အိမ် ခြံ မြေ ၀န်ဆောင်မှုဥပဒေပေါ်ထွန်းလာရေး အိမ် ခြံ မြေ အကျိုးဆောင်များ ၊ အိမ် ခြံ မြေ အသင်းအဖွဲ့များအနေဖြင့် ၀ိုင်းဝန်းကြိုးပမ်းမှုများလုပ်ဆောင်နေကြသော်လည်း မည်သည့်အချိန်တွင် ဥပဒေပေါ်လာမည်ဆိုသည်ကိုမခန့်မှန်းနိုင်သေးကြောင်း မြန်မာနိုင်ငံအိမ် ခြံ မြေ ၀န်ဆောင်မှုအသင်းဗဟိုမှ ဒုတိယဥက္ကဌ ဖြစ်သူ ဦးသန်းဦးမှ ပြောဆိုသည်။
''''ဘယ်အချိန်ပေါ်လာမယ်ဆိုတာကတော့ ခန့်မှန်းရခက်တယ်လေ။ပြောလို့မရသေးဘူး။ကျွန်တော်တို့တွေကတော့ မြန်မြန်ပေါ်စေချင်တာပေါ့။ဒါပေမယ့် အစိုးရပိုင်းမှာလည်း အရေးကြီးတဲ့အပိုင်းတွေလုပ်နေရတယ်လေ။လတ်တလောမှာတော့ ဥပဒေမရှိသေးဘဲ ဆက်လုပ်နေကြရတာပေါ့။ပြောရရင်တော့ဗျာ ဥပဒေမရှိဘဲ လုပ်နေရတဲ့ဟာဆို ဘယ်ဟာကကောင်းမလဲ ’’’’ဟု ဦးသန်းဦးမှ ပြောသည်။
မြန်မာနိုင်ငံ အိမ် ခြံ မြေ ၀န်ဆောင်မှုဥပဒေတစ်ရပ်ပေါ်ပေါက်လာရေးအတွက် ပြည်တွင်းရှိ မြန်မာနိုင်ငံအိမ် ခြံ မြေ ၀န်ဆောင်မှုအသင်း (ဗဟို) ၊ ရန်ကုန်တိုင်းဒေသကြီး အိမ် ခြံ မြေ လုပ်ငန်းရှင်များအသင်း ၊ မန္တလေးတိုင်းဒေသကြီး
အိမ် ခြံ မြေ လုပ်ငန်းရှင်များအသင်းတို့မှ အားထုတ်ကြိုးပမ်းလျက်ရှိသည်။
ရန်ကုန်တိုင်းဒေသကြီး အိမ် ခြံ မြေ လုပ်ငန်းရှင်များအသင်းအနေဖြင့်လည်းအိမ် ခြံ မြေ ၀န်ဆောင်မှုဥပဒေကြမ်းတစ်ရပ်ကို လွှတ်တော်သို့တင်သွင်းထားပြီးဖြစ်သည်။သို့သော် ယင်းဥပဒေကြမ်းမှာလည်း ကြန့်ကြာနေဆဲဖြစ်ကာ
အိမ် ခြံ မြေ ၀န်ဆောင်မှုနှင့်ပတ်သက်သည့် ဥပဒေတစ်ရပ်အမြန်ဆုံးပေါ်ထွက်လာရေး အကျိုးဆောင်များအားလုံးမှ မျှော်လင့်နေကြသည်။
မင်းချို မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com