ဒလတံတားလုပ်ငန်းခွင်နှင့်မလွတ်သည့် ကမ်းနားရှိအဆောက်အအုံ ၁ဝဝ ခန့်ကို ဒီဇင်ဘာ အပြီးဖျက်သိမ်းမည် အားလုံးကျူးကျော် များဖြစ်၍လျော်ကြေးပေးမည် မဟုတ်ဘဲ ပြောင်းရွှေ့ စရိတ်သာပေးမည်ဟုဆို

ဒလတံတားလုပ်ငန်းခွင်နှင့်မလွတ်သည့် ကမ်းနားရှိအဆောက်အအုံ ၁ဝဝ ခန့်ကို ဒီဇင်ဘာ အပြီးဖျက်သိမ်းမည် အားလုံးကျူးကျော် များဖြစ်၍လျော်ကြေးပေးမည် မဟုတ်ဘဲ ပြောင်းရွှေ့ စရိတ်သာပေးမည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
23 Oct 2017 10:03 am တွင် တင်ခဲ့သည်
3045 ကြိမ် ကြည့်ရှု့ပြီး
တံတားတည်ဆောက်ရေးလုပ်ငန်း ခွင်နှင့်မလွတ်ကင်းသည့် ဒလကမ်း နားတစ်လျှောက်ရှိ အဆောက်အအုံ ၁ဝဝ ခန့်ကို ဒီဇင်ဘာလအပြီး ဖျက်သိမ်းမည်ဖြစ်ပြီး အားလုံးကျူး ကျော်များဖြစ်ခြင်းကြောင့်
လျော် ကြေးပေးမည်မဟုတ်ဘဲ ရွှေ့ပြောင်း စရိတ်သာ ပေးမည်ဖြစ်ကြောင်း သိရသည်။

အောက်တိုဘာ ၁၉ ရက်တွင် သက်ဆိုင်ရာတာဝန်ရှိသူများက စီမံကိန်းနှင့်မလွတ်သည့် ဒလမြို့၊ ဗိုလ်မင်းရောင်လမ်းတစ်ဝိုက်နှင့် ကမ်းနားဘက်အခြမ်းမှ သမ္ဗန်ဆိပ် နှင့်ဆိုင်ခန်းတို့ကိုစာရင်းကောက် ယူခဲ့သည်။ဖျက်သိမ်းပေးရမည့် အဆောက်အအုံများထဲတွင် အိမ်၊ ဆိုင်ခန်း၊ လက်ဖက်ရည်ဆိုင်စသ ဖြင့်ပါဝင်ပြီး စည်ပင်ပိုင်မြေပေါ် တွင် အဆောက်အအုံ ၂၀ နှင့် ဆိပ်ကမ်းအာဏာပိုင်မြေပေါ်တွင် ၇၆လုံးရှိကြောင်း သိရသည်။
""အခုဖျက်ပေးရမယ့် အ ဆောက်အအုံတွေက အများပိုင် မြေတွေဖြစ်တဲ့ စည်ပင်မြေ၊ ဆိပ် ကမ်းအာဏာပိုင်မြေတွေမှာ ဆောက် ထားတဲ့အတွက်ကြောင့် လျော် ကြေးပေးစရာမလိုဘူး။ ဒါပေမဲ့ သူတို့ဆောက်ထားတဲ့အဆောက် အအုံအတွက်ရွှေ့ပြောင်းစရိတ်ကို တော့တံတားဦးစီးကတွက်ချက်ပြီး ပေးသွားမှာပေါ့။ အဲဒီအတွက်စာ ရင်းလိုက်ကောက်ကြတာပါ""ဟု ဒလမြို့နယ်လွှတ်တော်ကိုယ်စား လှယ်ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရန်ကုန်ဘက်တွင်တံတား တည်ဆောက်ရေးပစ္စည်းများထား ရန်နေရာမရှိသည့်အတွက် ဒလ ဘက်ရှိယင်းမြေနေရာ၌ တံတား တည်ဆောက်ရေးပစ္စည်းများထား မည်ဖြစ်ကြောင်း၊ တံတားတည် နေရာမှဘေးကမ်းနားတစ်လျှောက် တစ်ဖက်တစ်ချက်ကို ပေ ၁၅ဝဝ ခန့်အသုံးပြုမည်ဖြစ်သောကြောင့် စုစုပေါင်းပေ ၃ဝဝဝ ခန့်ကို တည် ဆောက်ရေးလုပ်ငန်းခွင်အဖြစ်အ သုံးပြုမည်ဖြစ်ကြောင်း ၄င်းက ပြော သည်။
""စာရင်းအရအဆောက်အအုံ ပေါင်း ၁ဝဝ ခန့်ရှိတယ်။ အဲဒီအထဲ မှာနေရာပြန်ပေးရမှာက ကမာက ဆစ်သမ္ဗန်ဆိပ်တစ်ခုတည်းရှိ တယ်။ အဲဒီသမ္ဗန်ဆိပ်ကပေ ၁ဝဝ နီးပါးလောက်ရှိတယ်။ နေရာပြန် ပေးဖို့ညှိနှိုင်းနေတယ်။ ကျန်တဲ့အ ဆောက်အအုံတွေက အကုန်ကျူး တွေဖြစ်တဲ့အတွက်ကြောင့် ဖျက် ပေးရပေမယ့် နေရာတော့ပြန်မ ပေးဘူး။ သူတို့ကိုအဆောက်အအုံ တွေနဲ့ပတ်သက်ပြီးတော့ ဖျက်စ ရိတ်၊ နစ်နာကြေးသဘောမျိုးပေး ဖို့ပါ။ စာရင်းကောက်ထားတဲ့အ ကုန်လုံးကို ဌာနဆိုင်ရာတွေဖြစ်တဲ့ ဆိပ်ကမ်းက တာဝန်ရှိသူတွေရယ်၊ စည်ပင်ကတာဝန်ရှိသူတွေရယ်၊ အုပ်ချုပ်ရေးအပိုင်းတို့ကနေ ဘယ် လိုဆက်ပြီးဆောင်ရွက်ပေးမလဲဆို တာဆက်ပြီးဆွေးနွေးကြမှာပါ""ဟု ဒေသဖွံ့ဖြိုးရေးကော်မတီမှဒေါ် တင်တင်ဦးက အောက်တိုဘာ ၂၀ ရက်တွင်ပြောသည်။

