လူတိုသည် ရလာသည့်လူဘဝကြီးတွင် လူအဆင့်အတန်းမှီအောင် ကြိုးစားရုန်ကန်နေကြရသည် ။ လူဘဝချမ်းသာရေသာမက တမလွန်ဘဝကောင်းစားရေအတွက်လည်း မိမိယုံကြည်လိုက်နာသည့် ဘာသာကို ကိုးကွယ်ကြသည် ။ ယင်သို့ ကိုးကွယ်ရာတွင် များသောအားဖြင့် မိရိုဖလာ ကိုးကွယ်သူများကြသည် ။မိဘများ သွန်သင်ဆုံးမသည့် အတိုင်း နားလည်ပြီး လိုက်နာကြသည်။
‘ အချိန်တန် အရွယ်ရောက် ' လူလားမြောက်သည်အခါ စဉ်းစားတက်လာသည်။ဝေဖန်သုံးသပ်လာသည်။စီးပွားရေ ၊ လူမှုရေး၊ နိုင်ငံရေး ၊ ဘာသာရေးများကို စူးစမ်းတက်လာကြသည် ။ထိုအခါ မိရိုဖလာကိုးကွယ်သည့် ဘာသာနည်တူ ။မိမိပတ်ဝန်းကျင်တွင် တွေ့ဆုံလာရသော မိတ်ဆွေ ၊ သူငယ်ချင်း အသင်းအဖွဲ့ တိုနှင့် ပေါင်းသင်းဆက်ဆံရင်း ၄င်းတို့ ဘာသာ၏ အတွေးအခေါ် ၊ အယူဝါဒ ယုံကြည်ချက်တို့ကို လေ့လာကြည့်ကြသည်။
ဘာသာတစ်ခုကို ကိုးကွယ်သူတိုင်သည် ပစ္စုပ္ပန်နှင့် တမလွန်ဘဝချမ်းသာရေးတို့အတွက် ပေးစွမ်းနိုင်သည်။ ဘုရားကိုအားကိုရာအဖြစ်ကိုးကွယ် မှီခိုကြခြင်ဖြစ်သည် ။ယင်းသို့ကိုးကွယ်ရာရှာရင်း မိမိယုံကြည့်သည့်ဘာသာသို့ ကူးပြောင်းသွားသူများလည်းရှိသည် ။ အချို့ကြတော့လည်း ဤသို့မဟုတ်
မိမိ၏ ဘဝကြင်ဖော် ဘဝလက်တွဲဖော် ကိုးကွယ်သည့် ဘာသာသို့ လိုက်ပါကူးပြောင်းသွားသူများလည်းရှိသည်။
ကိုးကွယ်မှုမတူရင် အမွေခွဲဝေပုံလည်းကွာခြားတယ်
သို့သော် ဘာသာကူပြောင်းမှုမှာ လွယ်ကူသော်လည်း ဘာသာမတူလက်ထက်ပြီး ခင်ပွန်းကွယ်လွန်သည်နောက် ကျန်ရစ်သည့် အမွေပစ္စည်းများခွဲဝေကြသည့်အခါ အခက်ကြုံတော့သည်။ မရွှေ့မပြောင်းနိုင်သည့်ပစ္စည်းများဖြစ်သည် ။အိမ်၊ မြေ၊ တိုက်တာ ၊ စက်ရုံ ၊ အလုပ်ရုံ များကို ခွဲဝေမည်ဆိုပါက ဥပဒေနှင့် အညီ ဆောင်ရွက်ဖို့ လိုလာသည် ။ ကိုးကွယ်သည့်ဘာသာအလိုက် အမွေခွဲဝေပုံချင်းမတူကြပေ ။
‘ လင်သေလျင်မယားက ‘ ရမည်လား စဉ်းစားစရာဖြစ်လာသည် သာဓက-တစ်ခုတင်ပြလိုပါသည် မွတ်စလင်ဘာသာဝင် ‘ ကာစင် ‘ နှင့် ဗုဒ္ဓ္စဘာသာဝင် မကြည်တို့သည် လူငယ်ဘာသာဘာဝ တစ်ဦးနှင့်တစ်ဦး ချစ်ကြိုက်ကြပြီး လက်ထက်သည့်အခါ ဘာသာမတူသဖြင့် လမ်းခွဲကြမည့်အခြေအနေသို့ ရောက်ခဲ့သည်။ သို့သော်မင်္ဂလာပွဲမပျက်စေလိုသဖြင့် မကြည်က လိုက်လျောပြီး လက်ထက်ခဲ့သည်။ မွတ်စလင်ဘာသာသို့ ကူးပြောင်းမည်ပြုပြီး မွတ်စလင်ဘာသာဝင်များကဲ့သို့ ‘ အစ် ‘ နေ့များတွင် ကျွေးမွေးဖြင်း ‘ နမတ်စ် ‘ ဖတ်ခြင်း အစရှိသည်တို့ကို ပြုလုပ်ပေးခဲ့သည် ။
သို့သော်မူလကကိုးကွယ်လာသည့် ဗုဒ္ဓဘာသာ သက်ဝင်ယုံကြည်မှုကို စွန့်ပစ်ခြင်းမပြုခဲ့ပေ ။သို့အတွက် ‘ မကြည် ‘ မှာ မွတ်စလင်ဘာသာဝင်တစ်ဦး ဖြစ်သည်ဟု မဆိုနိုင်ပါ ။
