အိမ် ခြံ မြေ ဈေးကွက်သွက်လက်မြန်ဆန်ရေးသည် အစိုးရ၏ စီးပွားရေးနည်းဗျူဟာများပေါ်များစွာမူတည်ကြောင်း မြန်မာနိုင်ငံ အိမ် ခြံ မြေ ၀န်ဆောင်မှုအသင်းဗဟို မှ ဒုတိယဥက္ကဌဖြစ်သူ ဦးသန်းဦးမှ သုံးသပ်ပြောဆိုသည်။
'''' အိမ် ခြံ မြေ ဈေးကွက်တကယ်ပြန်ကောင်းလာဖို့ဆိုတာက အစိုးရရဲ့ စီးပွားရေးပေါ်လစီတွေနည်းဗျူဟာတွေအပေါ်မှာလည်း မူတည်တယ်။တိုင်းပြည်မှာ
စီးပွားရေးကောင်းနေမှ ငွေပို ငွေလျှံရှိနေမှ ကျန်တာကို စိတ်ဝင်စားမှာလေ။
အိမ် ခြံ မြေကိုရော ထို့အတူပဲပေါ့။အခုလို အခြေအနေကနေ အရင်ကလို
အိမ် ခြံ မြေ ဈေးကွက်ပြန်ကောင်းဖို့ဆိုရင်တော့တိုင်းပြည်စီးပွားရေးက အရေးအကြီးဆုံးပဲ ””ဟု ဦးသန်းဦးမှ ပြောဆိုသည်။
လက်တလောအိမ် ခြံ မြေ ဈေးကွက်မှာ ထိုက်သင့်သလောက် အရောင်းအ၀ယ်ဖြစ်နေသော်လည်း ယခင်ကာလများကဲ့သို့ သွက်လက်မြန်ဆန်မှုမရှိသေးကြောင်း ဈေးကွက်အတွင်းမှ သိရှိရသည်။
လက်ရှိတွင်ဈေးကွက်အတွင်း ဝင်ငွေခွန်ကိုပါလျှော့ချပေးပါကဈေးကွက် ပြန်
လည် ဦးမော့လာမည်ဟု ယုံကြည်ကြောင်းလည်း အကျိုးဆောင်များက
ဆိုသည်။
'''' ဒီနှစ်ကုန်အထိ ဘာမှမပြောင်းလဲဘူး။အစိုးရ မူဝါဒကလည်း ဒီအတိုင်း
ဆက်သွားနေမယ်ဆိုရင်တော့ လက်ကျန်အချိန်တွေမှာ အိမ် ခြံ မြေ က
ဘာမှတော့ သိပ်ထူးလာမှာမဟုတ်ဘူး။ပကတိ အခြေအနေနဲ့ကိုက်ညီတဲ့
စီးပွားရေးမူဝါဒတွေပေါ်လာမှသာ တိုင်းပြည်စီးပွားရေးကောင်းမယ်။
ဒါမှပဲ ကျန်တဲ့ဟာတွေပါ အလုပ်ဖြစ်မှာပေါ့ '''' ဟု ၄င်းမှ
ဆက်လက်ပြောပြခဲ့သည်။
မင်းချို မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com