ဝယ်ရောင်း ရင်းနှီးမြုပ်နှံသူများမှ ဈေးကွက်အတွင်းမြေကွက်လိုက်လံကောက်ယူမှုများနှင့် နေထိုင်ရန်ဝယ်ယူသူများကြောင့် မြောက်ဒဂုံအပါအ၀င် ဒဂုံမြို့နယ်များအတွင်း အရောင်းအ၀ယ်အတန်ငယ်သွက်လက်နေကြောင်း မြန်မာနိုင်ငံအိမ် ခြံ မြေအသင်း မြောက်ဒဂုံမြို့နယ် တာဝန်ခံမှ ပြောပြသည်။
“””ဈေးကျတယ်လို့တော့ ပြောလို့မရတဲ့အချိန်လေ ၊ အခုအချိန်မှာ ဟိုအရင်တုန်းက ၀ယ်ထားတဲ့ဈေးလောက်ပြန်မရတဲ့သူတွေလည်းရှိတာပေါ့။ဒါပေမယ့် အခုဖြစ်နေတဲ့ဈေးတွေကလည်း အရင်နဲ့စာရင် တစ်ရာ နှစ်ရာလောက်ပဲကွာတယ်။အခုက ဘာဖြစ်လဲဆိုရင် ၀ယ်ရောင်းတွေက မြေကွက်တွေကို လိုက်ကောက်တာလေးတွေရှိတယ်။အကောက်များတဲ့ မြေကွက်တွေကတော့ သိန်း လေးရာ ၊ ခြောက်ရာ ၊ ရှစ်ရာ ၊ တစ်ထောင်လောက်အထိ ပြန်ကောက်ကြတာကိုတွေ့ရတယ်။ နောက်ပြီး နေမယ့်သူတွေ့လည်း ၀ယ်ကြတာတွေရှိပါတယ်။ဘာဘဲပြောပြော ဒဂုံကတော့ သူ့ဟာနဲ့သူ ဈေးကွက်က ခပ်သွက်သွက်လို့ပြောလို့ရတယ်’’’’’ဟု ၄င်းမှ ပြောဆိုသည်။
ဈေးကွက်အတွင်း၌ လတ်တလောတွင် အမေးများရှိနေပြီး ပါမစ်မြေ ၊ ဂရမ်မြေများမှာလည်း မကြာမကြာ အရောင်းအ၀ယ်ဖြစ်နေသည်ကိုတွေ့ရကြောင်း ၊ အရောင်းအ၀ယ်ဖြစ်ရာတွင် သိန်းသုံးထောင်မှ ငါးထောင်ကြားဖြစ်လေ့ရှိသည်ကိုတွေ့ရကြောင်း ၊ သိန်းသောင်းချီ မြေကွက်များမှာမူ တစ်ခုစ နှစ်ခုစသာဖြစ်သည်ကိုတွေ့မြင်ရကြောင်း နှင့် အိမ် ခြံ မြေ ဈေးကွက်ပြန်လည်မှာ ပုံမှန်အနေအထားတွင်သာရှိကြောင်း မြန်မာနိုင်ငံ အိမ် ခြံ မြေ ၀န်ဆောင်မှုအသင်း
ဒုတိယဥက္ကဌ မှ ပြောသည်။
မင်းချို မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com