နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု များ ပြည်တွင်းသို့ ပိုမိုစီးဝင်ရန် ဆွဲဆောင်နိုင်ပြီး ပြုပြင်ပြောင်းလဲ ရေးများ ပြုလုပ်နိုင်သော မြန်မာ အစိုးရအား ကမ္ဘာဘဏ်အုပ်စုက ‘Star Reformers Award’ ကို ချီးမြှင့်သည်။
သြစတြီးယားနိုင်ငံ ဗီယင်နာ မြို့တွင် အောက်တိုဘာ ၂၅ ရက် မှ ၂၇ ရက်အထိ သုံးရက်ကြာ ပြုလုပ်သော ရင်းနှီးမြှုပ်နှံမှုများ ယှဉ်ပြိုင်ခြင်း ဆွေးနွေးပွဲတွင် ကမ္ဘာ့ဘဏ်အုပ်စုက ၂၀၁၇ အတွက် အဆိုပါဆုကို မြန်မာနှင့် အီသီယိုးပီးယားနိုင်ငံတို့ကို ပေး အပ်ခဲ့ခြင်းဖြစ်သည်။
Star Reformers Award ကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုမိုစီးဝင်လာအောင် ဆွဲဆောင် နိုင်ခြင်း၊ ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများ လွယ်ကူရှင်းလင်း အောင် ဆောင်ရွက်နိုင်ခြင်း၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများမှ နည်း ပညာများ ပြည်တွင်းလုပ်ငန်းများ သို့ လွှဲပြောင်းရရှိစေခြင်းနှင့် ပြု ပြင်ပြောင်းလဲမှုများကို နိုင်ငံတကာမှ အသိအမှတ်ပြုရလောက်အောင် အောင်မြင်စွာ ဆောင်ရွက်နိုင်ခြင်း အစရှိသည့် အချက်များကို အခြေခံပြီး ရွေးချယ်ခြင်းဖြစ်သည်။
ကမ္ဘာ့ဘဏ်အုပ်စုက Star Reformers Award, Strong Reformers Award နှင့် Aspiring Reformers Award စသည့်ဆု အမျိုးအစား သုံးမျိုး ချီးမြှင့်ခြင်း ဖြစ်ပြီး Star Reformers Award သည် ပြုပြင်ပြောင်းလဲရေး လုပ် ငန်းများကို သိသာထင်ရှားဆုံး ပြုလုပ်နိုင်သည့် နိုင်ငံများကို ချီးမြှင့်သည့် အမြင့်ဆုံးဆုအမျိုး အစားဖြစ်သည်။
ရင်းနှီးမြှုပ်နှံမှုကဏ္ဍနှင့်ပတ် သက်၍ မြန်မာအစိုးရက မြန်မာ နိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေ၊ နည်း ဥပဒေများ အသစ်ပြဋ္ဌာန်းခြင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်၍ အခွန်သက်သာခွင့်များ အတိအကျသတ်မှတ်ပြဋ္ဌာန်းပေးခြင်း၊ ကုန်သွယ်ရေးနှင့် ပတ်သက်၍ လည်း လိုင်စင်များ လွယ်ကူစွာ ထုတ်ပေးနိုင်ခြင်း၊ ကြိုးနီစနစ်များ လျော့နည်းအောင် ဆောင်ရွက်နိုင် ခြင်းတို့ကြောင့် နိုင်ငံတကာအဖွဲ့ အစည်းများက အသိအမှတ်ပြု ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေး က ပြောသည်။
ထို့အပြင် မြန်မာနိုင်ငံ၏ ပြု ပြင်ပြောင်းလဲမှုသည် နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးတို့ကို တစ် ပြိုင်တည်း ပြောင်းလဲနေပြီး ယခုကဲ့သို့ နိုင်ငံတကာအဖွဲ့အစည်း တစ်ခုက ဆုပေးခြင်းသည် မြန်မာနိုင်ငံအတွက် အသိအမှတ်ပြုမှု
တစ်ခုဖြစ်သည်ဟု ၎င်းက ဆိုသည်။
မြန်မာနိုင်ငံတွင် ၂၀၁၇-၁၈ ဘဏ္ဍာနှစ် ငါးလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ ၃ ဒသမ ၉ ဘီလီယံ ကျော်ရှိခဲ့ပြီး ယခင်ဘဏ္ဍာနှစ် ကာလတူထက် သုံးဘီလီယံခန့် ပိုများကြောင်း ဒုတိယသမ္မတ ဦးမြင့်ဆွေက
ပြောကြားထားသည်။
Credit: 7Daydaily