အခုတစ်ပတ်နေပြည်တော်အိမ်ခြံမြေဈေးကွက်မှာ လုပ်ငန်းလုပ်ကိုင်လို
သူတွေကြောင့် တန်ဖိုးမြင့်အဆောက်အအုံအချို့အငှားသွက်နေပါတယ်။
အောင်ဆုပန်အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းက ဒေါ်အေးနန်းစိုးက ‘ အငှားသွက်တယ်၊ အရင် ၃၀၀,၀၀၀ ကျပ်ဝန်းကျင်တန်တွေကနေ အခုဆို ဈေးမြင့်တဲ့အဆောက်အအုံတွေပါ လိုက်လာနေတာ၊ သပြေကုန်းမှာပိုဖြစ်တယ် ’ လို့ပြောပါ
တယ်။
လက်ရှိတန်ဖိုးမြင့် အဆောက်အအုံတွေအငှားသွက်နေတဲ့နေရာတွေကတော့ ဥတ္တရသီရိမြို့နယ်နဲ့ ဇမ္ဗူသီရိမြို့နယ်ရှိ သပြေကုန်းရပ်ကွက်တို့ဖြစ်တယ်။ လုပ်ငန်းလုပ်ဆောင်ဖို့အတွက် ငှားရမ်းကြတာများပါတယ်။ ကုမ္ပဏီဝန်ထမ်ေးတွအနေနဲ့ကတော့ ကျပ်တစ်သိန်းနဲ့ သုံးသိန်းဝန်းကျပ်ရှိအဆောက်အအုံတွေကို ပိုငှားကြတယ်လို့ သိရပါတယ်။
လူစည်ကားတဲ့ရွှေကြာပင်ဆိုင်မှာဆိုရင် လက်ရှိအချိန်အထိ အရောင်းအ၀ယ်ဈေးကွက်ထက် အငှားတွေပိုသွက်နေဆဲဖြစ်ပါတယ်။ ပျဉ်မနားမြို့နယ်နဲပပေါင်းလောင်ဘက်မှာတော့ အရောင်းရော၊ အငှားပါ သွက်နေတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံအိမ်ခြံမြေ၀န်ဆောင်မှုအသင်းအဖွဲ့ဝင် ဦးထွန်းထွန်းက ‘ အခုလောလောဆယ်ကတော့ နေပြည်တော်အိမ်ခြံမြေဈေးကွက်က အရောင်းလဲ သူ့ဟာသူ ပုံမှန်လိုက်နေတာပါပဲ၊ အငှားကတော့ ပိုသွက်တာပေါ့၊ ရွှေကြာပင်တို့ သပြေကုန်းတို့အပြင် တခြားနေရာတွေကလဲ အငှားတွေက သူ့အတန်းအစားနဲ့သူ ဖြစ်ပါတယ်’ လို့ပြောပါတယ်။
လက်ရှိနေပြည်တော်အိမ်ခြံမြေအရောင်းအ၀ယ်ဈေးကွက်မှာတော့ အကြမ်းထည်အဆောက်အအုံပါ မြေကွက်အချို့ အရောင်းအ၀ယ်ဖြစ်နေပါတယ် ။ ဈေးနှုန်းတွေကတော့ ကျပ်သိန်း ၃၀၀ ၀န်းကျင်ကနေ သိန်း ၁၀၀၀ ၀န်းကျင်အထိ အရောင်းအ၀ယ်ဖြစ်ပါတယ်။ ၀ယ်ယူသူအများစုက ရန်ကုန်နဲ့ မန္တလေးက ပြောင်းရွှေ့လာကြသူတွေပါ။ လုပ်ငန်းလုပ်ဆောင်ဖို့ထက်နေထိုင်ဖို့ ၀ယ်ယူကြတာများပါတယ်။
သည်နှစ်ထဲမှာ နေပြည်တော်ရဲ့ အိမ်ခြံမြေဈေးကွက်က ပြီးခဲ့တဲ့ဝါကျွတ်ကလာထက် အရောင်းရော အငှားပါ ပိုသွက်နေပါတယ်။ ဈေးနှုန်းတွေကလည်း အခြားမြို့ကြီးတွေထက် သင့်တင့်တဲ့ အနေအထားမှာ ရှိနေဆဲဖြစ်တယ်လို့ သိရပါတယ်။
Credit: The Modern