ပျောက်ဆုံးခြင်း

ပျောက်ဆုံးခြင်း - Property News in Myanmar from iMyanmarHouse.com
18 Oct 2017 11:26 am တွင် တင်ခဲ့သည်
2835 ကြိမ် ကြည့်ရှု့ပြီး
လူတို့ဖြစ်ထွန်းရှင်သန်၍ အသိညဏ်တို့ မြင့်မား လာသော အစောပိုင်း လူ့အဖွဲ့အစည်း တို့တွင် တစ်ဦးနှင့်တစ်ဦး ယုံကြည်မှုကို သီလတရားတို့နှင့် ကတိက၀တ်ထားခဲ့ ကြသည်။ ထိုကတိက၀တ်တို့ကိုလည်း အသက်နှင့်ထပ်တူ စောင့်ထိန်းခဲ့ကြသည်။ စာရွက်စာတမ်း မှတ်တမ်းသက်သေတို့ လည်း နည်းပါးခဲ့သည်။ လေနှင့်ပြောတဲ့ စကား လေတွင်မလွင့်ပါးဘဲ အတည် အမြဲထားခဲ့ကြသည့် နှုတ်ကတိဆိုတာ ရှိ ခဲ့ကြသည်။

ပျောက်လွယ် ပျက်လွယ်သော နှုတ်ကတိစကားတို့ကို ရှေးခေတ်ရှေးအခါ က တည်မြဲဖို့ စောင့်ထိန်းခဲ့ကြပါသည်ဟု ရှေးသူဟောင်းတို့၏အကြောင်းကို ကြား သိခဲ့ရတော့ အံ့သြတကြီးဖြစ်ခဲ့ရသည်။

ယခုကာလများတွင် နှုတ်ကတိ နေနေသာသာ အခိုင်အမာမြင်သာသော စာရွက်စာတမ်းတို့ကို လက်ရောက်ရှိနေ ပါလျက် အမျိုးမျိုးချိုးဖောက်နေကြသည် ကို တွေ့နေရသည်။

ဘယ်လိုအရာမျိုးတွေကို ကတိ က၀တ်ချိုးဖောက်ဖျက်ဆီးနေကြသလဲဟု အမေးရှိလာပါက နေ့စဉ်ထုတ်သတင်းစာ တို့၏ ကြော်ငြာကဏ္ဍတို့တွင် မရိုးနိုင် အောင်တွေ့နေရသည်။

မြေယာနှင့်ပတ်သက်သော ယုံကြည်အပ်နှံခြင်းကို အလွဲသုံးစားမှုနှင့် ပတ်သက်သော၊ အဆောက်အအုံမပြီးစီး ခင် ကြိုတင်ရောင်းချထားသောအခန်းတို့ နှင့်ပတ်သက်သော စသည့်စသည့် များ ပြားလှစွာသော ကြော်ငြာတို့ကို နေ့စဉ် နှင့်အမျှ ကြေညာနေသည်ကို တွေ့မြင်နေ ရသည်။

မည်သူမှန်သည် မည်သူမှား သည်ဆိုသော အဖြေကိုတော့ ကာယကံရှင် များသာ သိကြပေလိမ့်မည်။ စတင်အသိ ပေးကြေညာသူအားလည်း အမှန်ဟု ယူဆ၍မရပါ။ လီဆယ်ကြေညာခြင်းများ လည်း ရှိနိုင်သည်။ အများသိစေရန်ကို မှားယွင်းကြေငြာထားလျှင် ကြေညာချက် ပါ ကာယကံရှင်တို့က ပြန်လည်ရှင်းလင်း ကြေညာခြင်းတို့ကိုလည်း တွေ့ရသည်။ ဦး...အမည်ပေါက် မြေကွက်နှင့်စပ် လျဉ်း၍ အများသိစေရန် ကြေညာခြင်း အား
“မမှန်ကန်ကြောင်းပြန်လည်ကြေညာခြင်း”

ရန်ကုန်တိုင်းဒေသကြီး၊.... မြို့နယ်၊ ....ကျေးရွာတွင် နေထိုင် သော ဦးညဏ်...၊ ၁၂/...(နိုင်) .....၏ လွှဲအပ်ညွှန်ကြားချက်အရ အောက်ပါအတိုင်း အများသိစေရန် ကြေညာပါသည်။

လွှဲအပ်ညွှန်ကြားသူ အမည်မပါ ရှိသည့် ....ရက်စွဲပါ ......သတင်း စာ၏ အများသိစေရန် ကြေညာချက်ပါ ရန်ကုန်မြို့၊ သာကေတမြို့နယ်၊ (၁) ရပ်ကွက်၊ မြင်တော်သာလမ်း၊ အမှတ် (....)ဟု ခေါ်တွင်သည့် အကျယ်အ၀န်း ပေ (၄၀ဩ ၆၀)၊ ဦးညဏ် အမည်ပေါက် ပိုင်ဆိုင်သော မြေကွက်အား မည်သူတစ်ဦး တစ်ယောက်ကိုမျှ ရောင်းချမည်ဟု ၀န်ခံ ကတိပြုခြင်း၊ အရောင်းအ၀ယ်အတွက် စရန်ငွေရယူခြင်း အလျဉ်းမရှိကြောင်း ကြေညာသိစေအပ်ပါသည်။

