ရန်ကုန်တိုင်းမှာရှိ တဲ့ ရှေးဟောင်းအဆောက်အအုံတွေကို စီးပွားရေးဆန်ဆန် အသုံးပြုပြီး တိုင်းပြည်ဝင်ငွေကို ရှာဖွေသင့်တယ်လို့ သည်ကနေ့ ပြုလုပ်တဲ့ Rule Aquare Mall ဖွင့်ပွဲမှာ ရန်ကုန်တိုင်းမြို့တော်ဝန် ဦင်္းမောင်မောင်စိုးက ပြောပါတယ်။
‘ရှေးဟောင်းအဆောက်အအုံတွေကို စီးပွားရေးဆန်ဆန် ကော်မာရှယ်လုပ်ရပါမယ်၊ ဘုရားစေတီတို့ ၊ နန်းတော်တို့၊ ရွှေ တိဂုံတို့၊ ဆူးလေတို့ပေါ့”လို့ သူက ပြောပါတယ်။အဆောက်အအုံတွေကို စနစ်တကျ မြှင့်တင်ကာ ပြသပြီး ဝင်ငွေရှာဖို့ လိုတယ်လို့ ပြောပါတယ်။
ဒါ့အပြင် ရှေးဟောင်းအဆောက်အအုံတွေအပြင် ခေတ်မီအဆောက်အအုံတွေပါ တည်ဆောက်ပြီး တိုးတက်မှုကို ရှာသင့်တယ်လို့ ပြောပါတယ်။
အလှအပတစ်ခု၊ ပျော်ပွဲတစ်ခုထက် ခေတ်မီအဆောက်အအုံတွေက စီးပွားရေး တိုးတက်မှုကို ပိုမိုဖော်ဆောင်နိုင်တယ်လို့ ပြောပါတယ်။
“စီးပွားရေးလုပ်ငန်းတွေ များလာမယ်။ အဲဒီကနေ အလုပ်အကိုင်အခွင့်အလမ်းတွေ တိုးလာမယ်၊ ဒီလိုတိုးတက်မှုတွေကနေတစ်ဆင့် ကျွန်တော်တို့ မိုင်းဆက်တွေ ပြောင်းသွားပါမယ်၊ ကျွန်တော်တို့ exposure တွေ ရလာပါမယ်”လို့
သူက ပြောပါတယ်။
တိုးတက်မှုရဲ့ အစခြေလှမ်းတွေကို တန်ဖိုးထားရင်း အရှိန်ရလာတာနဲ့အမျှ ရန်ကုန်တိုင်းမှာနေထိုင်တဲ့သူတွေရဲ့ စီးပွားရေး၊ အလုပ်အကိုင်အခွင့်အလမ်းတွေ တိုးနိုင်တယ်လို့ ပြောပါတယ်။
Credit: The Kumudra