ပြည်ပ မှ ဘဏ်လုပ်ငန်းများ ထပ်မံပြီး လာရောက်လုပ်ကိုင်ရန် မြန်မာနိုင်ငံတွင်လိုအပ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်ကပြောသည်။
အောက်တိုဘာ၂၁ရက်က နိုဘိုတယ်ဟိုတယ်တွင်ပြုလုပ်သော ICBC ဘဏ်၏ လုပ်ငန်းသစ် မိတ်ဆက်ပွဲတွင် ပြည်ထောင်စုဝန်ကြီး က ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
လတ်တလော ပြဌားန်းထားသည့် ရင်းနှီးမြှပ်နှံမှုဆိုင်ရာ ဥပဒေသစ်တွင် ပြည်တွင်းပြည်ပ ရင်းနှီးမြှပ်နှံသူများကို တန်းတူအခွင့် အရေးပေးထားသောကြောင့် ပြည်ပမှ ဘဏ်လုပ်ငန်းများ မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးjမှပ်နှံသင့်ကြောင်း ဒေါက်တာသန်းမြင့်ကဆိုသည်။
နည်းပညာမြင့်မားပြီး ရင်းနှီးမြှပ်နှံမှုအားကောင်းသော နိုင်ငံတကာမှ ဘဏ်များလာရောက်ဖွင့်လှစ်ရန် တိုက်တွန်းကြောင်း ပြည်ထောင်စုဝန်ကြီးကဆိုသည်။
လက်ရှိတွင် ပြည်တွင်း ၌ ရောက်ရှိနေသော နိုင်ငံတကာ ဘဏ်များကို နိုင်ငံခြားငွေဖြင့်သာ ပြည်ပ မှ လာရောက်ရင်းနီးမြှပ်နှံသော ကုမ္ပဏီများကို ငွေကြေး ၀န်ဆောင်မှု လုပ်ငန်းများ လုပ်ကိုင်ခွင့် ပြုထားသည်။
နောက်ပိုင်းတွင် ပြည်တွင်းတိုင်းရင်းသားဘဏ် ကုမ္ပဏီများနှင့် တန်းတူ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်နိုင်ရန် မြန်မာနိုင်ငံသို့ ရောက်ရှိနေသော ဘဏ်များက မျှော်လင့်လျှက်ရှိသည်။
လက်ရှိတွင် ပြည်တွင်း၌ နိုင်ငံခြားမှ လာရောက် လုပ်ကိုင်ရင်းနှီး မြှပ်နှံထားသော ဘဏ်ပေါင်း ၁၁ဘဏ်ရှိပြီး ထပ်မံပြီးလည်း လာရောက်လုပ်ကိုင်ရန် ပြင်ဆင်လျှက်ရှိသည်။
ပြည်တွင်းး၌ ဖွင့်လှစ်လည်ပတ်နေသောတိုင်းရင်းသားလုပ်ငန်းရှင်များပိုင်ဘဏ်များကလည်း ပြည်ပမှ ဘဏ်များဝင်ရောက်လာမည်ကို စိုးရိမ်နေကြပြီး ၄င်းတို့အနေဖြင့် ရင်းနှီးမြှ့ပ်နှံမှုနှင့် နည်းပညာပိုင်းတွင်းယှဉ်ပြိုင်၍ မရမည်ကို
စိုးရိမ်လျှက်ရှိသည်။
နေးရှင်းမြန်မာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com