ဝန်ထမ်းတွေအတွက် ထူးခြားတဲ့ အလုပ်လုပ်ကိုင်နိုင်မှု အခြေအနေတွေကို ဖန်တီးကမ်းလှမ်းပေးတဲ့နေရာမှာ နာမည်ကျော်လှတဲ့
အမေရိကန်နည်းပညာကုမ္ပဏီ Microsoft အနေနဲ့ ယခုအခါမှာလည်း ယင်းရဲ့ဝန်ထမ်းတွေရဲ့ တီထွင်နိုင်မှုပိုင်းအားကို မြှင့်တင်ပေးရာမှာ
အထောက်အကူဖြစ်စေမယ်ဆိုတဲ့ ထူးခြားတဲ့ သစ်ပင်အိမ်တွေကို တည်ဆောက်ပေးထားတယ်လို့ သိရပါတယ်။
စုစုပေါင်း သုံးလုံးအထိ တည်ဆောက်ဖန်တီးပေးထားတဲ့ အဆိုပါMicrosoft ရဲ့ သစ်ပင်အိမ်တွေကတော့ ယင်းရဲ့ဝန်ထမ်းတွေအတွက်
အကောင်းဆုံးစုဝေး အလုပ်လုပ်နိုင်မယ့် နေရာသစ်တွေဖြစ်သလို အားလုံးဟာလည်း outdoor meeting နေရာသစ်တွေဖြစ်တယ်လို့ ကုမ္ပဏီက ယင်းရဲ့ ဘလော့ဂ်ကနေတဆင့်
ဖော်ပြခဲ့ပါတယ်။
ယင်းသစ်ပင်အိမ် အားလုံးကိုတော့ ဧက ၅၀၀ အကျယ်ရှိMicrosoft ရဲ့ Washington campus ထဲမှာ တည်ဆောက်
ပေးထားတာဖြစ်ပြီးတော့ ယင်းတို့ကိုတော့ ၀န်ထမ်းအားလုံးအတွက် အသုံးပြုခွင့်ပေးထားတယ်လို့ ဆိုပါတယ်။ယင်းအပြင် ဒါဟာ ယင်းရဲ့ campus အတွင်းက အဆောက်အအုံ
တွေနဲ့ နည်းပညာပိုင်းအရ ချိတ်ဆက်ထားတဲ့ outdoor spacesတွေဖြစ်ကြတယ်လို့ သိရပါတယ်။
ယခုလို ထူးထူးခြားခြားဖန်တီးပေးထားတဲ့ သစ်ပင်အိမ်တွေ မှာသွားရောက်အလုပ်လုပ်ကိုင်ခြင်းနဲ့ ၀န်ထမ်းတွေအနေနဲ့ အသစ်အသစ်သော တီထွင်ဖန်တီးမှုနည်းလမ်းတွေနဲ့ လုပ်ဆောင်နိုင်ဖိုရှိနေတယ်လို့လည်း ကုမ္ပဏီက ဆိုပါတယ်။
ဒါ့အပြင် outdoor-setting ပြင်ပဖွဲ့စည်းမှုနဲ့ ပိုမိုထိတွေ့စေခြင်းက၀န်ထမ်းတွေကို သူတို့အလုပ်တွေမှာ ထုတ်လုပ်နိုင်စွမ်း၊
အာရုံစူးစိုက်နိုင်စွမ်း၊ ဖန်တီးနိုင်စွမ်းတို့ကို ထက်သန်စေတယ်ဆိုတဲ့လေ့လာချက်အပေါ် အခြေခံပြီး ယခုလို သစ်ပင်အိမ်တွေကိုတည်ဆောက်ပေးထားတာဖြစ်တယ်လို့ ကုမ္ပဏီက ထုတ်ပြန်ပါတယ်။
Credit: SFJ Strategy First