အထက်လိပ်စာပါ မြေကွက် အား ဦးညဏ်၏ အတိအလင်းခွင့်ပြု ချက် တစ်စုံတစ်ရာ ရယူခြင်းမရှိဘဲ လွှဲ ပြောင်းပေးအပ်ခြင်း၊ ရောင်းချခြင်းစသည့် စီမံဆောင်ရွက်မှုမျိုးကို ပြုလုပ်ဆောင် ရွက်သူ မည်သူမဆို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားရန် ဦးဉဏ် ၏ ညွှန်ကြားချက်အရ အများသိစေရန် အသိပေးကြေညာပါသည်””ဟု တရားလွှတ် တော်ရှေ့နေများနှင့် အထက်တန်းရှေ့နေ တို့က နိုင်ငံပိုင်စာတို့တွင် ကြော်ငြာထည့် ကြေငြာပါသည်။

ထိုကြော်ငြာပါပြီး ခုနစ်ရက်တွင် တစ်ဖက်မှ ပြန်လည်ရှင်းလင်းကြေညာ ခြင်းတို့ ပြုလုပ်လာသည်။

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ (-) ရပ်ကွက်၊.....(၂)လမ်း၊ အမှတ်(...) တွင် နေထိုင်သည့် ဦးတင်...(၁၂/... (နိုင်).....)၏ လွှဲအပ်ညွှန်ကြားချက် အရ အများသိစေရန် ရှင်းလင်းကြေညာ အပ်ပါသည်။

ကျွန်ုပ်တို့၏မိတ်ဆွေ ဦးတင် နှင့် ဦးညဏ်တို့သည် ဦးညဏ်အမည်ပေါက် အထက်ဖော်ပြပါ နေရပ်လိပ်စာ ရှိ အကျယ်အ၀န်း ဧရိယာပေ (၄၀ဩ ၆၀) မြေကွက်အပါအ၀င် အကျိုးခံစားခွင့် အားလုံးကို ဦးဉဏ်နှင့် အမွေဆိုင်များ ထံမှ ၀ယ်ယူရန် ဦးတင်နှင့် သမီးဒေါ်ရင်နှင့် ဦးဉဏ်အပါအ၀င် အမွေဆိုင်များ လက် မှတ်ရေးထိုးချုပ်ဆိုကြသည့် ငွေလက်ခံ ရရှိကြောင်း ကတိစာချုပ်တွင် တရားလွှတ် တော်ရှေ့နေများဖြစ်ကြသည့် ဦးသန်း နှင့် ဦးလှတို့က သက်သေအဖြစ် လက် မှတ်ထိုးချုပ်ဆိုပေးခဲ့သည်ကို လူကြီးမင်းတို့ ကိုယ်တိုင် သိရှိပြီးဖြစ်ပါသည်။

ထို့အပြင် ဦးတင်နှင့် ဦးညဏ် (အမွေဆိုင်များအပါအ၀င်)တို့သည် ... ရက်တွင် နှစ်ဦးသဘောတူ မြေကွက် အရောင်းအ၀ယ် စရန်ငွေပေးကတိစာချုပ် ချုပ်ဆိုကာ စရန်ငွေလက်ခံရယူခဲ့ပြီးဖြစ် ပါလျက် လူကြီးမင်းတို့ဘက်မှ ကြော်ငြာ စာတွင် စရန်ငွေများ လက်ခံရယူခြင်းမရှိ ကြောင်း စာချုပ်တွင် လက်မှတ်ရေးထိုး ပေးခဲ့ခြင်း အလျဉ်းမရှိကြောင်း ဦးသန်း ၏ ကြေညာချက်မှာ ဖြစ်ရပ်မှန်နှင့် လုံးဝ ဆန့်ကျင်လျက်ရှိပါသည်။

ဦးညဏ်မှ ဦးတင်ထံ ရောင်းချ သည့် ဦးညဏ်အမည်ပေါက် နှစ်(၆၀) မြေငှားဂရန်မူရင်းနှင့် ပိုင်ဆိုင်မှု စာချုပ် စာတမ်းများကို ဦးတင်ထံ စရန်ပေးစာချုပ် -- ရက်---လ ၂၀၁၇မှစတင်၍ (၃)လ အတွင်းပေးအပ်ပြီး ကျန်ငွေပေးချေရပါမည် ဟု ၀န်ခံကတိပြုချက်အရ ဦးတင်မှ ကျန် ငွေပေးချေရန် စောင့်ဆိုင်းနေရခြင်းဖြစ် ကြောင်း လူကြီးမင်းတို့အသိပင်ဖြစ်သည်။

