နယူးဇီလန်နိုင်ငံ တွင် အိမ်ခြံမြေဈေးနှုန်းမြင့်တက် လာခြင်းကြောင့် နိုင်ငံတွင်းရှိ နေအိမ် အဆောက်အအုံများကို ပြည်ပနိုင်ငံသားများ ဝယ်ယူမှုအပေါ် တားမြစ်မည်ဖြစ်သည်။
အဆိုပါ တားမြစ်ချက်သည် ပြည်ပနိုင်ငံမှ ဝယ်ယူသူများသာ အကျုံးဝင်မည်ဖြစ်ကြောင်း ဝန် ကြီးချုပ်ဂျာစင်ဒါအာဒန်က ပြော သည်။
အတိုးနှုန်းနည်းပါးခြင်း၊ နေအိမ်အရေအတွက် နည်းပါးခြင်း နှင့် ရွှေ့ပြောင်းနေထိုင်ခြင်းများ ကြောင့် မကြာသေးမီနှစ်များအတွင်း နယူးဇီလန်နိုင်ငံ၌ အိမ်ခြံမြေဈေးနှုန်းများ မြင့်တက်လာ သည်။
ပြည်ပနိုင်ငံမှ အိမ်ခြံမြေဝယ်ယူသူများနှင့် နယူးဇီလန်နိုင်ငံမြို့ကြီးများတွင်
အိမ်ခြံမြေအ ဆောက်အအုံ နည်းပါးခြင်းသည် ပြီးခဲ့သည့် စက်တင်ဘာက
ကျင်းပခဲ့သော ရွေးကောက်ပွဲ၌ အဓိ က အရေးပါသော အကြောင်းအရာများဖြစ်ခဲ့သည်။
‘‘နိုင်ငံတွင်းမှာရှိတဲ့ နေအိမ် အဆောက်အအုံတွေကို ပြည်ပ နိုင်ငံသားတွေ ဝယ်ယူနေက တား မြစ်ဖို့ ကျွန်မတို့ သဘောတူပါတယ်’’ဟု ပြီးခဲ့သည့် သြဂုတ်ကဝန်ကြီးချုပ်တာဝန် စတင်ထမ်းဆောင်ခဲ့သော ဂျာစင်ဒါအာဒန်က အောက်တိုဘာ ၂၄ ရက်တွင် ပြောသည်။
ထို့အပြင် ရွှေ့ပြောင်းနေထိုင်မှုများ လျှော့ချရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီး ပေးရေး အစီအစဉ်များကိုလည်း ၎င်းက ကြေညာခဲ့သည်။
နယူးဇီလန်နိုင်ငံတွင် ပြည်ပ နိုင်ငံသားများ ဝယ်ယူထားသည့် အိမ်ခြံမြေများသည် အခြေခံအ ဆောက်အအုံနှင့် အိမ်ခြံမြေဈေးနှုန်းအပေါ် အလွန်ဖိအားသက် ရောက်မည့်အရေး စိုးရိမ်သော ကြောင့် ပြည်ပဝယ်လက်များကို ယခုကဲ့သို့ တားမြစ်ခြင်းဖြစ်သည်။
လူဦးရေ ၄ ဒသမ ၆ သန်းခန့်နေထိုင်ရာ နယူးဇီလန်နိုင်ငံ၏ အိမ်ခြံမြေဈေးကွက်တွင် အကြီးမားဆုံး ပြည်ပဝယ်လက်များအနက် တရုတ်ရင်းနှီးမြှုပ်နှံသူများ ပါဝင်လာသည်။
Credit: 7Daydaily