ယင်းဖျက်ပေးရမည့်အဆောက် အအုံများတွင် လျော်ကြေးရပြီး သားအဆောက်အအုံများလည်း ပါဝင်ကြောင်း ၄င်းကပြောသည်။တံတားတည်ဆောက်ရေး လုပ်ငန်းကို ၂၀၁၈ ခုနှစ်ဆန်းပိုင်း တွင်စတင်နိုင်ရန်ခန့်မှန်းကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိ ရသည်။

ပြောင်းရွှေ့ပေးရမည့် ကမာ ကဆစ်သမ္ဗန်ဆိပ်ကို နေရာအစား ပြန်ပေးနိုင်ရန်အတွက် သမ္ဗန်သမား တို့တောင်းဆိုသော နေရာနှင့်အ များပြည်သူ သွားလာရအဆင် ပြေသောနေရာသို့ရွှေ့ပြောင်းရန် သမ္ဗန်မောင်းသူများ၊ ဒေသခံအ ချို့နှင့်သက်ဆိုင်ရာတာဝန်ရှိသူ တို့ညှိနှိုင်းနေကြောင်း သိရသည်။

ရန်ကုန်-ဒလတံတားစီမံ ကိန်းတည်ဆောက်စဉ်ကာလအ တွင်း အများပြည်သူသွားလာရလွယ် ကူစေရေးအတွက် လမ်းဖောက် ရန်လိုအပ်သည့်အကျယ်အဝန်းကို မြေရှင်များထံမှ လေးနှစ်တာမြေ ငှားခအဖြစ်အိမ်ထောင်စု
၆၈ စု အား ကျပ် ၃၂၈ ဒသမ ၃၇ သိန်း နှင့်ဆိုင်ခန်းများအတွက်လျော် ကြေးငွေကျပ် ၅၈၈ သိန်းပေး အပ်ခဲ့ပြီးဖြစ်ကြောင်း ဆောက်လုပ် ရေးဝန်ကြီးဌာနမှ သိရသည်။

ယင်းတံတားကို ကိုရီးယား နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးရန်ပုံငွေ EDCF Loan မှချေးငွေအမေရိ ကန်ဒေါ်လာ ၁၃၇ ဒသမ ၈၃၃ သန်းနှင့် ပြည်တွင်းလိုအပ်ရန်ပုံ ငွေအမေရိကန်ဒေါ်လာ ၃၀ ဒသမ ၃၄၁ သန်းဖြင့် ဆောင်ရွက်မည် ဖြစ်ပြီး စုစုပေါင်းခန့်မှန်းကုန်ကျစရိတ်(အမေရိကန်ဒေါ်လာ) ၁၆၈ ဒသမ ၁၇၄ သန်းကုန်ကျ မည်ဖြစ်ကြောင်း သိရသည်။

Credit: Democracytoday

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...
ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...
တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...
မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...
နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...
နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...
ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...
ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်
နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာ
နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာ
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်
စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအ
ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအ
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယ
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယ
CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service