အိမ် ခြံ မြေ ဈေးနှုန်းကြီးမြင့်မှုကြောင့် ပြည်ပရင်နှီးမြုပ်နှံမှုများ ဝင်မလာကြောင်း မကြာခဏ စွပ်စွဲပြောဆိုခဲ့မှုများရှိနေသော်လည်း အမှန်တကယ်တွင်မူ မြေယာနှင့်စပ်လျဉ်း၍ အားကောင်းခိုင်မာသော ဥပဒေများလိုအပ်သကဲ့သို့
အထူးစီးပွားရေးဇုန်များဖော်ဆောင်ရန်လိုအပ်ကြောင်းလည်း အိမ် ခြံ မြေ အရေးလေ့လာသုံးသပ်သူများကပြောသည်။
”””ဥပဒေတွေအားကောင်းခိုင်မာဖို့လိုတယ်။ဒီလို အားကောင်းခိုင်မာမှုမရှိဘူးဆိုရင် ဘယ်သူတွေကလာမှာလဲ။ကိုယ့်ဆီကို ပြည်ပရင်းနှီးမြုပ်နှံမှုတွေ လာဖို့အတွက် မြေဆိုရင်လည်းမြေနဲ့ပတ်သက်တဲ့ ဥပဒေတွေသေချာရှိဖို့လိုတယ်။မြေယာပိုင်ဆိုင်မှုဆိုရင်လည်း ဘယ်လိုအချိုးကျလုပ်ပေးမလဲ ၊ ဒါတွေကအစ သေသေချာချာပြင်ဆင်ထားဖို့လိုတယ်။”””ဟု အိမ် ခြံ မြေအရေးဆောင်ရွက်နေသူတစ်ဦးမှဆိုသည်။
အစိုးရသစ်လက်ထက်ပထမနှစ်တွင် FDI ဝင်ရောက်မှုမှာလည်း များများပြားပြားမရှိခဲ့ကြောင်း မြန်မာနိုင်ငံ အိမ် ခြံ မြေ ၀န်ဆောင်မှုအသင်းမှ ဒုတိယဥက္ကဌဖြစ်သူ ဦးသန်းဦးမှ ပြောသည်။”””အမြတ်မရှိရင် ဘယ်သူကမှ စီးပွားရေးကိုမလုပ်ပါဘူး။အဓိကကတော့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုအတွက် အထူးစီးပွားရေးဇုန်တွေများများဖွင့်ပေးရမယ်။ဒီမှာကအခု သီလ၀ါ စီးပွားရေးဇုန်တစ်ခုနဲ့ အရင်ကလုပ်ခဲ့တဲ့လုပ်ခဲ့တဲ့ ထားဝယ်အထူးစီးပွားရေးဇုန်ကရပ်နေတယ်။ကျောက်ဖြူအထူးစီးပွားရေးဇုန်ကတော့ စနေပါပြီ၊ဒီဗတာ့ အထူးစီးပွားရေးဇုန်တွေပေါ်လာရင် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေဝင်လာဖို့ အခွင့်အလန်းတွေရှိပါတယ်။””””ဟု စီးပွားရေးဆောင်းပါးရှင်တစ်ဦးဖြစ်သူ ဦးအောင်ချိန်ဘွားက အိမ် ခြံ မြေ နှင့် စပ်လျဉ်းသည့် ဆွေးနွေးပွဲတစ်ခုတွင် ထည့်သွင်းပြောကြားခဲ့သည်။
မင်းချို မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com