ရွှေလင်ဗန်းရှိ တန်ဖိုးနည်း အိမ်ခန်း ၃ဝဝ ခန့် ရောင်းချရန် ကျန်နေသေး

ရွှေလင်ဗန်းရှိ တန်ဖိုးနည်း အိမ်ခန်း ၃ဝဝ ခန့် ရောင်းချရန် ကျန်နေသေး - Property News in Myanmar from iMyanmarHouse.com
27 Oct 2017 11:01 am တွင် တင်ခဲ့သည်
6916 ကြိမ် ကြည့်ရှု့ပြီး
လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်နယ်မြေအတွင်းတွင် တန်ဖိုးနည်းအိမ်ခန်းပေါင်း ၃ဝဝ နီးပါး ရောင်းချရန် ကျန်ရှိနေသေးသည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးနေမျိုးလှိုင်က ပြီးခဲ့သည့်ရက်သတ္တပတ်က ပြောသည်။

ရွှေလင်ဗန်းစက်မှုဇုန်နယ်မြေအတွင်းတွင် တန်ဖိုးနည်းအိမ်ရာများကို အပိုင်းသုံးပိုင်းဖြင်း ဆောက်လုပ်ခဲ့ပြီး၊ အပိုင်း ၁ ရှိ တန်ဖိုးနည်းအိမ်ရာများကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီမံမှုဖြင့် ရောင်းချပေးပြီးဖြစ်သည်ဟု သိရသည်။

ထို့နောက် တန်ဖိုးနည်းအိမ်ရာ အပိုင်း ၂ နှင့် ၃ ရှိ အိမ်ခန်းများကို အိုးအိမ်ဌာနကရောင်းချခဲ့ရာတွင် အခန်းပေါင်း ၂၇၈ ထိ ရောင်းချရန် ကျန်ရှိနေသေးခြင်းဖြစ်သည်။

တည်နေရာအကျယ်အဝန်းနှင့် အထပ်မြင့်များ အလိုက် အနည်းဆုံး သိန်း ၁၂ဝ မှ အများဆုံး ၁၃၅ သိန်းဖြင့် ရောင်းချသည့် အပိုင်း ၂ တွင် အိမ်ခန်း ၂ဝဝ နှင့် အနည်းဆုံး ၉၈ သိန်းကျပ်မှ အများဆုံး ကျပ်သိန်း ၁၂ဝ ဖြင့် ရောင်းချသည့် အပိုင်း ၃ တွင် ၇၈ ခန်း ရောင်းချရန် ကျန်ရှိနေသေးခြင်းဖြစ်ကာ ဌာနရန်ပုံငွေဖြင့် တန်ဖိုးသင့်အိမ်ရာများ ဆောက်လုပ်ပြီး ငါးရာခိုင်နှုန်းမှ ၁ဝ ရာခိုင်နှုန်းအထိ အမြတ်တင်ပြီး ရောင်းချပေးခဲ့ကြောင်း၊ အဆိုပါ တန်ဖိုးသင့်အိမ်ရာများ ရောင်းချသည့် အမြတ်ငွေဖြင့် တန်ဖိုးနည်းအိမ်ရာများ ဆောက်လုပ်ကြောင်း ဦးနေမျိုးလှိုင်က ပြောသည်။

''တန်ဖိုးနည်းအိမ်ရာမှာတော့ ကျွန်တော်တို့ မြေတန်ဖိုးတွေ ထည့်မတွက်ထားဘူး။ နောက်အခြေခံကုန်ကျစရိတ်တွေဖြစ်တဲ့ ရေ၊ မီးအသုံးပြုဆောက်လုပ်ခတွေ၊ လမ်း၊ တံတားဆောက်လုပ်ခကုန်ကျစရိတ်တွေကိုလည်း တန်ဖိုးနည်းအိမ်ခန်းဝယ်ယူသူတွေကို အကုန်အကျမခံစေဘူး ''ဟု ၄င်းက ပြောသည်။

တန်ဖိုးနည်းအိမ်ခန်းများ ရောင်းချရာတွင်၊ အိမ်ခန်းဝယ်ယူလိုသူများသည် တိုက်ခန်းတန်ဖိုး၏ ၃ဝ ရာခိုင်နှုန်းရှိသည့် ငွေပမာဏကို ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်တွင် စုဆောင်းထားရှိရန် လိုအပ်ပြီး၊ တန်ဖိုး ကျပ်သိန်း ၁၂ဝ တန် အိမ်ခန်းဝယ်ယူသည့်သူများသည် လစဉ် မိသားစုဝင်ငွေ ကျပ်သုံးသိန်းခွဲမှ ငါးသိန်းကျပ်အထိ ရှိရန်လည်း လိုအပ်သည်။

ဘဏ်၏ သတ်မှတ်စည်းမျဉ်းအချက်အလက်များနှင့် ပြည့်စုံသူများသည် ဘဏ်၏ ထောက်ခံချက်ဖြင့် အဆိုပါ တန်ဖိုးနည်းအိမ်ခန်းများကို ဆောက်လုပ်ရေးဝန်ကြီးဌာနလက်အောက်၊ မြို့ပြနှင့် အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာနတွင် လျှောက်ထားဝယ်
နိုင်ခွင့် ရှိမည်ဖြစ်သည်။

ရွှေလင်ဗန်းစက်မှုဇုန်အတွင်း၌ပင် အိုးအိမ်ဌာနက ဆောက်ထားသည့် ထီးလှိုင်ရှင်တန်ဖိုးသင့်အိမ်ရာတွင်လည်း အိမ်ခန်းပေါင်း ရာချီကျန်ရှိနေပြီး တန်ဖိုးအားဖြင့် အများဆုံး ကျပ်သိန်း ၅၆ဝ မှ အနည်းဆုံး သိန်း ၃၁ဝ ရှိကြောင်း သိရသည်။

Credit: Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က အိမ်တွင် သားသမီးများ မရှိတော့ဘဲ တစ်ယောက်တည်း အထီးကျန်နေသော်လည်း ရေချိုးခန်း ၂၄ ခန်းပါ အလွန်ကြီးမားလှသည့် စံအိမ

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ

အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာ

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယ

တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ

CarsDB Showroom Opening
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service