ယခုတစ်ပတ်နေပြည်တော် အိမ်ခြံမြေဈေးကွက်မှာ အငှားတွေ သွက်နေတဲ့အတွက် သုံးသိန်း ၀န်းကျင်တွေ မရှိသလောက်ဖြစ်နေတယ်လို့ နေပြည်တော်အိမ်ခြံမြေဈေးကွက်က သိရပါတယ်။
မြန်မာနိုင်ငံအိမ်ခြံမြေ၀န်ဆောင်မှုအသင်း (နေပြည်တော်) မှ အတွင်းရေးမှူးဦးကျော်စွာမြင့်က “ဇမ္ဗူသီရိမြို့နယ်မှာဆိုရင် ဒီသုံးသိန်းနဲ့ ငါးသိန်းကြားဝန်းကျင်တွေ ပစ္စည်းပြတ်နေပြီ၊ ဈေးမြင့်တာတွေတော့ရှိတယ်၊ ဥတ္တရနဲ့ ပျဉ်မနားမှာတော့ပေါတာ၊ ဒါပေမဲ့ အခုလက်ရှိမှာ ဒီဘက်တွေလဲ အိမ်တောင်ပြတ်လုနီးပါးဖြစ်နေပြီ ငှားဖို့မရှိလို့” ပြောပါတယ်။
သည်လကစပြီး နေပြည်တော်အိမ်ခြံမြေဈေးကွက်မှာ အငှားရော အရော်းအ၀ယ်ပါ သွက်နေခဲ့တာဖြစ်ပါတ်ယ။ ဒါပေမဲ့ သည်တစ်ပတ်မှာတော့ အငှားပိုသွက်လာပြီး အဆောက်အအုံရှားတဲ့အထိဖြစ်နေတယ်လို့ သိရပါတ်ယ။ ကုမ္ပဏီဝန်ထမ်းတွေအငှားများနေတာဖြစ်တယ်။ သုံးသိန်း နဲ့ ငါးသိန်းကြားဝန်ကျင်ရှိ အိမ်အငှားတွေ သွက်နေတဲ့မြို့နယ်တွေကတော့ ဥတ္တရသီရိမြို့နယ်၊ ပျဉ်မနားမြို့နယ်နဲ့ ဇမ္ဗူသီရိမြို့နယ်တွေဖြစ်ပါတယ်။
လက်ရှိဇမ္ဗူသီရိမြို့နယ်မှာဆိုရင် ငှားမယ့်သူတွေရှိနေပေမဲ့လည်း အဆောက်အအုံမရှိတော့တဲ့အတွက် ဥတ္တရသီရိမြို့နယ်ဘက်ကို သွားငှားရတဲ့အနေအထားမှာ ရှိနေတယ်လို့လည်း သိရပါတယ်။ လက်ရှိအငှားဈေးကွက်မှာ လူကြိုက်များတဲ့ ဇမ္ဗူသီရိမြို့နယ်မှာ ငါးသိန်း အထက်တွေသာ ကျန်တော့တယ်လို့ သိရပါတယ်။
“ မနှစ်ကနဲ့ယှဉ်ရင်လဲ အငှားဈေးကွက်က ဒီနှစ်ပိုကောင်းတယ်။ မနှစ်က အေးတဲ့ဘက်မှာပါတယ်။ အခုကရောင်းအ၀ယ်ကလဲကောင်းတယ်၊ ဒါပေမဲ့ အငှားမှာ အခုလိုပေါ့၊ အိမ်တွေပါပြတ်တဲ့အထိ ဖြစ်လာတာ ” လို့ ဦးကျော်စွာမြင့်က ပြောပါတယ်။
Credit: Kumudra