် အမြင့်မှာ ၄၁၀၀၀ ပေ ဖြစ်သည်။

၁၁။ BAXI DC Le Mans ပြိုင်ကားအသင်း

David Cheng နှင့်ပူးတွဲပိုင်ဆိုင်ပြီး အသင်းတန်ကြေးမည်မျှရှိသည်ကိုမူ မသိရချေ။

၁၂။ The Orchard Residences ကွန်ဒိုမီနီယံ

ဂျက်ကီချန်းသည် ၁၉၉၈ ခုနှစ်တွင် စင်္ကာပူနိုင်ငံသားဖြစ်လာခဲ့ပြီးနောက်ပိုင်း Centennia Suites နှင့် Grangeford Apartments တို့တွင် လူနေခန်းများ ဝယ်ယူခဲ့သည်။
နောက်ဆုံးကောလာဟလသတင်းများအရ The Orchard Residences တွင်လည်း နေအိမ်ခန်း ဝယ်ယူခဲ့သည်ဟု ဆိုသည်။ တိကျသော သတင်းများကား ထွက်ပေါ်မလာသေးချေ။

၁၃။ Mitsubishi 3000GT Prototype ပြိုင်ကား

ဂျက်ကီချန်းသည် ၁၉၉၃ ခုနှစ်အတွင်း Mitsubishi 3000GT Prototype ပြိုင်ကားတစ်စင်းပိုင်ဆိုင်ထားခဲ့ပြီး City Hunter အမည်ရှိ ရုပ်ရှင်ဇာတ်လမ်းတိုရိုက်ကူးရာတွင် ထည့်သွင်းအသုံးပြုခဲ့သည်။
တွင်းတာဘို V6 အင်ဂျင်ကို သုံးထားပြီး 0-60 မိုင်ကို ၅ ဒသမ ၅ စက္ကန့်အတွင်း အရှိန်မြှင့်တင်နိုင်ကာ တစ်နာရီလျှင် မိုင် ၁၆၀ နှုန်းဖြင့် မောင်းနှင်နိုင်စွမ်းရှိသည်။
၁၄။ Jackie Chan Edition Lamborghini Aventador မော်တော်ကား

ဂျက်ကီချန်းအတွက် အထူးရည်ရွယ်ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၄ ခုနှစ်အတွင်း ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။
6.5 liter V12 အင်ဂျင်သုံးထားပြီး မြင်းကောင်ရေ ၆၉၀ အားရှိသည်။
တစ်နာရီလျှင် ၂၁၇ ဒသမ ၅ မိုင်နှုန်းအထိ မောင်းနှင်နိုင်စွမ်းရှိပြီး တန်ဖိုးမှာ ကန်ဒေါ်လာ ၃၉၄၀၀၀ ဖြစ်သည်။

၁၅။ Bentley Mulsanne မော်တော်ကား

6.75 liter V8 အင်ဂျင်တပ်ဆင်ထားပြီး တစ်နာရီလျှင် ၁၈၉ ဒသမ ၅ မိုင်နှုန်းအထိ မောင်းနှင်နိုင်သည်။
0-60 မိုင်ကို ၄ ဒသမ ၉ စက္ကန့်အတွင်း အရှိန်မြှင့်တင်နိုင်စွမ်းရှိသည်။
တန်ဖိုးမှာ ကန်ဒေါ်လာ ၃၃၅၆၀၀ ခန့် ဖြစ်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ဂျက်ကီချန်း၏ နေအိမ်များနှင့် အခြားပိုင်ဆိုင်မှုများ (ကမ္ဘာကျော်ပုဂ္ဂိုလ်တို့၏နေအိမ်များ) - Property News in Myanmar from iMyanmarHouse.com
ဂျက်ကီချန်း၏ နေအိမ်များနှင့် အခြားပိုင်ဆိုင်မှုများ (ကမ္ဘာကျော်ပုဂ္ဂိုလ်တို့၏နေအိမ်များ) - Property News in Myanmar from iMyanmarHouse.com
ဂျက်ကီချန်း၏ နေအိမ်များနှင့် အခြားပိုင်ဆိုင်မှုများ (ကမ္ဘာကျော်ပုဂ္ဂိုလ်တို့၏နေအိမ်များ) - Property News in Myanmar from iMyanmarHouse.com
ဂျက်ကီချန်း၏ နေအိမ်များနှင့် အခြားပိုင်ဆိုင်မှုများ (ကမ္ဘာကျော်ပုဂ္ဂိုလ်တို့၏နေအိမ်များ) - Property News in Myanmar from iMyanmarHouse.com
ဂျက်ကီချန်း၏ နေအိမ်များနှင့် အခြားပိုင်ဆိုင်မှုများ (ကမ္ဘာကျော်ပုဂ္ဂိုလ်တို့၏နေအိမ်များ) - Property News in Myanmar from iMyanmarHouse.com
ဂျက်ကီချန်း၏ နေအိမ်များနှင့် အခြားပိုင်ဆိုင်မှုများ (ကမ္ဘာကျော်ပုဂ္ဂိုလ်တို့၏နေအိမ်များ) - Property News in Myanmar from iMyanmarHouse.com
ဂျက်ကီချန်း၏ နေအိမ်များနှင့် အခြားပိုင်ဆိုင်မှုများ (ကမ္ဘာကျော်ပုဂ္ဂိုလ်တို့၏နေအိမ်များ) - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...
ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...
တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...
မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...
နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...
နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...
ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...
ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀
ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို သူစိမ်းတစ်ဦးက လူမှားကာ လာရောက်နှုတ်ဆက်ရာ နှစ်ပေါင်း ၃၀ ကွဲကွာနေသော အမြွှာညီအစ်ကိုဖ
တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို သူစိမ်းတစ်ဦးက လူမှားကာ လာရောက်နှုတ်ဆက်ရာ နှစ်ပေါင်း ၃၀ ကွဲကွာနေသော အမြွှာညီအစ်ကိုဖ
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ
နယူးယောက်မှာ ဖောင်ဒေးရှင်း မခိုင်ဘဲ ဆောက်လုပ်ခဲ့တာကြောင့် ပေပေါင်း ၆၇၀ အမြင့်အထိ ဆောက်လုပ်ပြီးမှ စောင်းစောင်းကြီးဖြစ်သွာ
နယူးယောက်မှာ ဖောင်ဒေးရှင်း မခိုင်ဘဲ ဆောက်လုပ်ခဲ့တာကြောင့် ပေပေါင်း ၆၇၀ အမြင့်အထိ ဆောက်လုပ်ပြီးမှ စောင်းစောင်းကြီးဖြစ်သွာ
လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။
လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်
ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်
ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်
imyanmarmarket
CarsDB Showroom Opening

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service