မန္တလေးမြို့ရဲ့အိမ်ခြံမြေအရောင်းအဈေးကွက်ကတော့ အခုအချိန်အထိ အေးနေပြီး တချို့နေရာတွေမှာ ဈေးထက်ဝက်နီးပါး လောက်ချမှ အရောင်းအ၀ယ်ဖြစ်နေတယ်လို့ သိရတယ်။
လတ်တလောမန္တလေးမြို့က ကားကြီးဝင်းနဲ့နီးပြီး ကားကြီးတွေ ထားစရာ ဂိုဒေါင်လုပ်ဖို့ လုပ်ငန်းရှင် တချို့အ၀ယ်ရှိတယ်လို့ သိရတယ်။
“ဒီနေရာက အရင်ဈေးနဲ့ အခု တစ်ဝက်လောက်တော့ ပြုတ်သွားတယ်။ အရင်ဈေးက ကျပ်သိန်း ၇၅၀-၈၀၀ လောက်အထိဖြစ်သွားတာ၊ အခုဈေးက သိန်း - ၅၅၀၊ သိန်း - ၅၀၀၊ သိန်း- ၄၅၀၊ သိန်း - ၄၀၀ လောက်လေးတွေပဲ အရောင်းအ၀ယ်ဖြစ်နေတယ်၊ အဲဒီလိုချရောင်းမှ ၀ယ်တဲ့သူက ဖြိုးဖြိုးဖြောက်ဖြောက်
ရှိတယ်” လို့ အိမ်ခြံမြေအကျိုးတော်ဆောင်တစ်ဦးဖြစ်တဲ့ ကိုဟယ်ရီက ပြောပါတယ်။
အရောင်းအ၀ယ်အခြေအနေကတော့ ၁၀၀ ရာခိုင်နှုန်းမှာ ၁၀ ရာခိုင်နှုန်းခန့်တောင် အရောင်းအ၀ယ်မရှိသေးပေမဲ့ ကျပ်သိန်း ၃၅၀၊ ကျပ်သိန်း ၄၀၀ တန်မြေကွက်တွေကိုတော့ အ၀ယ်များတယ်လို့ သိရပါတယ်။
Credit: Kumudra