အိမ်ခြံမြေ၀န်ဆောင်မှု ဥပဒေထွက်ရှိလာမယ်ဆိုရင် မြေဈေးတည်ငြိမ်မှုကို
လည်း အထောက်အကူပြုနိုင်မှာဖြစ်ပြီး ရောင်းသူ၊ ၀ယ်သူနဲ့ အကျိုးဆောင်တွေအတွက်လည်း အကာအကွယ်ရှိလာမှာဖြစ်တယ်လို့ မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအသင်းက သိရပါတယ်။
မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်းဖွံ့ဖြိုါ်တိုးတက်ရေးအသင်း ဥက္ကဌ ဦးတင်မောင်က ‘၀န်ဆောင်မှုပြုတဲ့သူတွေသည် နိုင်ငံတော်အစိုးရက ဥပဒေပြဌာန်းထားတာမရှိတဲ့အတွက် အကျိုးဆောင်ပါလို့ ပြောရင်တရားဝင်သလို ဖြစ်နေတဲ့အတွက် မဟုတ်တာလုပ်တဲ့ သူတွေကလဲ အကျိုးဆောင်ခေါင်းစဉ်ပြပြီး မဟုတ်တာလုပ်တော့ အတုအယောင်တွေ ပြည်သူတွေလက်ထဲ ရောက်တယ်။ ပြည်သူဒုက္ခဖြစ်တယ်’ လို့ ပြောပါတယ်။
အိမ်ခြံမြေ၀န်ဆောင်မှုဥပဒေမှုကြမ်းကို အခုနှစ်အစက စတင်ပြုစုနေတာဖြစ်ပြီး နှစ်မကုန်ခင်မှာ ပြည်သူ့လွှတ်တော်ကို တင်နိုင်ဖို့ လျာ်ထားတယ်လို့
ဆိုပါတယ်။
‘ဥပဒေဘောင်အတွင်းက သွားရင်ပြည်သူတွေလဲ အမှားအယွင်းကင်းမယ်။
လုပ်ထုံးလုပ်နည်းနဲ့အညီ အကျိုးခံစားခွင့်ရှိမယ်၊ နိုင်ငံတော်လဲ အခွန်မှန်မှန်ကန်ကန်ရမယ်၊ အကျိုးဆောင်တွေလဲ အပြည့်အ၀လုပ်အားခရမယ်’
လို့ပြောပါတယ်
ဝန်ဆောင်မှုဥပဒေမရှိတဲ့ အတွက် အကျိုးဆောင်ဆိုတဲ့ နာမည်အောက်မှာ
လိမ်လည်တာတွေရှိလို့ ဥပဒေသာပေါ်ထွက်လာမယ်ဆိုရင်
အဆိုပါဖြစ်စဉ်တွေကိုလည်း ထိန်းချုပ်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။
ဥပဒေနဲ့အညီ ကျင့်သုံးရပြီဆိုရင် လုပ်တဲ့အကျိုးဆောင်ကလည်း နိုင်ငံတော်ပြဌာန်းထားတဲ့ ဥပဒေနဲ့အညီသွားရမယ်။ သင်တန်းတွေတက်ရမယ်၊ လေ့လာစည်းပူးရမယ်၊ အကျိုးဆောင်နဲ့ ပတ်သက်တဲ့ လက်မှတ်တွေ ကိုင်တွယ်ရမယ်။
ဖောက်လွဲဖောက်ပြန်လုပ်ရင် သူ့လိုင်စင်ကို ထိခိုက်မှာပဲ’ လို့ မြန်မာနိုင်ငံ
အိမ်ခြံမြေဖွံ့ဖြိုးတိုးတက်ရေးအသင်း ဥက္ကဌ ဦးတင်မောင် ကပြောပါတယ်။
Credit: The Modern