ဗုဒ္ဓဘာသာကို ကိုင်းရှိုင်းသူတစ်ဦးအနေဖြင့် ဗုဒ္ဓဘာသာထုံးစံအရ ဘုရားပန်းကပ်လှူခြင်း ဘုန်းကြီးဆွမ်းကပ်လှူခြင်း ၊ ရှင်ပြုပေးခြင်းများကို ‘ မကြည် ‘ ကဆောင်ရွက်လေ့ရှိသဖြင့် ဗုဒ္ဓဘာသာဝင်အမျိုးသမီးတစ်ဦးးဖြစ်သည်မှာ ထင်ရှာသည်။
“ မွတ်စလင်တစ်ယောက်၏ အဓိကယုံကြည်ချက်မှာ “ ဘုရားတစ်ပါးရှိခြင်း ၊ နောက်ဆုံးတမန်တော်မှာ “ မဟာမက်သခင် “ ဖြစ်ခြင်းတို့မှလွဲပြီး အခြားယုံကြည်ချက်မရှိ ‘ ဟု သိရသည်။
ဤအမှုတွင် အဓိကဆုံးဖြတ်ရန်အချက်မှာ
“ မကြည်” သည် မွတ်စလင်ဘာသာဝင်ဖြစ်သလား ဒါမှမဟုတ် ဗုဒ္ဓဘာသာဝင်အမျိုးသမီးတစ်ယောက်ဖြစ်သလား ဟူသော အချက်ပင်ဖြစ်သည်။ လူတစ်ယောက်သည် မည်သည့်ဘာသာကို သက်ဝင်ယုံကြည်သည်ဆိုသည့်အချက်မှာ မိမိစိတ်တွင်၌ ဖြစ်ပေါ်သည့်အချက်ဖြစ်၍ လွယ်ကူစွာကောက်ယူဆုံးဖြတ်နိုင်မည် မဟုတ်ပေ ။
လူတစ်ဦးတစ်ယောက်၏ စိတ်အတွင်ူသို့ ဝင်ရောက်ကြည့်နိုင်စွမ်းမရှိသဖြင့် ထိုသူသည် မည်သည့် ဘာသာ၌ သက်ဝင်ယုံကြည်သည်ကို ၄င်၏နောင်ကြောင်းရာဇဝင် ကိုအမူအရာ ၊ နှုတ်အမူအရာ နှင့် မိတ်ဆွေသင်္ဂဟ အပေါင်းအသင်းစသည့် ပတ်ဝန်းကျင်တို့ကို ထည့်သွင်းစဉ်းစားပြီးမှ သာ မည်သည့် ဘာသာကို သက်ဝင်ယုံကြည်ကိုးကွယ်ကြောင်း အဆုံးအဖြတ်ပေးနိုင်မည်ဖြစ်သည် ဟု “ ဒေါ်ရဟီမာ ပါ ၃ နှင့် ဒေါ်သီ ၁၉၇၅ ၊ မတစ-၇၉ “ အမှုတွင် ဆုံးဖြတ်ထားသည့်ကို တွေ့ရသည် ။
ထူးခြားတဲ့ အထူးထိမ်းမြှားမှုနှင့် အမွေဆက်ခံမှုဥပဒေ
ယခုတင်ပြသော သာဓကမှာ မွတ်စလင်ဘာသာဝင်ကျန်ရစ်သော အမွေပုံစံပစ္စည်းများကို အမွေဆိုင် ဆွေမျိုးများက သေသူ၏ ဇနီးနှင့်အတူ ရုံမှစီမံအုပ်ချုပ်ခွဲဝေပေးရန် တရားစွဲဆိုခဲ့သည်။ သိုသော် ကျန်ရစ်သူဇနီးမှာ ‘ ကွယ်လွန်သူ ‘ နှင့် လက်မထက်မှီက ဗုဒ္ဓဘာသာမိသာစုမှ မွေးဖွားသော ဗုဒ္ဓဘာသာဝင်အမျိုးသမီးဖြစ်သည် ။ အိမ်ထောင်ပြုပြီးနောက် မွတ်စလင်ဘာသာဝင်များကဲ့သို့ ဓလေ့ထုံးထမ်းများအတိုင်းလိုက်နာကျင့်သုံးခဲ့သည် ။မိမိ၏ကိုးကွယ်ရာဘာသာကိုလည်း စွင့်လွှတ်ခြင်း မပြုဘဲ ဗုဒ္ဓဘာသာဓလေ့ထုံးစံအတိုင်း ဘုရားသွားကျောင်းတက် ဥပုသ်သီလ ဆောက်တည်ခြင်းကိုလည်း ပြုလုပ်လေ့ရှိသည်။
ယင်းအထောက်အထားများအရ ကျန်ရစ်သော အမွေပစ္စည်းများကို မွတ်စလင်ဘာသာအတိုင်း စီမံအုပ်ချုပ်ခွဲဝေပေးရန်မလိုတော့ဘဲ “ ၁၉၅၄ ခုနှစ် ဗုဒ္ဓဘာသာဝင်မိန်းမများ အထူးထိမ်းမြှားမှုနှင့် အမွေဆက်ခံမှုဥပဒေ “ ပုဒ်မ ၂၄ နှင့် ၂၆ တို့အရ ဘာသာဝင်ဇနီး ကသာ အမွေအားလုံးကိုရရှိသွားမည်ဖြစ်ပါသည်။ အခြာအမွေဆိုင်များ အမွေပုံပစ္စည်းရခွင့်မရှိကြောင်း ဥပဒေဗဟုသုတတင်ပြလိုက်ရပါသည်။
လွှတ်တော်ရှေ့နေမောင်ကောင်းဖေ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com