သို့ဖြစ်ပါ၍ လူကြီးမင်းတို့ဘက် မှ (၃)လပြည့်သည့် --ရက်၊ --လ၊၂၀၁၇ ရက်တွင် ပိုင်ဆိုင်မှုစာချုပ်စာတမ်းမူရင်း များအားလုံး ဦးတင်ထံပေးအပ်ရမည် ဖြစ်ပြီး ဦးတင်မှ ကျန်ငွေပေးချေမည်ဖြစ် ကြောင်းနှင့် အကယ်၍ လူကြီးမင်းတို့ ဘက်မှ ကျန်ငွေလက်ခံရန် ပျက်ကွက်ခဲ့ မည်ဆိုပါက ဦးတင်မှ ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အများသိစေရန် ရှင်းလင်း ကြေညာအပ်ပါ သည်။

ထို့ပြင် စရန်ငွေများရယူခဲ့သည့် ဦးညဏ်နှင့် စာချုပ်တွင် အသိသက်သေ အဖြစ် ပါဝင်လက်မှတ်ရေးထိုးခဲ့သည့် တရားလွှတ်တော်ရှေ့နေ ဦးသန်းတို့၏ .. ... ၂၀၁၇ရက် ....သတင်းစာ ကြော်ငြာ စာမျက်နှာ(က)ပါ ကြေညာချက် ကို ဤသတင်းစာကြော်ငြာစာပါသည့်နေ့ မှစ၍ (၇)ရက်အတွင်း ပြန်လည်ရုပ်သိမ်း ပေးပါရန် ကြေညာအပ်ပါသည်။

စသော အပြန်အလှန် အသိပေး ကြော်ငြာများကို နေ့စဉ်ထုတ်သတင်းစာ များမှာ တွေ့မြင်နေရသည်။ ရောင်းရေး ၀ယ်ရာနှင့်ပတ်သက်၍လည်း ကုမ္ပဏီမှ အပ်နှင်းထားသော မန်နေဂျာတို့သည်ပင် ကုန်စည်ရောင်းရငွေတို့ကို ကုမ္ပဏီသို့ ပြန် မသွင်းဘဲ ခြေရာဖျောက်ကြသဖြင့် “အများ သိစေရန်” ဆိုပြီး သက်ဆိုင်ရာ ကုမ္ပဏီတို့က သတင်းစာတွင် ကြော်ငြာ ထည့်ပြီး ကြေညာကြရသည့်အဖြစ်တို့ နေ့စဉ်နှင့်အမျှရှိသည်။

စီးပွားရေးအခွင့်အလမ်းကောင်း တို့ကို ပေးစွမ်းနိုင်သော မြန်မာနိုင်ငံ၏ အိမ်ခြံမြေလုပ်ငန်းတို့တွင်လည်း ကတိ ကောင်းတို့ စောင့်ထိန်းသင့်ပါလျက် ဖျက်ဆီး ပျက်ကွက်ကြသဖြင့် ယုံကြည်မှုတို့ ပျောက်ဆုံးကုန်ကြသည်။

အဆောက်အအုံဆောက်လုပ်ရန် မြေရှင်နှင့် ကန်ထရိုက်တို့ သဘော တူညီပြီးကာလ သတ်မှတ်ချက်အတွင်း ပြီးစီးအောင် ဆောင်ရွက်ကြရန်ဖြစ်သော် လည်း သတ်မှတ်ချိန်အတွင်း မပြီးစီးဘဲ ဖြစ်ကြရာ အဆောက်အအုံဆောက်သည့် မြေနေရာတွင် နေထိုင်ကြသူတို့ကို ရွှေ့ ပြောင်းဖို့အတွက် စရိတ်ငွေတို့ သုံးခဲ့ရ သည်။ ကာလသတ်မှတ်ချက်အရ မပြီးစီး ဖြစ်ခဲ့လျှင် ထိုအဖိုးစားနားတို့သည် ဆုံးရှုံး ခြင်းဖြစ်ရသည်။

တစ်ခါ ကန်ထရိုက်တို့ကလည်း ၎င်းမြေနေရာတွင် အဆောက်အအုံ ဆောက်ရန်အတွက် ပုံစံပြပြီး ကြိုပွိုင့်တို့ ရောင်းကြသည်။ ထိုကြိုပွိုင့်ငွေနှင့်ပင် တည်ဆောက်ရေးလုပ်ငန်း လုပ်မည်ဖြစ် သော်လည်း ထင်မှတ်မထားသည့်က တည်ဆောက်ရေးအတွက် ငွေပင် ငွေရင်း မပြည့်မီဘဲဖြစ်ကြသည်။ ထိုအခါ ဆောက် လုပ်ရန်ရှိသော အဆောက်အအုံတို့ကို သတ်မှတ်ကာလအတွင်း ပြီးစီးအောင် မဆောင်ရွက်နိုင်ဘဲ ဖြစ်ကြသည်။ ထိုအခါ မြေရှင်နှင့် ကန်ထရိုက် အပြန်အလှန်စွပ်စွဲ မှုတို့ ဖြစ်လာသည်။

