ရန်ကုန်တိုင်းအတွင်း လုပ်ငန်းမလုပ်ကိုင်သည့် နိုင်ငံပိုင် မြေနှင့် အဆောက်အအုံများပြန်သိမ်းရန်အဆိုကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်
ဥပဒေအတိုင်း ဆောင်ရွက်သင့်ကြောင်း ဒဂုံမြို့နယ်တိုင်းဒေသ ကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက အဆိုကို ထောက်ခံဆွေးနွေးခဲ့သည်။
၂၀၁၂ မြေလွတ်၊ မြေလပ် နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေ၊ နည်းဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သင့်ပြီး မြေကွက် နှင့်အဆောက်အအုံငှားရမ်းစဉ် က ချုပ်ဆိုထားသည့် စာချုပ်ပါ စည်းကမ်းချက်အတိုင်း လိုက်နာဆောင်ရွက်
သင့်ကြောင်း၎င်းကအကြံပြုသည်။
‘‘မြေကွက်၊ အဆောက်အအုံ ငှားရမ်းတာ ခွင့်ပြုလိုက်လို့ သုံးလ အတွင်း အကောင်အထည်ဖော် ဆောင်ရွက်ခွင့်မပြုရင် စည်းကမ်း ချက်နဲ့ ငြိနေပါတယ်။
အခုဟာက သုံးလမဟုတ်ဘူး။ သုံးနှစ်တောင် ကျော်နေပါပြီ။ အဆိုပါ မြေကိုခွဲ စိတ်ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ လက်ဆင့်ကမ်းရောင်းချခြင်း မပြုရဆိုဘူးဆိုပြီး သူတို့စတင် လုပ်ကိုင်ခွင့်ပြုကတည်းက စာထုတ်ပေးပြီးသားပါ’’ဟု ဦးကျော် ဇေယျကဆိုသည်။
နိုင်ငံပိုင်အဆောက်အအုံနှင့် မြေကွက်များကို လုပ်ငန်းလုပ် ကိုင်ရန်နည်းအမျိုးမျိုးဖြင့် ရယူ ထားပြီး အမှန်တကယ်လုပ် ဆောင်ခြင်း မရှိသည့်မြေကွက်နှင့်
အဆောက်အအုံများကို နိုင်ငံပိုင် အဖြစ် ပြန်လည်သိမ်းယူရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရ ကို တိုက်တွန်းကြောင်းအဆိုကို အောက်တိုဘာ ၁၉ ရက်လွှတ် တော်အစည်းအဝေး၌ ကိုယ်စား လှယ်ကိုးဦးက ထောက်ခံဆွေး နွေးခဲ့သည်။
သန်လျင်မြို့နယ် တိုင်းဒေ သကြီး လွှတ်တော်အမတ် ဦးလှသိန်းက ယခင်အစိုးရအဆက်ဆက်က နိုင်ငံပိုင်မြေနှင့် အဆောက်အအုံများကို ဘိုးဘွားပိုင် ပစ္စည်းများသဖွယ် ၎င်းတို့နှင့်အဆင်ပြေသော နီးစပ်သူများကို ဈေးနှုန်းပေါပေါဖြင့် လုပ်ကိုင်ခွင့် များပေးပြီး အချို့မှာလေလံတင် ဒါစနစ်ဟု ပြောထားသော်လည်း လက်တွေ့၌ လေလံတင်ဒါစနစ် မခေါ်မီကတည်းက ပေးထားခဲ့ ခြင်းများ
လေ့လာတွေ့ရှိရ ကြောင်း ထောက်ခံဆွေးနွေးခဲ့ သည်။
