iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ ကြီးမှူး၍ ရန်ကင်းရှိ GOLDEN CITY နိုင်ငံတကာ အဆင့်မီကွန်ဒိုတွင် အထူးအရောင်းပြပွဲတစ်ရပ်ကို ၂၀၁၇ ခုနှစ် အောက်တိုဘာ ၂၁ နှင့် ၂၂ ရက်နေ့များတွင် အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါပြပွဲအတွင်း ဝယ်ယူသူများအတွက် အထူးဈေးသက်သာခွင့်များ ၊ YOMA ဘဏ်နှင့် ချိတ်ဆက်၍ (၁၅) နှစ် အထိ ငွေချေစနစ်များဖြင့် ရောင်းချပေးခဲ့ရာ (၂.၇) ဘီလီယံကျပ် (ဒေါ်လာ ၂ သန်း) ကျော်တန်ဖိုးရှိသော ကွန်ဒိုအခန်းများကို ရောင်းချပေးနိုင်ခဲ့ကြောင်း သိရသည်။
"ဒီနေ့ ပြုလုပ်တဲ့ပွဲဟာ iMyanmarHouse.com နှင့် GOLDEN CITY တို့ ပူးပေါင်းကျင်းပတဲ့ (၁၁) ပွဲမြောက်ဖြစ်ပြီး ပွဲတိုင်း ရလာဒ်ကောင်းတာ တွေ့ ရပါတယ်။ ဆက်လက်ပြီးလည်း ရောင်းအားကောင်းတဲ့ ပရောဂျက်အဖြစ် ရပ်တည်သွားနိုင်မယ်လို့ ယုံကြည်ပါတယ်" ဟု ပွဲစီစဉ်ကျင်းပသော iMyanmarHouse.com ၏ မန်နေဂျင်းဒါရိုက်တာဖြစ်သူ ဦးနေမင်းသူမှ ရှင်းလင်းပြောကြားသွားသည်။
အရောင်းပြပွဲ (၂) ရက်အတွင်း စိတ်ဝင်စားသူ လွန်စွာ များပြားပြီး နာမည်ကြီး အနုပညာရှင်များလည်း လာရောက်လေ့လာ ဝယ်ယူကြကြောင်း သိရသည်။
ယခုဆိုလျှင် GOLDEN CITY ရှိ Phase 1 ကွန်ဒိုအခန်းများတွင် ဝယ်ယူထားသူများ စတင်နေထိုင်နေကြပြီး Phase 2 ကွန်ဒိုအခန်းများကိုလည်း 2018 နှစ်ဆန်းပိုင်းတွင် အခန်းအပ်နိုင်ရန် တည်ဆောက်လျှက်ရှိပါသည်။
"GOLDEN CITY ပရောဂျက်ရဲ့  အဓိက အားသာချက်က အချက်အချာကျတဲ့နေရာမှာ တည်ရှိပြီး လူနေအခန်းတွေအပြင် စီးပွားရေးအတွက် ရုံးခန်းနှင့် ဈေးဆိုင်ခန်းတွေ ပါဝင်တဲ့ Business Centre လည်း ထည့်သွင်း တည်ဆောက်မှာ
ဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ချင်တဲ့သူတွေ အတွက်လည်း အကျိုးအမြတ်များစေမဲ့ ပရောဂျက် တစ်ခုဖြစ်ပါတယ်" ဟု GOLDEN CITY ၏ Sales Director ဖြစ်သူ ဦးကျော်စည်သူမှ ဖြည့်စွက်ပြောကြားခဲ့သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)