စက်မှုဝန်ကြီးဌာနလက် အောက်ရှိ ရပ်ဆိုင်းထားသည့်စက်ရုံ ၂၄ ရုံကို ၂၀၁၈
ဇန်နဝါရီတွင် ပြန်လည်ပတ်နိုင်ရန် စီစဉ်ထားကြောင်း အဆိုပါဝန်ကြီးဌာန
အမြဲတမ်းအတွင်းဝန် ဦးကိုကိုလွင် ကပြောသည်။
လွှတ်တော်က ယာယီရပ်ဆိုင်းထားခြင်းဖြစ်၍ စနစ်တကျ စိစစ်ကာ ပြန်လည် လည်ပတ်နိုင် ရန် ဝန်ကြီးဌာနက စီစဉ်ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။
‘‘အစိုးရလုပ်မှာထက် ပုဂ္ဂလိကနဲ့ တွဲလုပ်ဖို့ စီစဉ်ထားတာပါ။ ဒီ နှစ်ဘတ်ဂျက်ထဲမှာတော့ မမီနိုင် တော့ဘူး။ နောက်နှစ်ဘတ်ဂျက် ထဲမှာ ပါဖို့လုပ်နေတာ’’ ဟု ၎င်းကဆက်လက်ပြောသည်။
အဆိုပါစက်ရုံ ၂၄ ရုံအနက် ၁၂ ရုံကို စက်မှုဝန်ကြီးဌာနကတိုက်ရိုက်ကိုင်တွယ်မည်ဖြစ်ပြီး ကျန် ၁၂ ရုံကို ပုဂ္ဂလိကနှင့်ပူးပေါင်း ဆောင်ရွက်ရန် စီစဉ်နေကြောင်း ဦးကိုကိုလွင်က ပြောသည်။
အောက်တိုဘာ ၁၀ ရက် တွင်လွှတ်တော်က အဆိုပါစက်ရုံ များကို စစ်ဆေးခဲ့ပြီး အများစုကို အစိုးရကတိုက်ရိုက်ကိုင်တွယ်၍ မလည်ပတ်သင့်ကြောင်း အကြံပြု ခဲ့သည်ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစောမိုးမြင့်က ပြောသည်။
‘‘သာဂရမှာ စက်ရုံသုံးခုရှိ တယ်။ အင်ဂျင်ထုတ်တယ်၊ မြေ တူးစက်တွေ ယန္တရားတွေထုတ် တယ်။ ဒါက ရှုံးနေတယ်။ ဒါမဖြစ်သင့်ဘူး။ ဒါတွေ အကုန်လုံးကို အစိုးရက မလုပ်သင့်တော့ဘူး’’ ဟု ၎င်းကပြောသည်။
ထို့ကြောင့် အစိုးရက တိုက် ရိုက်ကိုင်တွယ်ခြင်းထက် ပုဂ္ဂလိက နှင့် ပူးတွဲလုပ်ဆောင်ရန် တိုက် တွန်းမည်ဟု ဦးစောမိုးမြင့်က ပြောသည်။ အမြတ်ရရှိရန် စက်ရုံများ ကို ပုဂ္ဂလိကသို့ ငှားရမ်းခြင်း၊ ပုဂ္ဂ လိကနှင့် အကျိုးတူပူးပေါင်းလုပ်
ဆောင်ခြင်းများ ဖြစ်သင့်သည်ဟု ၎င်းကဆိုသည်။
အစိုးရကလုပ်ကိုင်နေသော ကုန်ထုတ်လုပ်ငန်းစက်ရုံ အများစု မှာ အရှုံးပေါ်ပြီး နိုင်ငံအပေါ် ဝန် ထုပ်ဝန်ပိုးဖြစ်စေသလို ဈေးကွက်စီးပွားရေးစနစ်နှင့် မကိုက်ညီ၍ အရှုံးပေါ်သော စက်ရုံများ အစိုးရက မလုပ်ကိုင်ဘဲ ပုဂ္ဂလိကကို လွှဲပြောင်းသင့်ကြောင်း ပညာရှင်အချို့ကလည်း ပြောသည်။
၂၀၁၇ မတ်လက ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင်နိုင်ငံပိုင်စက်ရုံ ၄၄ ရုံကို ရပ်ဆိုင်းသင့်ကြောင်း ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းကော် မတီက တင်ပြခဲ့သည်။ ထို့နောက် လွှတ်တော်က စက်မှုဝန်ကြီးဌာန အောက်ရှိ စက်ရုံများ အပါအဝင် စက်ရုံ ၃၃ ရုံကို ရပ်ဆိုင်းရန် ဆုံး ဖြတ်ခဲ့သည်။
စက်မှုဝန်ကြီးဌာန လက်အောက်တွင် စက်ရုံ ၁၀၀ ကျော်ရှိပြီး ၆၀ ခန့်ကို
ပုဂ္ဂလိကနှင့် ပူးပေါင်းဆောင်ရွက်နေသည်။
Credit: 7Daydaily