အတ္တလန္တိတ်မြို့ တော်မှသည် အယ်ဒိုရာဒို အထိရှေ့ ဟောင်းမြို့ တော်များသည် ယနေ့တိုင်ပျောက်ဆုံးလျှက်ရှိပြီး ၎င်းတို့နှင့်စပ်လျဉ်းသည့်
ဒဏ္ဍာရီများစွာရှိနေဆဲ ဖြစ်သည်။
လူသူမရောက်ပေါက်နိုင်သော တောင်အမေရိက၏ တော်ကြီးမျက်မဲများမှသည် မြေထဲပင်လယ်အထိ ရွှေမြို့ တော်တို့၏ တည်နေရာနှင့်ပက်သက်သည့် ကောလာဟလများစွာရှိနေသည်။
စာရေးဆရာများနှင့် ရုပ်ရှင်ထုတ်လုပ်သူများစွာတို့ကလည်း
အမျိုးမျိုးပုံဖော်ခဲ့ကြပြီးဖြစ်သည်။
Z မြို့ တော် ၁၉၂၅ ခုနှစ်အတွင်း ဗြိတိသျှလူမျိုး ဗိုလ်မှူးကြီး ပါစီဟယ်ရီဆင်ဖောဆက် ဦးဆောင်သည့် လူသုံးဦးပါ အဖွဲ့တစ်ဖွဲ့သည် ဘရာဇီးနိုင်ငံသို့ ထွက်ခွာခဲ့ကြပြီး လူသူမရောက်ပေါက်သော အမေဇုန်တောကြီးမျက်မဲအတွင်းသို့ ဝင်ရောက်ခဲ့ကြသည်။၎င်းတို့၏ ရည်ရွယ်ချက်မှာ ပျောက်ဆုံးနေသော ရှေ့ ဟောင်းမြို့ တော်ကြီးတစ်ခုကို ရှာဖွေရန်ဖြစ်သည်။
ဖောဆက်က ပျောက်ဆုံးနေသော Z မြို့ တော် ("The Lost City of Z") ဟု အမည်ပေးခဲ့သည်။ကံမကောင်းစွာဖြင့်ပင် ၎င်းတို့ ၃ ဦးကို မည်သည့်အခါမျှ ပြန်မတွေ့ရတော့ချေ။တစ်ဦးမှာ ဖောဆက်၏ သားဖြစ်၏။
ဖောဆက်၏ ဖြစ်ရပ်နောက်ပိုင်း အဆိုပါ မြို့ တော်ကြီးကို ရှာဖွေရန်ကြိုးပမ်းသူ ၁၀၀ ဦးခန့်လည်း ပျောက်ဆုံးခဲ့ကြပြီး ဖြစ်သည်။
၂၀၀၉ ခုနှစ်အတွင်း အမေရိကန် စာရေးဆရာ ဒေးဗစ်ဂရန်း က ဖောဆက်၏ သုတေသနကို အခြေခံပြီး The Lost City of Z အမည်ဖြင့် စာအုပ်တစ်အုပ်ရေးသားထုတ်ဝေခဲ့ဖူးသည်။
ထို့အပြင် "Spider-Man: Homecoming" ဇာတ်ကားတွင် ပါဝင်ခဲ့ဖူးသော ရုပ်ရှင်မင်းသား တွမ်ဟော်လန် ချာလီဟန်နန် နှင့် အမေရိကန်ရုပ်ရှင်မင်းသမီး ဆိုင်ရန်နာ မီလာ တို့ပါဝင်သရုပ်ဆောင်ထားသည့် "The Lost City of Z" ဇာတ်ကားမှာ ယခု ၂၀၁၇ ခုနှစ် ဧပြီလ ၁၄ ရက်တွင် အမေရိကန်ပြည်ထောင်စု၌ ရုံတင်ပြသခဲ့ပြီးဖြစ်သည်။
ယင်းဇာတ်ကားသည် ဒေးဗစ်ဂရန်း၏ စာအုပ်ကို ရိုက်ကူးခဲ့ခြင်းလည်းဖြစ်သည်။
ဇာတ်ကားအတွင်း ချာလီဟဟန်နန်က ဖောဆက်အဖြစ်ပါဝင်သရုပ်ဆောင်ထားပြီး ရောဘတ် ပက်တင်ဆန်က ဖောဆက်၏ စူးစမ်းလေ့လာဖော် ဟင်နရီ ကော့စ်တင်အဖြစ်လည်းကောင်း၊ ဆိုင်ယန်နာ မီလာက ဖောဆက်၏ဇနီး နီနာဖောဆက်အဖြစ်လည်းကောင်း ပါဝင်သရုပ်ဆောင်ခဲ့ကြသည်။
The Lost City of Z ဇာတ်ကားရိုက်ကူးရာတွင် ကန်ဒေါ်လာ သန်း ၃၀ ကုန်ကျခဲ့သော်လည်း ရုံတင်ပြသခဲ့ရာတွင် ၁၇ ဒသမ ၂ သန်းသာ ပြန်လည်ရရှိခဲ့သဖြင့် စီးပွားရေးအရ များစွာအရှုံးပေါ်ခဲ့သော်လည်း အနုပညာအရမှု အောင်မြင်မှုရရှိခဲ့ပြီး ဝေဖန်ရေးဆရာတို့၏ ချီးမွမ်းထောက်ခံမှုများစွာ ရရှိခဲ့သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)