‘‘တာမွေမြို့နယ် ကျိုက္ကဆံ ကွင်းရှေ့မှာရှိတဲ့ အမျိုးသားစာ ကြည့်တိုက်အတွက် ဆောက်လုပ် ထားသော အဆောက်အအုံဟာ ယခုပိုလိုကလပ်ဖြစ်သွားပါပြီ။ ယင်းအဆောက်အအုံကို မကြာ ခင်မှာ ၃၄ ထပ်အမြင့်ရှိ အဆင့် မြင့်အဆောက်အအုံဆောက်လုပ် မယ်လို့ သိရပါတယ်။ ဒီကိစ္စကို ဥပဒေနဲ့အညီ ပြန်လည်
စစ်ဆေး ဖို့၊ မညီညွတ်ရင် နိုင်ငံတော်နစ် နာဆုံးရှုံးမှု မရှိအောင် ပြန်လည် သုံးသပ်ရမှာဖြစ်ပါတယ်’’ဟု ဦးလှသိန်းက အဆိုကိုထောက်ခံ ဆွေးနွေးရာတွင် ထည့်သွင်းပြော သည်။
ထို့ပြင် လှိုင်မြို့နယ် လွှတ် တော်ကိုယ်စားလှယ်ဒေါ်ခိုင်မာ ဌေးက မိမိမြို့နယ်ရှိ အချို့စက်ရုံ များကို နှစ်ရှည်အငှားချထားခြင်း၊ အချို့စက်ရုံများကို အပြီးရောင်း
ချခြင်းများ ရှိနေပြီး ထိုသို့ငှားရမ်း ရောင်းချစဉ်က နှစ်ဦးနှစ်ဖက် ကတိက၀တ်များ၊ စည်းမျဉ်းစည်း ကမ်းများနှင့်လုပ်ဆောင်ခဲ့သော်လည်း စည်းကမ်းအတိုင်း
မလုပ်ဆောင်သည့် ပုဂ္ဂလိကလုပ်ငန်း ရှင်များလည်းရှိနေကြောင်း ဆွေး နွေးပြောသည်။
‘‘လှိုင်မှာရှိတဲ့ ဆပ်ပြာစက်ရုံဆိုရင် တခြားလုပ်ငန်းရှင်တစ်ဦးကို ငှားပြီးတော့ အဲဒီမှာပဲ ဘီပီ အိုင်ဆေးအတုထုတ်လုပ်မှု သိန်း ပေါင်းနှစ်သိန်းကျော်ကို ဖမ်းမိခဲ့
ပါတယ်’’ဟု ၎င်းကဆိုသည်။
လှိုင်တက္ကသိုလ်အားကစား ရုံကိုလည်း တစ်လလျှင် ကျပ်လေးသိန်းဖြင့် ငှားရမ်းထားသည်မှာ ကာလပေါက်ဈေးဖြင့် နှိုင်းယှဉ်ပါက အလွန်နည်းပါးနေကြောင်း ဒေါ်ခိုင်မာဌေးက ဆက်လက်ပြောသည်။ အထက်ပါ အဆိုကို ထောက်ခံဆွေးနွေးသူများကတိုင်းပြည်အတွက် အခွန်ဘဏ္ဍာ ငွေတိုးတက်ရရှိစေရန်နှင့် နိုင်ငံသူ၊ နိုင်ငံသားများ အလုပ်အကိုင် အခွင့်အလမ်းရရှိစေရန် အစိုးရအနေဖြင့် ဆောင်ရွက်သင့်ကြောင်း စသည်ဖြင့်တိုက်တွန်းဆွေးနွေးကြသည်။ သို့သော် တိုင်းဒေသကြီးအစိုးရဘက်က ပြန်လည်ဆွေးနွေးရန် အောက်တိုဘာ ၂၆ ရက်သို့ ထပ်မံရွှေ့ဆိုင်းခဲ့သည်။
‘‘ဒီအဆိုကို တိုင်းဒေသကြီး အစိုးရက ပြန်လည်ဖြေကြားဖို့ တော်တော်စဉ်းစားတဲ့ အနေအ ထားမှာ ရှိပါတယ်။ ဒီလုပ်ငန်းတွေက အစိုးရက လုပ်ကိုင်ရမယ့် အခြေအနေရောက်နေပြီ။ ဒါကြောင့် ကျွန်တော်ကအစိုးရကို လုပ်ကိုင်ဖို့ပဲ တွန်းအားပေးတိုက်တွန်းသွားမယ်’’ဟု အဆိုရှင် ဦးလှဌေးက ပြောသည်။
Credit: 7Daydaily