ကြိုပွိုင့်ကို ယုံကြည်စွာ ရင်းနှီးမြှုပ်နှံဝယ်ယူထားမိသော Customers တို့အနေနှင့် ထိုမြေရှင်နှင့် ကန်ထရိုက် တို့၏ ပြဿနာတွင် လက်ဝင်လျှိုရသကဲ့ သို့ ဖြစ်ကြရသည်။ နောက်ပြီး အခန်း တစ်ခန်းထဲကိုပင် နှစ်ဦးသုံးဦးကို ကြိုပွိုင့် အနေနှင့် ရောင်းချသော ကန်ထရိုက်တို့ ကြောင့် ကြိုပွိုင့်တို့အပေါ် အယုံအကြည် ကင်းလာသည်။ ကြီးမားသော ငွေကြေး ရင်းနှီးမြှုပ်နှံမှုတို့ကို ပျက်စီးအောင် ဖျက်စီး ခဲ့ကြသည်။ သူတစ်ပါးထမင်းအိုးခွဲကြရင်း ကိုယ့်ထမင်းအိုးလည်း မှောက်ခဲ့ရသည့် အဖြစ်။ အရင်းစစ်တော့ မြေရင်းပြီး နိုင်ငံ့ စီးပွားရေးလုပ်နိုင်သော အခွင့်အလမ်း သည် တနပ်စားကြံကြခြင်းဖြင့် ပျက်ယွင်း ခဲ့သည်။

တစ်ကိုယ်လုံးကျက်နပ်သည်ထိ အောင်မစောင့်တော့ အမြီးကျက်လျှင် အမြီး အရင်စားသည်။ ခေါင်းကျက်လျှင် ခေါင်းအရင်စားကြသည်။ လက်ဦးမှုအခွင့် ကောင်းရပါလျက် မရိုးသားမှုတို့ကြောင့်၊ ကတိက၀တ်တို့ကို လွယ်လွယ်ချိုးဖောက် ကြခြင်းကြောင့် ဖြစ်လာသော အကျိုး ဆက်သည် အတော်ပြင်ယူရမည့်အခြေ အနေဖြစ်နေပေသည်။

ယုံကြည်မှုပျောက်ဆုံးခြင်းကို ပြန်ရအောင် တည်ဆောက်ရသည်က လွယ်သည်မဟုတ်ပါ။ တစ်နေရာတည်း တွင်မဟုတ် နေရာတိုင်းတွင် ပျောက်ဆုံး နေသော ယုံကြည်မှုကို ကျွန်တော်တို့ နိုင်ငံသားတွေအနေနှင့် ဘယ်လိုပြန်ရ အောင်ရှာဖွေကြမည်နည်းဟူသော မေးခွန်းကိုသာ မေးရပေတော့မည်။

ဘိုးသာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...
ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...
တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...
မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...
နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...
နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...
ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...
ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
နယူးယောက်မှာ ဖောင်ဒေးရှင်း မခိုင်ဘဲ ဆောက်လုပ်ခဲ့တာကြောင့် ပေပေါင်း ၆၇၀ အမြင့်အထိ ဆောက်လုပ်ပြီးမှ စောင်းစောင်းကြီးဖြစ်သွာ
နယူးယောက်မှာ ဖောင်ဒေးရှင်း မခိုင်ဘဲ ဆောက်လုပ်ခဲ့တာကြောင့် ပေပေါင်း ၆၇၀ အမြင့်အထိ ဆောက်လုပ်ပြီးမှ စောင်းစောင်းကြီးဖြစ်သွာ
တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှ
တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှ
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း
TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
ဘီလ်ဂိတ်က အိမ်တွင် သားသမီးများ မရှိတော့ဘဲ တစ်ယောက်တည်း အထီးကျန်နေသော်လည်း ရေချိုးခန်း ၂၄ ခန်းပါ အလွန်ကြီးမားလှသည့် စံအိမ
ဘီလ်ဂိတ်က အိမ်တွင် သားသမီးများ မရှိတော့ဘဲ တစ်ယောက်တည်း အထီးကျန်နေသော်လည်း ရေချိုးခန်း ၂၄ ခန်းပါ အလွန်ကြီးမားလှသည့် စံအိမ
နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာ
နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာ
imyanmarmarket
Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service